< 2 Chronicles 21 >

1 and to lie down: be dead Jehoshaphat with father his and to bury with father his in/on/with city David and to reign Jehoram son: child his underneath: instead him
ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သား တော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 and to/for him brother: male-sibling son: child Jehoshaphat Azariah and Jehiel and Zechariah and Azariah and Michael and Shephatiah all these son: child Jehoshaphat king Israel
ယုဒရှင်ဘုရင်ယောရှဖတ်သား၊ ယဟောရံညီဟူ မူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။
3 and to give: give to/for them father their gift many to/for silver: money and to/for gold and to/for precious thing with city fortress in/on/with Judah and [obj] [the] kingdom to give: give to/for Jehoram for he/she/it [the] firstborn
ခမည်းတော်သည်များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့ အား ပေး၏။ နိုင်ငံကိုကား၊ သားဦး ယဟောရံအား ပေး၏။
4 and to arise: rise Jehoram upon kingdom father his and to strengthen: strengthen and to kill [obj] all brother: male-sibling his in/on/with sword and also from ruler Israel
ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သော အခါ၊ ကိုယ်ကို ခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကို၎င်း၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို၎င်း၊ ထားနှင့် သတ်လေ၏။
5 son: aged thirty and two year Jehoram in/on/with to reign he and eight year to reign in/on/with Jerusalem
ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။
6 and to go: walk in/on/with way: conduct king Israel like/as as which to make: do house: household Ahab for daughter Ahab to be to/for him woman: wife and to make: do [the] bad: evil in/on/with eye: seeing LORD
အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
7 and not be willing LORD to/for to ruin [obj] house: household David because [the] covenant which to cut: make(covenant) to/for David and like/as as which to say to/for to give: give to/for him lamp and to/for son: descendant/people his all [the] day: always
သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ်နှင့်ပဋိညာဉ် ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။
8 in/on/with day his to transgress Edom from underneath: owning hand: owner Judah and to reign upon them king
ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။
9 and to pass Jehoram with ruler his and all [the] chariot with him and to be to arise: rise night and to smite [obj] Edom [the] to turn: surround to(wards) him and [obj] ruler [the] chariot
ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။
10 and to transgress Edom from underneath: owning hand: owner Judah till [the] day: today [the] this then to transgress Libnah in/on/with time [the] he/she/it from underneath: owning hand: owner his for to leave: forsake [obj] LORD God father his
၁၀သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့်၍၊
11 also he/she/it to make high place in/on/with mountain: hill country Judah and to fornicate [obj] to dwell Jerusalem and to banish [obj] Judah
၁၁ယုဒတောင်တို့ အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။
12 and to come (in): come to(wards) him writing from Elijah [the] prophet to/for to say thus to say LORD God David father your underneath: because of which not to go: walk in/on/with way: conduct Jehoshaphat father your and in/on/with way: conduct Asa king Judah
၁၂ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊
13 and to go: walk in/on/with way: conduct king Israel and to fornicate [obj] Judah and [obj] to dwell Jerusalem like/as to fornicate house: household Ahab and also [obj] brother: male-sibling your house: household father your [the] pleasant from you to kill
၁၃ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊
14 behold LORD to strike plague great: large in/on/with people your and in/on/with son: child your and in/on/with woman: wife your and in/on/with all property your
၁၄ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သား မယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။
15 and you(m. s.) in/on/with sickness many in/on/with sickness belly your till to come out: issue belly your from [the] sickness day upon day
၁၅သင့်အူသည် တနေ့ထက်တနေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။
16 and to rouse LORD upon Jehoram [obj] spirit: temper [the] Philistine and [the] Arabian which upon hand: to Ethiopian
၁၆ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့်၊
17 and to ascend: rise in/on/with Judah and to break up/open her and to take captive [obj] all [the] property [the] to find to/for house: home [the] king and also son: child his and woman: wife his and not to remain to/for him son: child that if: except if: except Ahaziah small: young son: child his
၁၇သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံး သောသား အာခဇိမှတပါး၊ တယောက်မျှမကျန်ကြွင်း။
18 and after all this to strike him LORD in/on/with belly his to/for sickness to/for nothing healing
၁၈နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။
19 and to be to/for day from day and like/as time to come out: extends [the] end to/for day: year two to come out: come belly his with sickness his and to die in/on/with disease bad: harmful and not to make to/for him people his fire like/as fire father his
၁၉ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့ သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်း အဘို့မပြု။
20 son: aged thirty and two to be in/on/with to reign he and eight year to reign in/on/with Jerusalem and to go: went in/on/with not desire and to bury him in/on/with city David and not in/on/with grave [the] king
၂၀ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ် သူမျှ မနှမြောဘဲသေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော် လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌မသင်္ဂြိုဟ်ကြ။

< 2 Chronicles 21 >