< Numbers 32 >

1 Now, much cattle, had come into the possession of the sons of Reuben and of the sons of Gad, an exceeding mighty number. And when they saw the land of Jazer and the land of Gilead, lo! the place, was a place for cattle.
ရုဗင် အမျိုးသား နှင့် ဂဒ် အမျိုးသား တို့သည် အလွန် များပြားသော တိရစ္ဆာန် တို့နှင့် ကြွယ်ဝ သည်ဖြစ်၍၊ ယာဇာ ပြည် ၊ ဂိလဒ် ပြည် တို့၌ တိရစ္ဆာန် ကျက်စားစရာဘို့ ကောင်းသည်ကို မြင် ကြလျှင် ၊
2 So the sons of Gad and the sons of Reuben came in, —and spake unto Moses and unto Eleazar the priest, and unto the princes of assembly, saying,
မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ် တို့တွင် မင်း များတို့ထံသို့ လာ ၍ ၊
3 As touching Ataroth and Dibon, and Jazer and Nimrah, and Heshbon, and Elealeh, —and Sebam and Nebo, and Beon-
အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော၊
4 the land which Yahweh smote before the assembly of Israel, a land for cattle, it is, —and, thy servants, have cattle.
ဣသရေလ ပရိသတ် ရှေ့မှာ ထာဝရဘုရား လုပ်ကြံ တော်မူသော ဤပြည် သည် တိရစ္ဆာန် နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန် တို့၌ လည်း တိရစ္ဆာန် များပြားပါ၏။
5 And they said—If we have found favour in thine eyes, let this land be given unto thy servants, for a possession, —do not take us over the Jordan.
သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့ တော်၌ မျက်နှာရ လျှင် ၊ ဤ ပြည် ကို ကိုယ်တော် ကျွန် တို့အား အပိုင်ပေး တော်မူပါ။ ကျွန်တော် တို့ကို ယော်ဒန် မြစ်တဘက်သို့ ပို့ဆောင် တော်မ မူပါနှင့်ဟု လျှောက် ကြ၏။
6 Then said Moses unto the sons of Gad and unto the sons of Reuben, —Shall, your brethren, go into the war, and ye, settle down here?
မောရှေ ကလည်း ၊ သင်တို့သည် ဤ အရပ်၌ နေရစ် ၍၊ သင် တို့ညီအစ်ကို များတို့သည် စစ်တိုက် သွား ရမည်လော။
7 Wherefore, then, should ye dissuade the heart of the sons of Israel, from passing over into the land which Yahweh hath given to them?
ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မကူး မသွားမည် အကြောင်း၊ သူတို့စိတ် ကို အဘယ်ကြောင့် ဖျက် ကြသနည်း။
8 Thus, did your fathers, —when I sent them from Kadesh-barnea, to view the land,
ပြည် တော်ကို ကြည့်ရှု စေခြင်းငှါ ၊ သင် တို့အဘ တို့ကို ကာဒေရှဗာနာ အရပ်က ငါ စေလွှတ် သောအခါ ထိုသို့ ပြု ကြ၏။
9 and they went up as far as the ravine of Eschol, and viewed the land, and then dissuaded the heart of the sons of Israel from entering into the land, which Yahweh had given them.
ဧရှကောလ ချောင်း သို့ သွား ၍ ပြည် တော်ကို ကြည့် မြင်ပြီးမှ၊ ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မ သွား မည်အကြောင်းသူတို့စိတ် ကို ဖျက် ကြ၏။
10 Then was the anger of Yahweh kindled on that day, —and he sware, saying:
၁၀ထိုအခါ ထာဝရဘုရား သည် အမျက် တော်ထွက် လျက်၊ အကယ်စင်စစ်အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ် တို့ အား ငါကျိန်ဆို ၍ ပေးသောပြည် ကို၊ အဲဂုတ္တု ပြည်မှ ထွက်လာ သောသူတို့တွင် ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အဘယ်သူမျှငါ့ နောက်သို့ လုံးလုံးမ လိုက်သောကြောင့် ၊ အသက် နှစ်ဆယ် လွန် သောသူ တစုံတယောက်မျှ မ မြင် ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရား နောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆို တော်မူ၏။
11 Surely none of the men that came up out of Egypt from twenty years old and upwards, shall see the soil, which I sware unto Abraham, unto Isaac and unto Jacob, because they have not followed after me fully;
၁၁
12 save Caleb son of Jephunneh, the Kenezite, and Joshua, son of Nun, —for they followed after Yahweh, fully.
၁၂
13 So the anger of Yahweh kindled upon Israel, and he made them wander in the desert, forty years, —until all the generation who had done the evil in the eyes of Yahweh, had wasted away!
၁၃ထိုသို့ ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှု ကို ပြု သောလူအပေါင်း တို့သည် မ ပျက်စီး မှီတိုင်အောင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို အမျက် ထွက် ၍ အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် စေ တော်မူ၏။
14 Lo! therefore, ye have arisen in the room of your fathers, a brood of sinful men, —to heap up yet more upon the heat of the anger of Yahweh, towards Israel.
၁၄ယခုမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာ အမျက် တော်ထွက်စေမည် အကြောင်း၊ သာ၍ ဆိုး သောသူတည်းဟူသောသင်တို့သည် သင် တို့အဘ များကိုယ်စား ပေါ်ထ ကြပြီတကား။
15 If ye do turn away from following him, then will he yet again leave them behind in the desert, —so shall ye bring destruction upon all this people.
၁၅သင်တို့သည် နောက် တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင် ၊ တဖန် ဣသရေလအမျိုးသားတို့ကို တော ၌ စွန့်ပစ် တော်မူသဖြင့် ၊ သင်တို့သည် ဤ လူမျိုး အပေါင်း ကို ဖျက်ဆီး ကြလိမ့်မည်ဟု ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား တို့ အား ပြန်ပြော ၏။
16 Then came they near unto him, and said, Folds, for flocks, would we build for our cattle, here, —and cities for our little ones;
၁၆ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ် ၍၊ ကျွန်တော်တို့သည် ကျွန်တော် တို့ တိရစ္ဆာန် များအဘို့ ဤ အရပ်၌ သိုး ခြံတို့ကို၎င်း ၊ ကျွန်တော် တို့ သူငယ် များ အဘို့ မြို့ တို့ကို၎င်းတည် ပါမည်။
17 but, we, would arm ourselves promptly, before the sons of Israel, until that we have brought them into their place, —so should our little ones remain in the fortified cities, because of the inhabitants of the land.
၁၇သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူ တို့ နေရာ အရပ်သို့ မ ပို့ မဆောင်မှီတိုင်အောင်၊ ကျွန်တော်တို့သည် လက်နက် ကိုင်လျက် သူတို့ရှေ့မှာ သွား ပါမည်။ ဤပြည် ၌ ကျန်ကြွင်း သေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ် များသည် ခိုင်ခံ့ သောမြို့ ၌ နေ ရပါမည်။
18 We would not return unto our houses, —until the sons of Israel have possessed themselves each man, of his inheritance.
၁၈ဣသရေလ အမျိုးသား အပေါင်းတို့သည် အမွေ ခံရသောမြေကို မ ဝင်စား မှီတိုင်အောင်ကျွန်တော်တို့သည် ကိုယ် အိမ် သို့ မ ပြန် မလာပါ။
19 For we would not inherit with them, over the Jordan, and onwards, —because our inheritance hath come unto us on this side the Jordan towards sunrise.
၁၉ကျွန်တော်တို့သည် ယော်ဒန် မြစ်တဘက် ၌ သူ တို့ နှင့်အတူ အမွေ ကို မ တောင်းမခံပါ။ ကျွန်တော် တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
20 And Moses said unto them, If ye will indeed do this thing, —if ye will arm yourselves, before Yahweh, for the war;
၂၀မောရှေ ကလည်း ၊ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား ရှေ့ တော်၌ လက်နက် ကိုင်လျက် စစ်တိုက် သွား လျှင် ၎င်း၊
21 and every armed man of you pass over the Jordan before Yahweh, —until he hath dispossessed his enemies, from before him;
၂၁ထာဝရဘုရားသည် ရန်သူ တို့ကို ရှေ့ တော်မှ နှင်ထုတ် ၍ ထိုပြည် ကို အောင် တော်မ မူမှီတိုင်အောင်၊
22 and the land be subdued before Yahweh then afterwards, shall ye return, and shall be acquitted by Yahweh and by Israel, —and this land shall be yours for a possession before Yahweh.
၂၂သင် တို့ရှိသမျှ သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယော်ဒန် မြစ်တဘက်သို့ ကူး သွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရား ရှေ့၊ ဣသရေလ အမျိုးသားရှေ့၌အပြစ် ကင်းလွတ်လျက်၊ ဤ ပြည် သို့ ပြန်လာ ၍ ထာဝရဘုရား အခွင့်နှင့် အမွေ ခံရ ကြမည်။
23 But, if ye shall not do this, lo! ye will have sinned against Yahweh, —and take note of your sin, that it will find you out.
၂၃ထိုသို့မ ပြု လျှင် မူကား ၊ သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား ခြင်းရှိသည်အတိုင်း ၊ ထိုအပြစ် သည် သင် တို့ကို လိုက် ၍ မှီလိမ့်မည်။
24 Build you cities for your little ones, and folds for your flocks, —and then that which hath gone forth from your mouth, ye shall do.
၂၄သူငယ် များအဘို့ မြို့ တို့ကို၎င်း ၊ သိုး များအဘို့ သိုးခြံ တို့ကို၎င်း၊ တည် လုပ်ကြလော့။ ယခုပြော သမျှ အတိုင်း ပြု ကြလော့ဟုဆိုလျှင်၊
25 Then spake the sons of Gad, and the sons of Reuben unto Moses, saying, —thy servants, will do, as, my lord, is giving command.
၂၅ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုး တို့က၊ ကိုယ်တော် ကျွန် တို့သည် သခင် မိန့် တော်မူသည်အတိုင်း ပြု ပါမည်။
26 Our little ones, our wives, our cattle, and all our beasts, shall remain there in the cities of Gilead;
၂၆ကျွန်တော် တို့ မယား သားသူငယ် များနှင့် သိုး နွား အလုံးစုံ တို့သည် ဤ အရပ်၊ ဂိလဒ် မြို့ တို့၌ နေရစ် ရပါမည်။
27 and thy servants, will pass over every one armed for war, before Yahweh to battle, —as, my lord is speaking.
၂၇ကိုယ်တော် ကျွန် အပေါင်းတို့မူကား ၊ သခင် မိန့် တော်မူသည်အတိုင်း ၊ လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ စစ်တိုက် ခြင်းငှါကူး သွားပါမည်ဟု လျှောက်ထား ကြ၏။
28 So Moses gave command concerning them, unto Eleazar the priest and unto Joshua son of Nun, and unto the heads of the fathers of the tribes, of the sons of Israel;
၂၈ထိုအမှုကြောင့်၊ မောရှေ သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီး များတို့ကို ခေါ် ၍ ၊
29 and Moses said unto them—If the sons of Gad and the son of Reuben will pass with you over the Jordan, every one armed for the war before Yahweh, and the land be subdued before you, then shall ye give unto them the land of Gilead, for a possession.
၂၉ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့သည် စစ်တိုက်ခြင်းငှါအသီးအသီးလက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ သင် တို့နှင့်အတူ ယော်ဒန် မြစ်တဘက် သို့ ကူး သွား၍၊ သင်တို့သည် ထိုပြည် ကို အောင် ပြီးလျှင် ၊ ထိုအမျိုးသား တို့အား ဂိလဒ် ပြည် ကို အပိုင် ပေး ရကြမည်။
30 But, if they will not pass over armed, with you, then shall they accept a possession in your midst, in the land of Canaan.
၃၀သို့မဟုတ် သူတို့သည်လက်နက် ကိုင်လျက် သင် တို့နှင့်အတူ မ ကူး မသွားလျှင် ၊ ခါနာန် ပြည် ၌ သင် တို့တွင် ကိုယ်ပိုင်ရာမြေကို ခံယူ ရကြမည်ဟု မှာထား လေ၏။
31 Then responded the sons of Gad and the sons of Reuben, saying, —That which Yahweh had spoken unto thy servants, so, will we do.
၃၁ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် တို့အား မိန့် တော်မူသည် အတိုင်း ၊ ကျွန်တော်တို့သည် ပြု ကြပါမည်။
32 We, will pass over armed, before Yahweh into the land of Canaan, —then shall be ours, the possession of our inheritance across the Jordan.
၃၂ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ခံရပါမည်အကြောင်း၊ ကျွန်တော် တို့သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ခါနာန် ပြည် သို့ ကူး သွားပါမည် ဟု ပြန်လျှောက် ကြ၏။
33 So then Moses gave unto them even unto the sons of Gad and unto the sons of Reuben and unto the half tribe of Manasseh son of Joseph the kingdom of sihon, king of the Amorites, and the kingdom of Og, the king of Bashan, the land by her cities with boundaries, even the cities of the land round about.
၃၃ထိုအခါ မောရှေ သည် အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ ဆိုင်သမျှ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ ဆိုင်သမျှသောနယ်မြေ မြို့ ရွာတို့ကို ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား ၊ ယောသပ် ၏သား မနာရှေမှ ဆင်းသက်သော မနာရှေ အမျိုးသား တဝက် ၌ အပ် ပေးလေ၏။
34 And the sons of Gad built Dibon, and Ataroth, —and Aroer;
၃၄ဂဒ် အမျိုးသား တို့သည် ဒိဗုန် ၊ အတရုတ် ၊ အာရော် ၊
35 and Atroth-shophan and Jazer, and Jogbehah;
၃၅အာတရုတ် ၊ ရှောဖန်၊ ယာဇာ ၊ ယုမ္ဘေဟ ၊
36 and Beth-nimrah, and Beth-haran, —fortified cities and folds for flocks.
၃၆ဗက်နိမရာ ၊ ဗေသာရန် မြို့ များကို၎င်း ၊ သိုး ခြံများ ကို၎င်းတည် လုပ်ကြ၏။
37 And the sons of Reuben built Heshbon, and Elealeh, —and Kiriathaim,
၃၇ရုဗင် အမျိုးသား တို့သည် ဟေရှဘုန် ၊ ဧလာလေ ၊ ကိရယသိမ် ၊
38 and Nebo and Baal-meon—their names being changed, and Sibmah, —and they gave names to the cities which they built.
၃၈နေဗော ၊ ဗာလမောန ၊ ရှိဗမ မြို့ များကို အသစ် သောအမည် ဖြင့် သမုတ် ၍ တည် ကြ၏။
39 Then went the sons of Machir son of Manasseh to Gilead, and captured it, and dispossessed the Amorites who were therein,
၃၉မနာရှေ မှ ဆင်းသက်သော မာခိရ အမျိုးသား တို့သည်၊ ဂိလဒ် မြို့သို့ သွား ၍ သိမ်းယူ ပြီးလျှင် ၊ အရင် မြို့သား အာမောရိ လူတို့ကို နှင်ထုတ် ကြ၏။
40 So Moses gave Gilead unto Machir son of Manasseh, and he dwelt therein.
၄၀မောရှေ သည် ဂိလဒ် မြို့ကို မနာရှေ ၏သား မာခိရ အမျိုးသားတို့အား ပေး ၍ သူတို့သည် နေ ကြ၏။
41 And Jair, son of Manasseh, went, and captured their encampments, —and called them Havvoth-jair ["The encampments of Jair"].
၄၁မနာရှေ အမျိုးသား ယာဣရ သည်လည်း သွား ၍ ဂိလဒ်ရွာ များကို သိမ်းယူ ပြီးမှ ၊ ဟာဝုတ် ယာဣရ အမည် ဖြင့် သမုတ် လေ၏။
42 And, Nobah, went, and captured Kenath, with the villages thereof, —and called it Nobah, after his own name.
၄၂နောဗာ သည်လည်း သွား ၍ ကေနတ် မြို့ ရွာတို့ကို သိမ်းယူ ပြီးမှ ၊ မိမိ အမည် ဖြင့် နောဗာ မြို့ဟု သမုတ် လေ၏။

< Numbers 32 >