< 2 Kings 3 >
1 After Jehoshaphat had been ruling Judah for almost 18 years, Ahab’s son Joram became the king of Israel. He ruled in Samaria [city] for twelve years.
၁ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင်၊ အာဟပ်သား ယောရံသည်ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။
2 He did things that Yahweh considered to be evil, but he did not do as much evil as his father and mother had done, and he got rid of the pillar [for worshiping] Baal which his father had made.
၂ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား၏။
3 But he committed the sins that [King] Jeroboam had committed and which led the Israeli people to sin, and he did not stop committing those sins.
၃သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ၏။
4 Mesha, the king of Moab, raised sheep. [Every year] he was forced to give 100,000 lambs and the wool from 100,000 rams to the king of Israel, [because his kingdom was controlled by the king of Israel].
၄မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ၏။
5 But after King Ahab died, Mesha rebelled against the king of Israel.
၅အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
6 So King Joram left Samaria and gathered together all his soldiers.
၆ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို စာရင်း ယူ၏။
7 Then he sent this message to Jehoshaphat, the king of Judah: “The king of Moab has rebelled against me. So will your army join my army and fight against the army of Moab?” Jehoshaphat replied, “Yes, we will help you. We are ready to do whatever you want us to. My soldiers and my horses are ready to help you.”
၇ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ် ၍၊ မောဘမင်း ကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်း ဖြစ်ကြသည်ဟု ပြန်ပြော၏။
8 He asked, “On which road shall we march to attack them?” Joram replied, “We will go [south to Jerusalem, where your army will join us. Then we will all go south of the Dead Sea, and then turn north] through the Edom Desert.”
၈အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော၏။
9 So the king of Israel [and his army] went with the kings of Judah and Edom [and their armies]. They marched for seven days. Then there was no water left for their soldiers or for their animals that carried supplies.
၉ထိုသို့ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း၍ခုနှစ်ရက် ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ။
10 The king of Israel exclaimed, “This is a terrible situation! [It seems that] Yahweh will allow the three of us to be captured by [the army of] [MTY] Moab!”
၁၀ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို၏။
11 Jehoshaphat said, “Is there a prophet here who can ask Yahweh for us [what we should do]?” One of Joram’s army officers said, “Elisha, the son of Shaphat, is here. He was Elijah’s assistant.” [IDM]
၁၁ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေး လျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက် တယောက်မျှမရှိသလောဟုမေးလျှင်၊ ဣသရေလ ရှင်ဘုရင်၏ ကျွန်တယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊
12 Jehoshaphat said, “[It will be good to ask him, because] he speaks what Yahweh tells him to say.” So those three kings went to Elisha.
၁၂ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ် တော်သည် သူ၌ရှိတော်မူသည်ဟုဆိုလျက်၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။
13 Elisha said to the king of Israel, “Why do you come to me [RHQ]? Go and ask those prophets that your father and mother consulted!” But Joram replied, “No, [we want you to ask Yahweh, because it seems that] Yahweh is going to allow us three kings to be captured by the army of Moab.”
၁၃ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရ ဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊
14 Elisha replied, “I serve Yahweh, the commander of the armies of angels in heaven. As surely as he lives, if I did not respect Jehoshaphat the king of Judah, I would not even think about doing anything to help you.
၁၄ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏ မျက်နှာ ကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။
15 But, bring a musician to me.” [So they did that]. And when the musician played [on his harp], the power of Yahweh came on Elisha.
၁၅စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီးသော အခါ၊ ထာဝရဘုရား၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊
16 He said, “Yahweh says that he will cause this dry stream-bed to be full of water.
၁၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ် လည်၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော့။
17 The result will be that your soldiers and your animals that carry supplies and your livestock will have plenty of water to drink.
၁၇အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဘို့ လေမလာ၊ မိုဃ်းမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။
18 That is not difficult for Yahweh to do. [But he will do more than that]. He will also enable you to defeat [the army of] Moab.
၁၈ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမည အမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။
19 You will conquer all their beautiful cities, cities that have high walls around them. You must cut down all their fruit trees, stop water from flowing from their springs, and ruin their fertile fields by covering them with rocks.”
၁၉သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
20 The next morning, at the time when they offered the sacrifices [of grain], they were surprised to see water flowing from Edom and covering the ground.
၂၀နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။
21 When the people of Moab heard that the three kings had come [with their armies] to fight against them, all the men who were able to fight in battles, from the youngest men to the oldest ones, were summoned, and they (took their positions/prepared to fight) at the [southern] border of their land.
၂၁ရှင်ဘုရင်တို့သည် စစ်ချီ၍ လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာ တပ်ချကြ၏။
22 But when they rose early the next morning, they saw that the water across from them appeared to be as red as blood.
၂၂နံနက်စောစောထသောအခါ၊ ရေပေါ်မှာ နေရောင်ထင်၍၊ ပြည် တဘက်၌ ရေသည်အသွေးကဲ့သို့ နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင်၊
23 They exclaimed, “It is blood! The three enemy armies must have fought and killed each other! So let’s go and take everything that they have left!”
၂၃အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တယောက်ကိုတယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟု ဆိုကြ၏။
24 But when they reached the area where the Israeli soldiers had set up their tents, the Israelis attacked the soldiers from Moab and forced them to retreat. The Israeli soldiers pursued the soldiers from Moab and killed many of them.
၂၄ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသ ရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။
25 The Israelis also destroyed their cities. And whenever they passed fertile fields, they threw rocks on those fields, until the fields were covered with rocks. They stopped water from flowing from the springs and cut down the fruit trees. Finally, only [the capital city, ] Kir-Hareseth, remained. The Israeli soldiers who threw stones with slings surrounded the city and attacked it.
၂၅မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကို ချန်ထားရာတွင်၊လောက်လွှဲ သမားတို့သည် ဝိုင်း၍ ပစ်ကြ၏။
26 When the king of Moab realized that his army was being defeated, he took with him 700 men who fought with swords, and they tried to force a way through the Israeli lines of soldiers to escape to [get help from] the king of Syria, but they were unable to escape.
၂၆မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင်။
27 Then the king of Moab took his oldest son, who would have become the next king, and killed him and offered him for a sacrifice [to their god Chemosh], burning him on top of the city wall. The Israeli soldiers were horrified, with the result that they left that city and returned to their own country.
၂၇နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့်၊ ထိုပြည်ကို ထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။