< 1 Chronicles 7 >
1 And to [the] sons of Issachar Tola and Puah (Jashub *Q(K)*) and Shimron four.
၁ဣသခါတွင်တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ဟူ၍သားလေးယောက်ရှိ၏။
2 And [the] sons of Tola Uzzi and Rephaiah and Jeriel and Jahmai and Jibsam and Samuel chiefs of [the] house of ancestors their of Tola mighty [men] of strength to generations their number their in [the] days of David [was] twenty and two thousand and six hundred.
၂တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။
3 And [the] sons of Uzzi Izrahiah and [the] sons Izrahiah Michael and Obadiah and Joel Isshiah five chiefs all of them.
၃သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-
4 And with them to generations their of [the] house of ancestors their troops of war of warfare thirty and six thousand for they had many wives and sons.
၄သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။
5 And relatives their to all [the] clans of Issachar mighty [men] of strength [was] eighty and seven thousand recording genealogy they of everyone.
၅အစိုးရမှတ်တမ်းများအရဣသခါ၏သား ချင်းစုထဲမှအိမ်ထောင်စုရှိသမျှတို့တွင် စစ် မှုထမ်းရန်အရည်အချင်းရှိသူလူပေါင်း ရှစ်သောင်းခုနစ်ထောင်ရှိ၏။
6 Benjamin Bela and Beker and Jediael three.
၆င်္ဗယာမိန်တွင်ဗေလ၊ ဗေခါ၊ ယေဒယေလ ဟူ၍သားသုံးယောက်ရှိ၏။
7 And [the] sons of Bela Ezbon and Uzzi and Uzziel and Jerimoth and Iri five chiefs of a house of ancestors mighty [men] of strength and recording genealogy they [was] twenty and two thousand and thirty and four.
၇ဗေလတွင်ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိ မုတ်၊ ဣရိဟူ၍သားငါးယောက်ရှိ၏။ သူတို့ သည်မိမိတို့သားချင်းစုထဲတွင်အိမ်ထောင် ဦးစီးများ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲ များဖြစ်ကြ၏။ သူတို့၏သားမြေးများထဲ တွင်စစ်မှုထမ်းရန်အရည်အချင်းပြည့်သူ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက် ရှိ၏။
8 And [the] sons of Beker Zemirah and Joash and Eliezer and Elioenai and Omri and Jeremoth and Abijah and Anathoth and Alemeth all these [were] [the] sons of Beker.
၈ဗေခါတွင်ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိ သြနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာန သုတ်၊ အာလမက်ဟူ၍သားကိုးယောက်ရှိ၏။-
9 And recording genealogy they to generations their chiefs of [the] house of ancestors their mighty [men] of strength [was] twenty thousand and two hundred.
၉အစိုးရမှတ်တမ်းအရသူတို့၏သားမြေး များတွင် အိမ်ထောင်စုအလိုက်စစ်မှုထမ်းရန် အရည်အချင်းပြည့်သူများမှာ လူပေါင်း နှစ်သောင်းနှစ်ရာယောက်ရှိ၏။
10 And [the] sons of Jediael Bilhan and [the] sons of Bilhan (Jeush *Q(K)*) and Benjamin and Ehud and Kenaanah and Zethan and Tarshish and Ahishahar.
၁၀ယေဒယေလတွင်ဗိလဟန်ဟူသောသား တစ်ယောက်ရှိ၏။ ဗိလဟန်တွင်ယုရှ၊ င်္ဗယာမိန်၊ ဧဟုတ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိ ရှဟာဟူ၍သားခုနစ်ယောက်ရှိ၏။-
11 All these [were] [the] sons of Jediael to [the] chiefs of the fathers mighty [men] of strength seven-teen thousand and two hundred [those who] went forth of war for battle.
၁၁သူတို့အားလုံးသည်မိမိတို့သားချင်းစု ထဲမှအိမ်ထောင်ဦးစီးများ၊ ထင်ပေါ်ကျော် စောသောစစ်သူရဲများဖြစ်ကြ၏။ သူတို့ ၏သားမြေးများတွင်စစ်မှုထမ်းရန်အရည် အချင်းပြည့်သူလူပေါင်းတစ်သောင်းခုနစ် ထောင့်နှစ်ရာယောက်ရှိသည်။-
12 And Shuppim and Huppim [were] [the] sons of Ir Hushim [were] [the] sons of Aher.
၁၂ရှုပိမ်နှင့်ဟုပိမ်တို့သည်လည်းဤအနွယ်စု တွင်ပါဝင်ကြသတည်း။ ဒန်တွင်ဟုရှိမ်ဟူသောသားတစ်ယောက်ရှိ၏။
13 [the] sons of Naphtali Jahziel and Guni and Jezer and Shallum [the] sons of Bilhah.
၁၃နဿလိတွင်ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံ ဟူ၍သားလေးယောက်ရှိ၏။ (သူတို့သည် ဗိလဟာ၏သားမြေးများဖြစ်သတည်း။)
14 [the] sons of Manasseh Asriel whom she bore concubine his Aramean she bore Makir [the] father of Gilead.
၁၄မနာရှေသည်အာရမိအမျိုးသမီးမယား ငယ်နှင့်ရသောသားနှစ်ယောက်မှာ အာသရေလ နှင့်မာခိရဖြစ်၏။ မာခိရ၏သားသည်ဂိလဒ် ဖြစ်၏။-
15 And Makir he took a wife for Huppim and for Shuppim and [the] name of sister his [was] Maacah and [the] name of the second [son] [was] Zelophehad and they belonged to Zelophehad daughters.
၁၅မာခိရသည်ဟုပိမ်နှင့်ရှုပိမ်တို့အတွက်အိမ် ထောင်ဖက်များကိုရှာ၍ပေး၏။ သူ့နှမ ၏နာမည်မှာမာခါဖြစ်၏။ မာခိရ၏ဒုတိယ သားမှာဇလောဖတ်ဖြစ်၍ထိုသူ၌သမီး များသာလျှင်ရှိလေသည်။
16 And she bore Maacah [the] wife of Makir a son and she called name his Peresh and [the] name of brother his Sheresh and sons his [were] Ulam and Rekem.
၁၆မာခိရ၏ဇနီးမာခါသည်သားနှစ်ယောက် ကိုဖွားမြင်လေသည်။ သူတို့အားပေရက်နှင့် ရှေရက်ဟုနာမည်မှည့်၏။ ပေရက်တွင်ဥလံ နှင့်ရေကင်ဟူသောသားနှစ်ယောက်ရှိ၏။-
17 And [the] sons of Ulam Bedan these [were] [the] descendants of Gilead [the] son of Makir [the] son of Manasseh.
၁၇ဥလံတွင်ဗေဒန်နာမည်တွင်သောသားတစ် ယောက်ရှိလေသည်။ ဤသူတို့ကားမာခိရ ၏သား၊ မနာရှေ၏မြေးဂိလဒ်မှဆင်းသက် လာသူများဖြစ်ကြ၏။
18 And sister his Hammoleketh she bore Ishhod and Abiezer and Mahlah.
၁၈ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
19 And they were [the] sons of Shemida Ahian and Shechem and Likhi and Aniam.
၁၉(ရှမိဒတွင်အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံဟူ၍သားလေးယောက်ရှိ၏။)
20 And [the] descendants of Ephraim Shuthelah and Bered son his and Tahath son his and Eleadah son his and Tahath son his.
၂၀အဖနှင့်သားနာမည်များအစဉ်အလိုက် အရ ဧဖရိမ်၏သားမြေးစာရင်းမှာဧဖရိမ်၊ ရှုသေလ၊ ဗေရက်၊ တာဟတ်၊ ဧလာဒ၊ တာဟတ်၊-
21 And Zabad son his and Shuthelah son his and Ezer and Elead and they killed them [the] men of Gath who were born in the land for they went down to take livestock their.
၂၁ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။-
22 And he mourned Ephraim father their days many and they came brothers his to comfort him.
၂၂ဖခင်ဖြစ်သူဧဖရိမ်သည်သားနှစ်ယောက် အတွက် ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်နေသဖြင့် သူ၏ညီအစ်ကို များလာရောက်၍သူ့အားနှစ်သိမ့်ကြ၏။-
23 And he went into wife his and she conceived and she bore a son and he called name his Beriah for in distress it was in house his.
၂၃ထိုနောက်သူသည်မိမိ၏ဇနီးနှင့်ကိုယ်လက် နှီးနှောပြန်သဖြင့် ဇနီးသည်တွင်ကိုယ်ဝန် ရှိ၍သားတစ်ယောက်ကိုဖွားမြင်လေသည်။ သူတို့သည်မိမိတို့အိမ်ထောင်သို့ဆိုက်ရောက် ခဲ့သောဒုက္ခကိုအကြောင်းပြု၍ထိုသား အားဗေရိယဟုနာမည်မှည့်ကြ၏။
24 And daughter his [was] Sheerah and she built Beth Horon lower and upper and Uzzen Sheerah.
၂၄ဧဖရိမ်တွင်ရှေရနာမည်တွင်သောသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန် မြို့နှင့်သြဇင်ရှေရမြို့တို့ကိုတည်ထောင် သူဖြစ်၏။
25 And Rephah son his and Resheph (son his *X*) and Telah son his and Tahan son his.
၂၅ဧဖရိမ်တွင်ရေဖဟုနာမည်တွင်သော သားတစ်ယောက်ရှိ၏။ သူ၏သားမြေးများ မှာရေရှပ်၊ တေလ၊ တာဟန်၊ လာဒန်၊ အမိ ဟုဒ်၊ ဧလိရှမာ၊ နုန်၊ ယောရှုတို့ဖြစ်ကြ၏။
26 Ladan son his Ammihud son his Elishama son his.
၂၆
27 Nun son his Joshua son his.
၂၇
28 And possession their and dwelling places their [were] Beth-el and daughters its and to the east Naaran and to the west Gezer and daughters its and Shechem and daughters its to Ayyah and daughters its.
၂၈သူတို့သိမ်းယူ၍အခြေစိုက်နေထိုင်ကြ သည့်နယ်မြေတွင်အရှေ့သို့လားသော်နာရန် မြို့အထိ၊ ထိုမြို့နှင့်ဗေသလမြို့နှင့်အနီး တစ်ဝိုက်ရှိမြို့များ၊ အနောက်သို့လားသော် ဂေဇာမြို့အထိ၊ ထိုမြို့နှင့်အနီးတစ်ဝိုက် ရှိမြို့များပါဝင်၏။ ရှေခင်မြို့၊ အာရမြို့နှင့် ယင်းတို့၏အနီးတစ်ဝိုက်ရှိမြို့များလည်း ပါ၏။
29 And on [the] hands of [the] descendants of Manasseh Beth Shan and daughters its Taanach and daughters its Megiddo and daughters its Dor and daughters its in these they dwelt [the] descendants of Joseph [the] son of Israel.
၂၉မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။ ဤမြို့တို့သည်ယာကုပ်၏သားဖြစ်သူ ယောသပ်၏သားမြေးတို့နေထိုင်ရာဖြစ် သတည်း။
30 [the] sons of Asher Imnah and Ishvah and Ishvi and Beriah and Serah [was] sister their.
၃၀အာရှာ၏သားမြေးများမှာအောက်ပါ အတိုင်းဖြစ်၏။ အာရှာတွင်ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယဟူသောသားလေးယောက် နှင့်စေရဟူသောသမီးတစ်ယောက်ရှိ၏။
31 And [the] sons of Beriah Heber and Malkiel he [was] [the] father (Birzaith. *Q(K)*)
၃၁ဗေရိယတွင်ဟေဗာနှင့်မာလကျေလ ဟူသောသားနှစ်ယောက်ရှိ၏။ (မာလကျေလ သည်ဗိရဇာဝိတ်မြို့ကိုတည်ထောင်သည်။)
32 And Heber he fathered Japhlet and Shomer and Hotham and Shua sister their.
၃၂ဟေဗာတွင်ယာဖလက်၊ ရှောမာ၊ ဟောသံဟူ သောသားသုံးယောက်နှင့်ရှုအာဟူသော သမီးတစ်ယောက်ရှိ၏။
33 And [the] sons of Japhlet Pasach and Bimhal and Ashvath these [were] [the] sons of Japhlet.
၃၃ယာဖလက်တွင်ပါသက်၊ ဗိမဟာလ၊ အာရှဝတ်ဟူ၍သားသုံးယောက်ရှိ၏။
34 And [the] sons of Shemer Ahi (and Rohgah and Hubbah *Q(K)*) and Aram.
၃၄ယာဖလက်၏ညီရှောမာတွင်ရောဂ၊ ယေဟုဗ္ဗ၊ အာရံဟူ၍သားသုံးယောက်ရှိ၏။
35 And [the] son of Helem brother his Zophah and Imna and Shelesh and Amal.
၃၅သူ၏ညီငယ်ဟောသံတွင်ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလဟူ၍သားလေးယောက်ရှိ၏။
36 [the] sons of Zophah Suah and Harnepher and Shual and Beri and Imrah.
၃၆ဇောဖ၏သားမြေးများမှာသုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊-
37 Bezer and Hod and Shamma and Shilshah and Ithran and Beera.
၃၇ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတို့ ဖြစ်၏။
38 And [the] sons of Jether Jephunneh and Pispah and Ara.
၃၈ယေသာ၏သားမြေးများမှာယေဖုန္န၊ ပိသပ၊ အာရတို့ဖြစ်၏။-
39 And [the] sons of Ulla Arah and Hanniel and Rizia.
၃၉ဥလ္လ၏သားမြေးများမှာအာရ၊ ဟံယေလ၊ ရေဇိယတို့ဖြစ်သတည်း။
40 All these [were] [the] descendants of Asher [the] chiefs of [the] house of the ancestors chosen mighty [men] of strength [the] chiefs of the leaders and recording genealogy they in the army in battle number their [was] men twenty and six thousand.
၄၀ဤသူအပေါင်းတို့သည်အာရှာ၏သားမြေး များဖြစ်ကြ၏။ သူတို့သည်အိမ်ထောင်ဦးစီး များ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲများ၊ ထူးချွန်သောခေါင်းဆောင်များဖြစ်ပေသည်။ သူတို့တွင်စစ်မှုထမ်းရန်အရည်အချင်း ရှိသူလူပေါင်းနှစ်သောင်းခြောက်ထောင်ရှိ သတည်း။