< Psalms 12 >

1 to/for to conduct upon [the] Sheminith melody to/for David to save [emph?] LORD for to cease pious for to disappear faithful from son: child man
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။
2 vanity: false to speak: speak man: anyone with neighbor his lips smoothness in/on/with heart and heart to speak: speak
လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။
3 to cut: eliminate LORD all lips smoothness tongue to speak: speak great: large
အို ထာ​ဝ​ရ​ဘု​ရား မြှောက်​ပင့်​ပြော​ဆို​တတ်​သည့်​လျှာ​များ​ကို ဖြတ်​ပစ်​တော်​မူ​ပါ။ ဝါ​ကြွား​တတ်​သူ​တို့​၏​နှုတ်​များ​ကို​လည်း ပိတ်​တော်​မူ​၏။
4 which to say to/for tongue our to prevail lips our with us who? lord to/for us
ဝါ​ကြွား​တတ်​သူ​တို့​က``ငါ​တို့​သည်​မိ​မိ​တို့​၏ စ​ကား​အား​ဖြင့်​လို​ချင်​သည့်​အ​ရာ​ကို​ရ​ရှိ ကြ​၏။ ငါ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​အ​တိုင်း​ပြော ဆို​မည်။ အ​ဘယ်​သူ​မျှ​ငါ​တို့​အား​ဆီး​တား​၍​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​ကြ​၏။
5 from violence afflicted from groaning needy now to arise: rise to say LORD to set: put in/on/with salvation to breathe to/for him
ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
6 word LORD word pure silver: money to refine in/on/with furnace to/for land: soil to refine sevenfold
ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။
7 you(m. s.) LORD to keep: guard them to watch him from [the] generation this to/for forever: enduring
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​ပင် ဘေး​လွတ်​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​ပါ။
8 around: side wicked to go: walk [emph?] like/as to exalt vileness to/for son: child man
သူ​ယုတ်​မာ​တို့​သည်​နေ​ရာ​တ​ကာ​တွင်​ရှိ​၏။ လူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို​ချီး​ကူး​ကြ​၏။

< Psalms 12 >