< Psalms 72 >
1 Of Solomon - O God judgments your to [the] king give and righteousness your to [the] son of [the] king.
၁ရှောလမုန် ကိုရည်ဆောင်၍စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ ကိုယ်တော် ၏ တရား ဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ် စွာ စီရင်ခြင်းအခွင့်ကို မင်း သား ဖြစ်သော ရှင်ဘုရင် အား ပေး သနားတော်မူပါ။
2 He will judge people your with righteousness and poor [people] your with justice.
၂ထိုမင်းသည် ကိုယ်တော် ၏ လူ တို့ကို ဖြောင့်မတ် စွာ စီရင် ၍ ၊ ကိုယ်တော် ၏ဆင်းရဲသား တို့ကို တရား ပေး ပါလိမ့်မည်။
3 They will carry mountains peace to the people and hills in righteousness.
၃တောင်ကြီးတောင် ငယ်တို့သည် တရား တော်အားဖြင့် ၊ ကိုယ်တော်၏ လူ တို့အား ချမ်းသာ ပေး ကြ ပါလိမ့်မည်။
4 He will judge - [the] poor [people] of [the] people he will save [the] children of [the] needy so he may crush [the] oppressor.
၄ထိုမင်းသည် ကိုယ်တော်၏ လူ တို့တွင် ဆင်းရဲ သားတို့ကို တရား စီရင်လျက်၊ ငတ်မွတ် သောသူတို့၏ သားသမီး များကို ကယ်မ ၍ ၊ ညှဉ်းဆဲ သောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
5 People will fear you with [the] sun and before [the] moon generation of generations.
၅နေ နှင့် လ တည် သမျှသောကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော် ကို ကြောက်ရွံ ကြပါလိမ့်မည်။
6 He will come down like rain on mown grass like copious showers dropping of [the] earth.
၆ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင် ပေါ် မှာ ရွာ သောမိုဃ်း ကဲ့သို့ ၎င်း၊ မြေ ကို စို စေ သော မိုဃ်း ပေါက်များကဲ့ သို့၎င်း ဖြစ်လိမ့်မည်။
7 He will flourish in days his [the] righteous and abundance of well-being [will be] until not [the] moon.
၇လက်ထက် တော်၌ လ သည်ပပျောက်ခြင်းသို့ မ ရောက်မှီတိုင်အောင် ၊ တရား သောသူသည် ပွင့်လန်း ၍ ချမ်းသာ များ ပြား လိမ့်မည်။
8 And may he rule from sea to sea and from [the] river to [the] ends of [the] earth.
၈ပင်လယ် တပါးမှ တပါး တိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေ စွန်း တိုင်အောင် ၎င်း အစိုးရ တော်မူ လိမ့်မည်။
9 Before him they will bow down desert-dwellers and enemies his dust they will lick up.
၉တောတွင်း သားတို့သည် ရှေ့ တော်၌ ဦးချ ၍၊ ရန်သူ တို့သည်လည်း မြေမှုန့် ကို လျက် ကြလိမ့်မည်။
10 [the] kings of Tarshish and [the] islands tribute they will pay [the] kings of Sheba and Seba a gift they will bring near.
၁၀တာရှု မင်း တို့နှင့် ပင်လယ် တဘက်၌ နေသော မင်း တို့သည ်အခွန်သွင်း ၍၊ ရှေဘ မင်း နှင့် သေဘ မင်းတို့သည် လည်း လက်ဆောင် ပဏ္ဏာများကို ဆက် ကြ လိမ့်မည်။
11 And they may bow down to him all kings all nations they will serve him.
၁၁ထိုမျှမက ရှင် ဘုရင်အပေါင်း တို့သည် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် အမှုတော် ကို ထမ်းကြလိမ့်မည်။
12 For he will deliver [the] needy [who] cries for help and [the] poor and not a helper [belongs] to him.
၁၂အကြောင်း မူကား၊ ငတ်မွတ် သောသူ အော်ဟစ် သောအခါ ၊ ထိုသူ ကို ၎င်း၊ ကိုးကွယ် ရာမ ရှိ၍ ဆင်းရဲ သောသူကို ၎င်း ချမ်းသာ ပေးတော်မူ လိမ့်မည်။
13 He will have compassion on [the] poor and [the] needy and [the] lives of needy [people] he will save.
၁၃ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူကို သနား ၍ ၊ ငတ်မွတ် သောသူတို့ ၏ အသက် ကို ကယ်တင် တော်မူလိမ့်မည်။
14 From oppression and from violence he will redeem life their and may be precious blood their in view his.
၁၄သူ တို့အသက် ကို လှည့်စား ခြင်းနှင့် ညှဉ်းဆဲ ခြင်း၏ လက်မှ ရွေးနှုတ် ၍ ၊ သူ တို့အသွေး ကို နှမြော တော်မူလိမ့် မည်။
15 And may he live and he may give to him some of [the] gold of Sheba and [may] someone pray for him continually all the day may someone bless him.
၁၅အသက် တော်တည်၍ လူများတို့သည် ရှေဘ ရွှေ ကို ဆက် ခြင်း၊ ကိုယ်တော် အဘို့ အစဉ် မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာ ချီးမွမ်းခြင်း တို့ကို ပြုကြ လိမ့်မည်။
16 May it be an abundance of grain - in the land on [the] top of [the] mountains may it wave like Lebanon fruit its and may people blossom from [the] city like [the] vegetation of the earth.
၁၆ပြည် တော်၌ များစွာ သော စပါး ရှိ၍ ၊ အသီးအနှံ သည် လေဗနုန် တောကဲ့ သို့ တောင် ထိပ် ပေါ် မှာ လှုပ်ရှား လိမ့်မည်။ မြို့ သူမြို့သားတို့သည်လည်း ၊ မြေ ၏မြက်ပင် ကဲ့သို့ စည် ပင်ကြလိမ့်မည်။
17 May it be name his for ever before [the] sun (may it increase *Q(K)*) name his and may they bless themselves by him all nations may they call blessed him.
၁၇နာမတော် သည် အစဉ် အမြဲတည် လိမ့်မည်။ နေ သည် တည်သမျှသောကာလ ပတ်လုံး နာမ တော်တိုးပွား လိမ့်မည်။ ကျေးဇူး တော်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
18 [be] blessed - Yahweh God [the] God of Israel [who] does wonders to only him.
၁၈အံ့ဘွယ် သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသောထာဝရ အရှင်ဘုရား သခင်၊ ဣသရေလ အမျိုး၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။
19 And [be] blessed - [the] name of glory his for ever and may it be filled glory his all the earth amen - and amen.
၁၉ဘုန်းကြီး သော နာမ တော်သည်လည်း အစဉ် အမြဲမင်္ဂလာ ရှိတော်မူစေသတည်း။ မြေကြီး တပြင်လုံး သည် ဘုန်း တော်နှင့်ပြည့်စုံ ပါစေသတည်း။ အာမင် နှင့် အာမင်။
20 They are finished [the] prayers of David [the] son of Jesse.
၂၀ယေရှဲ ၏ သား ဒါဝိဒ် ဆုတောင်း သော ပဌနာ စကားပြီး ၏။