< 2 Corinthians 6 >
1 [Therefore], because I am working together with God [himself], I say this to you very strongly: God has [already] kindly [forgiven you because Christ died for you], so do not now [say] “It does not matter [if I live just to please myself].”
၁သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
2 For God said [long ago in the Scriptures]: When it is the right time [for me] to help you, [you will ask me to help you], and I will hear you. Then I will [send] a Savior to help you. [So listen to what] I am telling you: God [has sent] his Savior, so now is the time when [God is ready to] save [people from the guilt of their sins].
၂ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
3 Neither I nor the men [working] with me do anything that would hinder people from trusting in Christ, and so we cannot be accused {no one can accuse [us]} [of not] serving [God properly].
၃ငါတို့၏အလုပ်နှင့်ပတ်သက်၍အဘယ်သူမျှ အပြစ်မရှာနိုင်စေရန်ငါတို့သည်သူတစ်ပါး တို့ရှေ့၌အနှောင့်အယှက်တစ်စုံတစ်ခုကိုမျှ မပြု။-
4 Instead, in everything [that we(exc) say and do], we show [people] that we serve God faithfully. We patiently endure [all the things that happen to us. People cause us] many troubles and, as a result, we are anxious [and often do not know what to do].
၄ယင်းသို့ပြုမည့်အစားဆင်းရဲဒုက္ခများ၊ ခဲယဉ်း ကျပ်တည်းမှုများ၊ အခက်အခဲများကိုစိတ်ရှည် စွာသည်းခံလျက်ကိစ္စအဝဝတွင်ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်းကို ပေါ်လွင်စေကြ၏။-
5 Sometimes we have been beaten [and bound] {People have beaten [us and tied us]} [with] chains in prison. [Angry mobs] have attacked us, [wanting to kill us]. We have continued working [for God until we had no more strength to work]. We have had many sleepless nights, and we have [often been without food].
၅ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။-
6 [All that we think about and all that we do is] pure [in God’s sight]. Knowing [how God wants us to conduct our lives, we do what pleases him]. We are patient [with those who oppose us]. We are kind [to everyone. We depend on] the Holy Spirit [to help us]. We love people sincerely [as God wants us to love them].
၆စိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်း၊ ပညာသတိ ရှိခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်လည်းကောင်း၊ စစ်မှန်သောမေတ္တာအား ဖြင့်လည်းကောင်း၊-
7 We faithfully teach [the true] message [about Christ], and God [gives us] his power [as we teach it. Like soldiers] using weapons [MET] [in a battle], we, by [living] righteously, [defend God’s message and refute those who attack it].
၇သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
8 [We serve God faithfully], whether [people] praise us [(exc)] or [whether they] despise us, whether [people say] bad things [about us(exc)] or [whether they say] good things [about us. We keep teaching] the truth, [even though some people say that] we are deceiving [people].
၈ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။-
9 [Some people] know [well that we are true servants of God, and yet others], who know us, refuse to [believe that. People have often tried to] kill us [(inc)], yet we are still alive. We have [often] been beaten, but we have not been killed {[People have often] beaten us [(exc)], but [they] have not killed us}.
၉လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-
10 Although we [(exc)] are often very sad [because people have rejected our message], we are always joyful [because of all that God has done for us]. Even though we [(exc)] are poor, we make [it possible for] many people to be [spiritually] rich. It is true that [in this world] we [(exc)] have nothing [valuable] [HYP], but [because we belong to God’s family], all [that God has] belongs to us.
၁၀ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
11 You [fellow believers] in Corinth, [I have been] completely honest with you. [I have told you exactly how we(exc) feel about you, that] we love you very much [IDM].
၁၁ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။-
12 We are not [treating you as though we do not] love you, but you are [treating us as though you do] not love us.
၁၂စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။-
13 In return [for our loving you, will you not] love [us] [IDM] just as [much as we love you?] I am writing [to you] as if you were my own children.
၁၃သို့ဖြစ်၍ငါတို့အားတုံ့ပြန်သောအနေဖြင့် သင်တို့၏စိတ်နှလုံးတံခါးကိုကျယ်စွာဖွင့် ကြလော့။
14 Do not (team up/have a close relationship) with anyone who does not trust [in Christ. I say this] because we who [trust in Christ and do] what is right should not [RHQ] [want to do things] with wicked people. Or [to say it in another way], just like light and darkness never join together, so [those who belong to Christ and those who belong to Satan should never join together] [RHQ].
၁၄မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။-
15 There is no [RHQ] agreement of any kind between Christ and Satan. [So], believers have no [RHQ] common [spiritual] interests with unbelievers.
၁၅ခရစ်တော်သည်စာတန်နှင့်အဘယ်သို့သဘော တူနိုင်ပါအံ့နည်း။ ယုံကြည်သူသည်မယုံ ကြည်သူနှင့်အဘယ်သို့တူညီမှုရှိနိုင်ပါ မည်နည်း။-
16 [Just] as no one would [dare to bring] idols into the Temple [in Jerusalem], believers should never [RHQ] join with those who worship idols. [I say that] because [MET] [the Holy Spirit is in us, and so] we are [like] the Temple of the all-powerful God. [It is] as God himself said [in the Scriptures]: I will live in [my people]. I will always be with/helping them. [They will say to me], “You are our God,” and [I will say to them], “You are my people.”
၁၆ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
17 [In another place in the Scriptures we read that] the Lord said: Get away from those who do evil things; keep yourselves separated from them. Do [nothing sinful that would make you] unacceptable to me. Then I will welcome you [as members of my family].
၁၇သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။
18 [The Lord also said]: I will [care for you] as [MET] a loving father [cares for his children], and [it will be as though] you are my own sons and daughters. I, the all-powerful Lord, am saying this [to you].
၁၈ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။