< 1 Peter 2 >
1 Therefore, do not act maliciously in any way or deceive others. Do not (be a hypocrite/try to make others think that you have qualities that you do not really have), and do not (envy/be jealous of) others. Do not ever slander anyone.
၁ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊
2 Just like newborn babies [long for their mothers’] pure milk [MET], you should long for [God’s] spiritual [truth], so that by learning it you may become [spiritually] mature. [You need to] do this until the day when God [will] free you completely [from all the evil in this world].
၂အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊
3 [Also, you need to do this] because you have experienced that the Lord [acts in] a good way toward you.
၃ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။
4 You have come to the Lord Jesus. He is [like an important] stone [MET] [put in the foundation of a building], [but he is] alive, [not lifeless like a stone]. He was rejected by [many] people {[Many] people rejected him}, but God chose him and [considers him] to be very precious.
၄လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက်၍၊
5 [And like men] build houses with stones [MET], [God] is causing you to be joined together into a group in which [God’s] Spirit [lives], in order that you, because of what Jesus Christ did for us, might, like priests who offer sacrifices, [do things] that are pleasing to God.
၅အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ၏။
6 [What Isaiah wrote] in the Scriptures [shows us that this is true]. [He wrote these words that God said]: Note this well: I am placing in Jerusalem [MTY] [one who is like] [MET] an extremely valuable [DOU] (stone/cornerstone, the most important stone in the structure of a building), and those who believe in him will never be disappointed.
၆ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
7 Therefore, [God will] honor you who believe in [Jesus]. But those who [refuse to] believe in him [are like the builders] that this Scripture [talks about]: The stone that the builders rejected has become (the cornerstone/the most important stone in the foundation of the building).
၇သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန်၏။
8 And [it is also written] {[Isaiah wrote]} in the Scriptures: [He will be like] a stone that causes people to stumble, like a rock that people trip over. [Just as people are injured when] they stumble over a rock, people who disobey the message [about Jesus are injured spiritually], and that is what [God] determined would happen to them.
၈နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။
9 But you are people whom God has chosen [to belong to him]. You are [a group that represents God like] priests do, and you rule with God [MET] like kings. You are (a holy group of people/a group of people who are separate from evil). You are people who belong to God. This is in order that you might proclaim the virtues of [God. He has] called you from [your former ways], [when you were ignorant of his truth], into the marvelous [understanding that he gives us] [MET]. [That is, he has called you] out of [spiritual] darkness into [spiritual] light.
၉သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
10 [What the prophet Hosea wrote is true of you] Formerly, you were not a people [who had a relationship with God], But now you are God’s people. At one time [God] had not acted mercifully toward you, But now he has acted mercifully toward you.
၁၀အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ၏။
11 You people whom I love, I urge you to consider that you are like foreigners [MET, DOU] [whose real home is in heaven]. As a result, avoid doing the things that your self-directed nature desires, because those desires (fight against/always oppose) your souls.
၁၁ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
12 Keep conducting your lives in a good way among those who do not know God. [If you do that], although they may accuse you, saying that you are people who do evil things, they will see your good behavior, and at the time when God comes [to judge people], they will (give honor to him/say that what he does is right).
၁၂သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။
13 For the sake of the Lord [Jesus], submit yourselves to every human authority. That includes submitting yourselves to the king, who is the most important authority,
၁၃သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း၊
14 and to governors, who are sent by the king {whom the king sends} to punish those who do what is wrong and to commend/honor those who do what is right.
၁၄ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
15 What God wants is that by your doing [only] what is good you will cause foolish people who do not know [God] to be unable to say things ([to condemn you/to show you why you should be punished]).
၁၅အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။
16 Conduct your lives as though you were free [from having to obey authorities], but do not think “Because I am free from having to obey authorities, I can do evil things.” Instead, act as servants of God [should].
၁၆လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။
17 Act respectfully toward everyone. Love all your fellow believers. Revere God, and honor the king.
၁၇ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။
18 You slaves [who are believers], submit yourselves to your masters and completely respect them. Submit yourselves not only to those who [act in a] good and kind [DOU] way towards you, but also submit yourselves to those who [act in a] harsh way [towards you].
၁၈အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။
19 You should do that because God is pleased with those who, knowing that he is aware of what is happening to them, endure the pain that they suffer [because of being treated unjustly by their masters] {[their masters have treated them unjustly]}.
၁၉အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။
20 God will certainly not [RHQ] be pleased with you if you do something that is wrong and as a result you are beaten {someone beats you}! But if, instead of doing something that is wrong, you do what is good, and as a result of that, you suffer for doing something that is good, and you endure that suffering, God will (commend/be pleased with) you.
၂၀ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု ၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။
21 One of the reasons why God chose you is that you would [suffer]. When Christ suffered for you, he became an example for you, in order that you would (imitate what/do like) he did.
၂၁အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူ သည်ဖြစ်၍၊ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။
22 [Remember how Christ conducted himself]: He never sinned, And he never said [MTY] anything to deceive people.
၂၂ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။
23 When people insulted him, he did not insult them in return. When people caused him to suffer, he did not threaten (to get revenge/to cause them to suffer). Instead, he decided to let God, who always judges justly, prove that he (was innocent/had done nothing that is wrong) (OR, he left his case in the hands of God, who always judges justly).
၂၃အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။
24 He himself endured physically the punishment for our sins when he died on the cross, in order that we would stop sinning (OR, no longer respond to sinful desires) and start living righteous lives. It is because he was wounded {they wounded him} that your [souls have been saved] [MET] [from being sinful, as people’s bodies] are healed [from being sick].
၂၄ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။
25 Truly you were like sheep that had gone astray [SIM], but now you have returned to [Jesus], who cares for your souls [as] a shepherd [cares for his sheep] [MET].
၂၅သင်တို့သည် အထက်ကလမ်းလွှဲ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်း ဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ။