< Judges 6 >

1 And they did [the] people of Israel the evil in [the] eyes of Yahweh and he gave them Yahweh in [the] hand of Midian seven years.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။-
2 And it prevailed [the] hand of Midian over Israel because of Midian they made for themselves - [the] people of Israel the dens which [are] in the mountains and the caves and the strongholds.
မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-
3 And it was if it sowed Israel and it went up Midian and Amalek and [the] people of [the] east and they went up on him.
ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။-
4 And they encamped on them and they destroyed [the] produce of the land until coming you Gaza and not they left sustenance in Israel and a sheep and an ox and a donkey.
သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။-
5 For they and livestock their they came up and tents their (and they came *Q(K)*) according to [the] abundance of locust[s] for multitude and [belonged] to them and to camels their not number and they came in the land to destroy it.
သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။-
6 And it became low Israel very because of Midian and they cried out [the] people of Israel to Yahweh.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။
7 And it was that they cried out [the] people of Israel to Yahweh on [the] causes of Midian.
ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။-
8 And he sent Yahweh a man a prophet to [the] people of Israel and he said to them thus he says Yahweh - [the] God of Israel I I brought up you from Egypt and I brought out you from a house of slaves.
သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။-
9 And I delivered you from [the] hand of Egypt and from [the] hand of all [those who] oppressed you and I drove out them from before you and I gave! to you land their.
အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-
10 And I said! to you I [am] Yahweh God your not you must fear [the] gods of the Amorite[s] whom you [are] dwelling in land their and not you have listened to voice my.
၁၀ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
11 And he came [the] angel of Yahweh and he sat under the oak which [was] in Ophrah which [belonged] to Joash [the] Abi-ezrite and Gideon son his [was] beating out wheat in the winepress to hide [it] from Midian.
၁၁ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။-
12 And he appeared to him [the] angel of Yahweh and he said to him Yahweh [is] with you O mighty [man] of strength.
၁၂ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။
13 And he said to him Gideon pardon me O lord my and there Yahweh [is] with us and why? has it found us all this and where? [are] all wonders his which they recounted to us fathers our saying ¿ not from Egypt did he bring up us Yahweh and now he has abandoned us Yahweh and he has given us in [the] hand of Midian.
၁၃ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။
14 And he turned to him Yahweh and he said go in strength your this and you will deliver Israel from [the] hand of Midian ¿ not have I sent you.
၁၄ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
15 And he said to him pardon me O Lord how? will I deliver Israel here! family my [is] the weak in Manasseh and I [am] the insignificant in [the] house of father my.
၁၅ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။
16 And he said to him Yahweh that I will be with you and you will strike down Midian like a man one.
၁၆ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
17 And he said to him if please I have found favor in view your and you will do for me a sign that you [are] speaking with me.
၁၇ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။-
18 May not please you depart from here until come I to you and I will bring out gift my and I will set [it] before you and he said I I will remain until returning you.
၁၈ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။
19 And Gideon he went and he prepared a kid of goats and an ephah of flour of unleavened bread the meat he put in the basket and the broth he put in the pot and he brought [them] out to him to under the oak and he brought [them] near.
၁၉သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။-
20 And he said to him [the] angel of God take the meat and the unleavened bread and set [them] to the rock this and the broth pour out and he did so.
၂၀ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။-
21 And he stretched out [the] angel of Yahweh [the] end of the staff which [was] in hand his and he touched the meat and the unleavened bread and it went up the fire from the rock and it consumed the meat and the unleavened bread and [the] angel of Yahweh he went from eyes his.
၂၁ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။
22 And he saw Gideon that [was] [the] angel of Yahweh it. And he said Gideon alas! O Lord Yahweh for since I have seen [the] angel of Yahweh face to face.
၂၂ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။
23 And he said to him Yahweh peace [be] to you may not you be afraid not you will die.
၂၃သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``စိတ်​အေး​ချမ်း သာ​စွာ​နေ​လော့။ မ​စိုး​ရိမ်​နှင့်။ သင်​သည်​သေ​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​သူ့​အား​မိန့်​တော်​မူ​၏။-
24 And he built there Gideon an altar to Yahweh and he called it Yahweh [is] peace until the day this still it [is] in Ophrah of [the] Abi-ezrite[s].
၂၄ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။)
25 And it was in the night that and he said to him Yahweh take [the] young bull of the ox which [belongs] to father your and [the] young bull the second seven years and you will tear down [the] altar of Baal which [belongs] to father your and the Asherah pole which [is] at it you will cut down.
၂၅ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား``သင့် ဖ​ခင်​၏​နွား​ထီး​နှင့်​အ​ခြား​ခုနစ်​နှစ်​သား​နွား​ထီး တစ်​ကောင်​ကို​ယူ​လော့။ ဗာ​လ​ဘု​ရား​အ​ဖို့​သင့် ဖ​ခင်​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ကို​ဖြို​ချ ပြီး​လျှင် ထို​ယဇ်​ပလ္လင်​၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ် သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​အ​ဖြစ်​ဖြင့်​စိုက် ထား​သည့်​သစ်​ပင်​တို့​ကို​ခုတ်​လှဲ​ပစ်​လော့။-
26 And you will build an altar to Yahweh God your on [the] top of the place of refuge this in the row and you will take the young bull second and you will offer up a burnt offering with [the] wood of the Asherah pole which you will cut down.
၂၆ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။-
27 And he took Gideon ten men from servants his and he did just as he had spoken to him Yahweh and it was since he feared [the] household of father his and [the] men of the city from acting by day and he acted night.
၂၇သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​အ​စေ​ခံ​ဆယ်​ယောက် ကို​ခေါ်​၍ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း​ပြု​စေ​သည်။ သူ​သည်​မိ​မိ အိမ်​ထောင်​စု​ဝင်​တို့​ကို​လည်း​ကောင်း၊ မြို့​သူ မြို့​သား​များ​ကို​လည်း​ကောင်း​ကြောက်​သ​ဖြင့် ဤ​အ​မှု​ကို​နေ့​အချိန်​၌​မ​ပြု​ဝံ့​ဘဲ​ည အ​ချိန်​၌​ပြု​၏။
28 And they rose early [the] men of the city in the morning and there! it was torn down [the] altar of Baal and the Asherah pole which [was] at it it was cut down and the young bull second it had been offered up on the altar which had been built.
၂၈နောက်​တစ်​နေ့​နံ​နက်​စော​စော​မြို့​သား​တို့​နိုး​ထ ကြ​သော​အ​ခါ သူ​တို့​သည်​ဗာလ​ဘု​ရား​၏​ယဇ် ပလ္လင်​နှင့်​အာ​ရှ​ရ​နတ်​သ​မီး​၏ အ​မှတ်​လက္ခ ဏာ​သစ်​ပင်​တို့​ပြို​လဲ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ယဇ်​ပလ္လင်​သစ်​တစ်​ခု​ပေါ်​တွင်​ဒု​တိ​ယ နွား​ထီး​ကို မီး​ရှို့​ပူ​ဇော်​ထား​လျက်​ရှိ​သည် ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။-
29 And they said each to neighbor his who? has he done the thing this and they investigated and they searched and they said Gideon [the] son of Joash he has done the thing this.
၂၉သူ​တို့​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သူ​ပြု​သ​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​စုံ​စမ်း​ကြည့်​ရာ ယော​ရှ​၏​သား​ဂိ​ဒေါင်​ပြု​သည့်​အ​မှု​ဖြစ် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​၏။-
30 And they said [the] men of the city to Joash bring out son your so may he die for he has torn down [the] altar of Baal and for he has cut down the Asherah pole which [was] at it.
၃၀ထို​အ​ခါ​သူ​တို့​သည်​ယော​ရှ​အား``သင်​၏ သား​ဂိ​ဒေါင်​ကို​ငါ​တို့​သတ်​နိုင်​ရန်​ခေါ်​ထုတ် လော့။ သူ​သည်​ဗာ​လ​၏​ယဇ်​ပလ္လင်​နှင့်​ယင်း ၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ်​သ​မီး​၏​အ​မှတ် လက္ခ​ဏာ​သစ်​ပင်​တို့​ကို ခုတ်​လှဲ​လိုက်​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
31 And he said Joash to all [those] who they stood on him ¿ you - will you conduct a case! for Baal or? you will you deliver! him [the one] who he will conduct a case for him he will be put to death until the morning if [is] a god he let him conduct a case for himself if someone has torn down altar his.
၃၁ယော​ရှ​သည်​မိ​မိ​ထံ​သို့​လာ​ရောက်​တောင်း​ဆို သူ​အ​ပေါင်း​တို့​အား``သင်​တို့​သည်​ဗာ​လ​ကိုယ် စား​ရှေ့​နေ​လိုက်​နေ​ကြ​ပါ​သ​လော။ သူ​၏ အ​တွက်​အ​ကွယ်​အ​ကာ​ပေး​နေ​ကြ​ပါ​သ လော။ သူ့​အ​တွက်​ရှေ့​နေ​လိုက်​သူ​မှန်​သ​မျှ သည်​နံ​နက်​ချိန်​မ​လွန်​မီ​အ​သတ်​ခံ​ရ​မည်။ အ​ကယ်​၍​ဗာ​လ​သည်​ဘု​ရား​ဖြစ်​ပါ​မူ မိ​မိ ကိုယ်​ကို​မိ​မိ​ကာ​ကွယ်​ပါ​လေ​စေ။ ဖြို​ချ​ခြင်း ခံ​ရ​သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​ပါ​၏'' ဟု​ပြော​လေ​သည်။-
32 And someone called him on the day that Jerub-Baal saying let him conduct a case against him Baal for he has torn down altar his.
၃၂ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။
33 And all Midian and Amalek and [the] people of [the] east they gathered together and they passed over and they encamped in [the] valley of Jezreel.
၃၃ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။-
34 And [the] spirit of Yahweh it clothed Gideon and he gave a blast on the ram's horn (and it was called together *L(abh)*) Abiezer after him.
၃၄ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဂိ​ဒေါင် အ​ပေါ်​၌​သက်​ရောက်​သ​ဖြင့် သူ​သည်​အ​ဗျေ​ဇာ သား​ချင်း​စု​အ​ပေါင်း​တို့​အား မိ​မိ​နောက်​သို့ လိုက်​ကြ​ရန်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လေ​၏။-
35 And messengers he sent in all Manasseh (and it was called together *L(abh)*) also it after him and messengers he sent in Asher and in Zebulun and in Naphtali and they went up to meet them.
၃၅မ​နာ​ရှေ​နယ်​မြေ​နှစ်​ရပ်​စ​လုံး​သို့​လည်း​စေ တ​မန်​များ​ကို​လွှတ်​၍ မ​နာ​ရှေ​အ​မျိုး​သား တို့​အား​မိ​မိ​နောက်​သို့​လိုက်​ကြ​ရန်​လှုံ့​ဆော်​၏။ သူ​သည်​အာ​ရှာ၊ ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​ထံ​သို့​လည်း​စေ​တ​မန်​များ​ကို​လွှတ်​လိုက် သ​ဖြင့် ထို​သူ​တို့​သည်​လည်း​သူ​၏​ထံ​သို့​လာ ရောက်​ကြ​ကုန်​၏။
36 And he said Gideon to God if there you [are] about to deliver by hand my Israel just as you have spoken.
၃၆ထို​နောက်​ဂိ​ဒေါင်​သည်​ဘု​ရား​သ​ခင်​အား``ကိုယ် တော်​သည်​အ​ကျွန်ုပ်​အား​အ​သုံး​ပြု​၍ ဣ​သ ရေ​လ​လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဆုံး​ဖြတ်​တော် မူ​ပြီး​ဖြစ်​ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏။-
37 Here! I [am] placing [the] fleece of wool on the threshing floor if dew it will be on the fleece to alone it and [will be] on all the ground dryness and I will know that you will deliver by hand my Israel just as you have spoken.
၃၇အ​ကျွန်ုပ်​သည်​ဂျုံ​စပါး​နယ်​ရာ​မြေ​တ​လင်း ပေါ်​၌ သိုး​မွေး​ကို​ချ​ထား​ပါ​မည်။ အ​ကယ်​၍ နံ​နက်​ချိန်​၌​သိုး​မွေး​အ​ပေါ်​၌​သာ​လျှင် နှင်း​ကျ​၍​မြေ​တ​လင်း​ပေါ်​၌​မ​ကျ​ခဲ့​သော် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​အ​တွက်​အ​သုံး​ပြု တော်​မူ​မည်​ကို​အ​ကျွန်ုပ်​အ​မှန်​သိ​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​၏။-
38 And it was so and he rose early from [the] next day and he squeezed out the fleece and he drained dew from the fleece [the] fullness of the bowl water.
၃၈ယင်း​သို့​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​လေ သည်။ ဂိ​ဒေါင်​သည်​နောက်​တစ်​နေ့​နံ​နက်​စော စော​ထ​၍ သိုး​မွေး​ကို​ညှစ်​ကြည့်​ရာ​နှင်း​ရည် အင်​တုံ​တစ်​လုံး​အ​ပြည့်​ရ​ရှိ​လေ​သည်။-
39 And he said Gideon to God may not it burn anger your on me and let me speak only this time let me put to [the] test please only this time by the fleece let it be please dryness to the fleece to alone it and on all the ground let it be dew.
၃၉ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် ကို​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​တစ် ကြိမ်​သာ​လျှင်​ထပ်​မံ​လျှောက်​ထား​ခွင့်​ပြု​တော် မူ​ပါ။ သိုး​မွေး​နှင့်​နောက်​တစ်​ကြိမ်​ထပ်​မံ​စမ်း သပ်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​တစ်​ကြိမ်​၌​သိုး မွေး​သည်​ခြောက်​သွေ့​လျက် မြေ​ကြီး​သည် နှင်း​စို​လျက်​နေ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။-
40 And he did God so in the night that and it was dryness to the fleece to alone it and on all the ground it was dew.
၄၀ထို​ည​၌​လည်း​ဘု​ရား​သ​ခင်​သည်​ဂိ​ဒေါင် လျှောက်​ထား​သည့်​အ​တိုင်း​ပင်​ဖြစ်​စေ​တော် မူ​၏။ နောက်​တစ်​နေ့​နံ​နက်​၌​သိုး​မွေး​သည် ခြောက်​သွေ့​လျက်​မြေ​ကြီး​မှာ​မူ​စွတ်​စို လျက်​နေ​၏။

< Judges 6 >