< Psalms 150 >

1 Praise ye Yah, Praise ye GOD in his sanctuary, Praise him, in his strong expanse:
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​လော့။ ကောင်း​ကင်​ထက်​တွင်​ကိုယ်​တော်​၏​တန်​ခိုး​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
2 Praise him, for his mighty deeds, Praise him, according to his exceeding greatness:
ကိုယ်​တော်​ပြု​တော်​မူ​သည့်​မ​ဟာ အ​မှု​တော်​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ အ​လွန်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ ထော​မ​နာ​ပြု​ကြ​လော့။
3 Praise him, with the blast of a horn, Praise him, with the harp and lyre:
တံ​ပိုး​ခ​ရာ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​ကြီး​စောင်း​ငယ်​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
4 Praise him, with timbrel and dance, —Praise him, with stringed instrument and flute,
ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
5 Praise him, with cymbals of clear tone, —Praise him, with cymbals of loud clang:
သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
6 Let, every breathing thing, praise Yah, Praise ye Yah!
သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့်​ရှင်​အာ​သပ်​အ​စ​ရှိ​သော ပ​ရော​ဖက်​များ​တို့​ရေး​ထား​သော​ဆာ​လံ​ကျမ်း ပြီး​၏။

< Psalms 150 >