< Psalms 84 >
1 To the choirmaster on the Gittith of [the] sons of Korah a psalm. How! lovely [are] dwelling place your O Yahweh of hosts.
၁ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ကျိန်းဝပ် တော်မူရာ အရပ် ဌာနတို့သည် အလွန်နှစ်သက် ဘွယ် ဖြစ်ပါသည်တကား၊
2 It has longed and also it is exhausted - being my for [the] courts of Yahweh heart my and flesh my they shout for joy to God living.
၂ထာဝရဘုရား ၏ တန်တိုင်း တော်တို့ကို အကျွန်ုပ် ၏ဝိညာဉ် သည် တသ ၍ အားလျော့ လျက်ရှိပါ၏။ အကျွန်ုပ် နှလုံး နှင့် ကိုယ် ခန္ဓါသည် အသက် ရှင်တော်မူသော ဘုရား သခင်ကို အလိုရှိ၍ ကြွေးကြော် ပါ၏။
3 Also a bird - it has found a home and a swallow - a nest for itself which it has put young ones its with altars your O Yahweh of hosts king my and God my.
၃ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကယ် စင်စစ်ယဇ် ပလ္လင်တော်တို့ အနား မှာ စာငှက် သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက် ကို ၎င်းတွေ့ ရပါ၏။
4 How blessed! [are those who] dwell of house your still they praise you (Selah)
၄အိမ် တော်၌ နေ သောသူတို့သည် မင်္ဂလာ ရှိပါ၏။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ကြပါလိမ့်မည်။
5 How blessed! [is] a person [who] strength to him [is] in you [whom] highways [are] in heart their.
၅ကိုယ်တော် ကို အား ပြုသောသူ သည် မင်္ဂလာ ရှိပါ၏။ ထိုသို့သောသူ တို့ သည် လမ်းခရီး တော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
6 [those who] pass - In [the] valley of Baca a spring they make it also blessings it covers [it] early rain.
၆သူတို့သည် ဗာကာ လွင်ပြင် ၌ ရှောက်သွား စဉ်၊ ထို လွင်ပြင်ကို စမ်းရေ ထွက်ရာအရပ် ဖြစ် စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာ များနှင့် လွှမ်း စေပါ၏။
7 They go from strength to strength he presents himself to God in Zion.
၇သူတို့သည် အား တိုးတက်၍ ခရီးသွား လျက်၊ ဇိအုန် မြို့မှာ ဘုရား သခင့်ထံ တော်၌ မျက်နှာ ပြကြပါ၏။
8 O Yahweh God of hosts hear! prayer my give ear! O God of Jacob (Selah)
၈ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ စကားကို မှတ် တော်မူပါ။ ယာကုပ် အမျိုး၏ဘုရား သခင်၊ နားထောင် တော်မူပါ။
9 Shield our look at O God and pay attention to [the] face of anointed your.
၉အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ၊ ကြည့်ရှု တော်မူပါ။ အထံ တော်၌ ဘိသိတ် ခံသောသူ၏ မျက်နှာ ကို ထောက်ရှု တော်မူပါ။
10 For [is] good a day in courts your more than a thousand I have chosen to stand at [the] threshold in [the] house of God my more than dwelling in [the] tents of wickedness.
၁၀တန်တိုင်း တော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသောအရက်တထောင် ထက် သာ၍ကောင်း ပါ၏။ မ တရားသောသူ ၏နေရာ ၌ နေ ရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော် ၌ တံခါး စောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက် ပါ၏။
11 For [is] a sun - and a shield Yahweh God favor and honor he gives Yahweh not he withholds good to [those who] walk in blamelessness.
၁၁ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။
12 O Yahweh of hosts how blessed! [is] anyone [who] trusts in you.
၁၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံ သောသူ သည် မင်္ဂလာ ရှိပါ၏။