< Psalms 27 >

1 Of David - Yahweh - [is] light my and salvation my from whom? will I be afraid Yahweh [is] [the] refuge of life my from whom? will I be in dread.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​လင်း၊ ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​ရ အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။
2 When drew near on me - evil-doers to devour flesh my opponents my and enemies my to me they they stumbled and they fell.
ဆိုး​ညစ်​သူ​တို့​ငါ့​ကို​သတ်​ရန်​တိုက်​ခိုက်​ကြ​သော အ​ခါ သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​၏။
3 Though it will encamp on me - a camp not it will fear heart my though it will arise on me warfare in this I [will be] trusting.
စစ်​တပ်​တစ်​တပ်​လုံး​ပင်​ငါ့​ကို​ဝိုင်း​ရံ​ထား​စေ​ကာ​မူ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ငါ​၏​ရန်​သူ​များ​က​ပင်​လျှင် ငါ့​ကို​တိုက်​ခိုက်​စေ​ကာ​မူ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​မည်။
4 One [thing] - I have asked from with Yahweh it I will seek to dwell I in [the] house of Yahweh all [the] days of life my to look on [the] kindness of Yahweh and to inquire in temple his.
ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက် ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။
5 For he will conceal me - in refuge his in a day of trouble he will hide me in [the] hiding place of tent his on a rock he will raise up me.
ဘေး​အန္တ​ရာယ်​ရောက်​သည့်​ကာ​လ ငါ့​အား​ကိုယ်​တော်​ကွယ်​ကာ​စောင့်​ရှောက်​၍ ထား​တော်​မူ​လိမ့်​မည်။ ဗိ​မာန်​တော်​တွင်​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ ဘေး​ကင်း​စေ​ရန်​ကျောက်​ဆောင်​မြင့်​ပေါ်​မှာ​တင်​၍ ထား​တော်​မူ​လိမ့်​မည်။
6 And now it will rise head my above enemies my around me and I will sacrifice in tent his sacrifices of a shout of joy I will sing and I will sing praises to Yahweh.
သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​အား​ဝိုင်း​ရံ​ထား​သည့် ရန်​သူ​များ​ကို​အောင်​မြင်​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် လျက် ဗိ​မာန်​တော်​တွင်​ယဇ်​ပူ​ဇော်​မည်။ သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​မည်။
7 Hear O Yahweh voice my I call out and show favor to me and answer me.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ ထူး​တော်​မူ​ပါ။ က​ရု​ဏာ​ထား​တော်​မူ​၍​ထူး​တော်​မူ​ပါ။
8 Of you - it has said heart my seek face my face your O Yahweh I will seek.
``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်း အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။
9 May not you hide face your - from me may not you turn aside in anger servant your help my you have been may not you abandon me and may not you forsake me O God of salvation my.
ကျွန်​တော်​မျိုး​အား​မျက်​နှာ​တော်​ကို​လွှဲ​တော် မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
10 For father my and mother my they have forsaken me and Yahweh he will receive me.
၁၀ငါ​၏​မိ​ဘ​တို့​သည်​ငါ့​အား​စွန့်​ပစ်​စေ​ကာ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​မည်။
11 Teach me O Yahweh way your and lead me in a path of level ground on account of enemies my.
၁၁အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ပြု​စေ​လို​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ လမ်း​၌ ပို့​ဆောင်​တော်​မူ​ပါ။
12 May not you give me in [the] desire of opponents my for they have arisen on me witnesses of falsehood and a witness of violence.
၁၂လိမ်​လည်​ခြိမ်း​ခြောက်​သည့်​ရန်​သူ​များ​၏​လက်​တွင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။
13 If not I had believed to look on [the] goodness of Yahweh in [the] land of living [people].
၁၃ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ငါ​သည်​ဤ​ဘ​ဝ​တွင်​တွေ့​မြင်​မည်​ဟု​ယုံ​ကြည်​၏။
14 Wait to Yahweh be strong so may it show strength heart your and wait to Yahweh.
၁၄ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။

< Psalms 27 >