< Deuteronomy 3 >
1 and to turn and to ascend: rise way: road [the] Bashan and to come out: come Og king [the] Bashan to/for to encounter: toward us he/she/it and all people his to/for battle Edrei
၁ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။
2 and to say LORD to(wards) me not to fear [obj] him for in/on/with hand: power your to give: give [obj] him and [obj] all people his and [obj] land: country/planet his and to make: do to/for him like/as as which to make: do to/for Sihon king [the] Amorite which to dwell in/on/with Heshbon
၂ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ၏။
3 and to give: give LORD God our in/on/with hand: power our also [obj] Og king [the] Bashan and [obj] all people his and to smite him till lest to remain to/for him survivor
၃ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။
4 and to capture [obj] all city his in/on/with time [the] he/she/it not to be town which not to take: take from with them sixty city all cord Argob kingdom Og in/on/with Bashan
၄ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏ နိုင်ငံကို၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ၏။
5 all these city to gather/restrain/fortify wall high door and bar to/for alone: besides from city [the] villager to multiply much
၅ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
6 and to devote/destroy [obj] them like/as as which to make: do to/for Sihon king Heshbon to devote/destroy all city man [the] woman and [the] child
၆ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား မိန်းမ သူငယ်တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7 and all [the] animal and spoil [the] city to plunder to/for us
၇တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများ ရှိသမျှ တို့ကို ကိုယ်ဘို့ သိမ်းယူကြ၏။
8 and to take: take in/on/with time [the] he/she/it [obj] [the] land: country/planet from hand: power two king [the] Amorite which in/on/with side: beyond [the] Jordan from torrent: valley Arnon till mountain: mount (Mount) Hermon
၈ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင် တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ၏။
9 Sidonian to call: call by to/for (Mount) Hermon Sirion and [the] Amorite to call: call by to/for him Senir
၉ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍ ၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
10 all city [the] plain and all [the] Gilead and all [the] Bashan till Salecah and Edrei city kingdom Og in/on/with Bashan
၁၀ချိုင့်၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး၊ ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ၏။
11 for except Og king [the] Bashan to remain from remainder [the] Rephaim behold bed his bed iron not he/she/it in/on/with Rabbah son: descendant/people Ammon nine cubit length her and four cubit width her in/on/with cubit man
၁၁အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။
12 and [obj] [the] land: country/planet [the] this to possess: take in/on/with time [the] he/she/it from Aroer which upon torrent: valley Arnon and half mountain: hill country [the] Gilead and city his to give: give to/for Reubenite and to/for Gad
၁၂ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။
13 and remainder [the] Gilead and all [the] Bashan kingdom Og to give: give to/for half tribe [the] Manasseh all cord [the] Argob to/for all [the] Bashan [the] he/she/it to call: call by land: country/planet Rephaim
၁၃ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။
14 Jair son: descendant/people Manasseh to take: take [obj] all cord Argob till border: boundary [the] Geshurite and [the] Maacathite and to call: call by [obj] them upon name his [obj] [the] Bashan Havvoth-jair Havvoth-jair till [the] day: today [the] this
၁၄မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
15 and to/for Machir to give: give [obj] [the] Gilead
၁၅ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။
16 and to/for Reubenite and to/for Gad to give: give from [the] Gilead and till torrent: valley Arnon midst [the] torrent: valley and border: boundary and till Jabbok [the] torrent: river border: boundary son: descendant/people Ammon
၁၆ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17 and [the] Arabah and [the] Jordan and border: boundary from (Sea of) Chinnereth and till sea [the] Arabah sea [the] Salt (Sea) underneath: under Slopes (of Pisgah) [the] Pisgah east [to]
၁၇လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်း ငါပေး၏။
18 and to command [obj] you in/on/with time [the] he/she/it to/for to say LORD God your to give: give to/for you [obj] [the] land: country/planet [the] this to/for to possess: take her to arm to pass to/for face: before brother: compatriot your son: descendant/people Israel all son: descendant/people strength
၁၈ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည်။
19 except woman: wife your and child your and livestock your to know for livestock many to/for you to dwell in/on/with city your which to give: give to/for you
၁၉ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေး တော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင် ၎င်း၊ ယော်ဒန်မြစ်တဘက်၌ သင်တို့၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ် များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြ မည်။
20 till which to rest LORD to/for brother: compatriot your like/as you and to possess: take also they(masc.) [obj] [the] land: country/planet which LORD God your to give: give to/for them in/on/with side: beyond [the] Jordan and to return: return man: anyone to/for possession his which to give: give to/for you
၂၀သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား၏။
21 and [obj] Joshua to command in/on/with time [the] he/she/it to/for to say eye your [the] to see: see [obj] all which to make: do LORD God your to/for two [the] king [the] these so to make: do LORD to/for all [the] kingdom which you(m. s.) to pass there [to]
၂၁ထိုအခါ ယောရှုကိုလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။
22 not to fear them for LORD God your he/she/it [the] to fight to/for you
၂၂ထိုသူတို့ကို မကြောက်နှင့်။ ငါ၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
23 and be gracious to(wards) LORD in/on/with time [the] he/she/it to/for to say
၂၃ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည် ကား၊
24 Lord YHWH/God you(m. s.) to profane/begin: begin to/for to see: see [obj] servant/slave your [obj] greatness your and [obj] hand: power your [the] strong which who? God in/on/with heaven and in/on/with land: country/planet which to make: do like/as deed: work your and like/as might your
၂၄အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော် စီရင်၍ တန်ခိုးတော်ကို ပြသည်အတိုင်း၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း။
25 to pass please and to see: see [obj] [the] land: country/planet [the] pleasant which in/on/with side: beyond [the] Jordan [the] mountain: hill country [the] pleasant [the] this and [the] Lebanon
၂၅အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26 and be angry LORD in/on/with me because you and not to hear: hear to(wards) me and to say LORD to(wards) me many to/for you not to add: again to speak: speak to(wards) me still in/on/with word: thing [the] this
၂၆ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက်တော်မူသောကြောင့်၊ ငါ့စကားကို နား ထောင်တော်မမူ။ ထာဝရဘုရားကလည်း၊ တန်တော့၊ ဤအမှုနှင့်ဆိုင်သော စကားကို နောက်တဖန် မလျှောက် နှင့်။
27 to ascend: rise head: top [the] Pisgah and to lift: look eye your sea: west [to] and north [to] and south [to] and east [to] and to see: see in/on/with eye your for not to pass [obj] [the] Jordan [the] this
၂၇ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မြော်၍ ထိုပြည်ကို ကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။
28 and to command [obj] Joshua and to strengthen: strengthen him and to strengthen him for he/she/it to pass to/for face: before [the] people [the] this and he/she/it to inherit [obj] them [obj] [the] land: country/planet which to see: see
၂၈သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29 and to dwell in/on/with valley opposite Beth-peor Beth-peor
၂၉ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက်၌ ရှိသော ချိုင့်တွင် နေရကြ၏။