< Song of Solomon 2 >
1 I crocus [the] Sharon lily [the] valley
၁ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့်၊ ကွင်းပြင် ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။
2 like/as lily between: among [the] thistle so darling my between: among [the] daughter
၂ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။
3 like/as apple in/on/with tree [the] wood so beloved my between: among [the] son: descendant/people in/on/with shadow his to desire and to dwell and fruit his sweet to/for palate my
၃တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။
4 to come (in): bring me to(wards) house: home [the] wine and standard his upon me love
၄ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။
5 to support me in/on/with raisin bun to spread me in/on/with apple for be weak: ill love I
၅ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။
6 left his underneath: under to/for head my and right his to embrace me
၆သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။
7 to swear [obj] you daughter Jerusalem in/on/with gazelle or in/on/with doe [the] land: country if: surely no to rouse and if: surely no to rouse [obj] [the] love till which/that to delight in
၇ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။
8 voice beloved my behold this to come (in): come to leap upon [the] mountain: mount to gather upon [the] hill
၈ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။
9 to resemble beloved my to/for gazelle or to/for fawn [the] deer behold this to stand: stand after wall our to gaze from [the] window to gaze from [the] lattice
၉ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
10 to answer beloved my and to say to/for me to arise: rise to/for you darling my beautiful my and to go: went to/for you
၁၀ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
11 for behold ([the] winter *Q(K)*) to pass [the] rain to pass to go: went to/for him
၁၁ဆောင်းကာလလွန်ပြီ။ မိုဃ်းလည်းကြည်လင်ပြီ။
12 [the] flower to see: see in/on/with land: soil time [the] branch to touch and voice [the] turtledove to hear: hear in/on/with land: country/planet our
၁၂မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ၏။
13 [the] fig to spice early fig her and [the] vine blossom to give: give aroma to arise: rise (to/for you *Q(K)*) darling my beautiful my and to go: come to/for you
၁၃သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
14 dove my in/on/with cleft [the] crag in/on/with secrecy [the] steep to see: see me [obj] appearance your to hear: hear me [obj] voice your for voice your sweet and appearance your lovely
၁၄တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။
15 to grasp to/for us fox fox small to destroy vineyard and vineyard our blossom
၁၅စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။
16 beloved my to/for me and I to/for him [the] to pasture in/on/with lily
၁၆ငါချစ်ရာသခင်ကိုငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။
17 till which/that to breathe [the] day and to flee [the] shadow to turn: turn to resemble to/for you beloved my to/for gazelle or to/for fawn [the] deer upon mountain: mount cleft
၁၇မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါ ချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။