< Psalms 141 >
1 A psalm of David O Yahweh I call out to you make haste! to me give ear to! voice my when call I to you.
၁အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ အလျင်အမြန်ကြွလာ တော်မူပါ။ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် ၏ စကား သံကို နားထောင် တော်မူပါ။
2 May it be established prayer my incense before you [the] raising of hands my an offering of evening.
၂အကျွန်ုပ် ၏ ပဌနာ သည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက် ကိုချီ ခြင်းသည် ညဦးယံ ပူဇော် သက္ကာ ကဲ့သို့၎င်း၊ ရှေ့ တော်၌ပြင်ဆင် လျက် ရှိပါစေသော။
3 Set! O Yahweh a guard for mouth my keep watch! over [the] door of lips my.
၃အိုထာဝရဘုရား ၊ အကျွန်ုပ် ၏နှုတ် ရှေ့ မှာ ကင်း ကို ထား တော်မူပါ။ အကျွန်ုပ် ၏နှုတ်ခမ်း တံခါး ကို စောင့် တော်မူပါ။
4 May not you turn heart my to anything - evil to practice practices - in wickedness with people [who] do wickedness and not I will eat in delicacies their.
၄ဒုစရိုက် ကိုပြု သောသူ တို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မ တရားသောအမှု ၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှါ၊ အကျွန်ုပ် ၏စိတ် နှလုံးကို မ ကောင်းသောအမှု အရာသို့ သွေးဆောင် တော်မ မူပါနှင့်။ ထိုသူ တို့၏ ခဲဘွယ် စားဘွယ်တို့ကို အကျွန်ုပ်မ စား ပါစေနှင့်။
5 Let him strike me a righteous [person] - loyalty and let him rebuke me oil of head may not it refuse head my for still and prayer my [is] on evil deeds their.
၅ဖြောင့်မတ် သောသူသည် အကျွန်ုပ် ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူး ရှိပါလိမ့်မည်။ ဆုံးမ ပါစေသော၊ အကျွန်ုပ် ဦးခေါင်း ကိုလိမ်းသောဆီ ဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ် မ ငြင်း ပါ။ ယခု မူကား၊ သူတပါး ပြုသောအဓမ္မ အမှုတဘက် ၌ ဆုတောင်း ရပါ၏။
6 They have been thrown down at [the] hands of a rock judges their and they will hear words my for they are pleasant.
၆သူ တို့၏အကဲ အမှုးတို့သည် ကျောက် တွင်း နားမှ လွတ် ၍ ၊ အကျွန်ုပ် ၏စကား ကို ကြား ရကြပါ၏။ ထို စကား လည်း ချို ပါ၏။
7 Like [one who] plows and [who] breaks up the earth they have been scattered bones our to [the] mouth of Sheol. (Sheol )
၇မြေ ပေါ် မှာထင်းကိုခုတ် ၍ ခွဲ သကဲ့သို့ ၊ မရဏာ နိုင်ငံတံခါး ဝမှာ အကျွန်ုပ် တို့၏ အရိုး များတို့သည် ကွဲပြား လျက်ရှိကြပါ၏။ (Sheol )
8 For [are] to you - (O Yahweh *L(ah+b)*) O Lord eyes my in you I take refuge may not you lay bare life my.
၈အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် မျှော်ကြည့် ပါ၏။ ကိုယ်တော်၌ခိုလှုံ ပါ၏။ အကျွန်ုပ် ၏အသက် ကို သွန်ပစ် စေတော်မ မူပါနှင့်။
9 Keep me from [the] hands of [the] trap [which] they have laid for me and [the] snares of [those who] do wickedness.
၉အကျွန်ုပ် ဘို့ ထောင် ထားကြသောကျော့ကွင်း မှ ၎င်း၊ ဒုစရိုက် ကို ပြု သောသူတို့၏ညွှတ် မှ၎င်း ၊ အကျွန်ုပ် ကို လွတ် စေတော်မူပါ။
10 Let them fall in own nets his wicked [people] together I until I will pass by.
၁၀ထိုသို့အကျွန်ုပ် သည်လွန် သွားသောအခါ ၊ မ တရားသော သူအပေါင်း တို့သည် မိမိ တို့ကျော့ကွင်း ထဲသို့ ကျ ကြပါစေသော။