< John 16 >
1 These things, have I spoken unto you, that ye may not be caused to stumble:
၁သင် တို့သည် စိတ် မ ပျက်စေခြင်းငှာ ဤ စကားကို ငါဟောပြော ၏။
2 Excommunicants from the synagogue, will they make you; Nay! there cometh an hour, that, every one who killeth you, shall think to be rendering, divine service, unto God!
၂လောကီသားတို့သည် သင် တို့ကိုတရားစရပ် မှ နှင်ထုတ်လိမ့်မည်။ သင် တို့ကိုသတ် သောသူ မည်သည်ကား ၊ ဘုရား ဝတ် ကို ငါပြု ပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက် လိမ့်မည်။
3 And, these things, will they do, because they got to know, neither the Father nor me.
၃ခမည်းတော် ကိုမ သိ ၊ ငါ့ ကိုလည်း မ သိသောကြောင့် ထိုသို့ ပြု ကြလိမ့်မည်။
4 But, these things, have I told you, —That, whensoever their hour shall come, ye may remember, that, thereof, I told you. These things, however, I told you not, from the beginning, because I was, with you;
၄ထိုအချိန် ကာလရောက် သောအခါ ၊ ငါသည်အထက်က ဤသို့ ပြော ပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှာ ယခုပင်ငါ ဟောပြော ၏။အစဦး ၌ သင် တို့နှင့်အတူ ငါရှိ သောကြောင့် ဤသို့ မ ပြော ဘူးသေး။
5 But, now, I go my way unto him that sent me, and, not one from among you, questioneth me—Whither goest thou?
၅ငါ့ ကို စေလွှတ် တော်မူသောသူ ထံသို့ ယခု ငါသွား ရမည်ဖြစ်၍၊ အဘယ် အရပ်သို့ သွား မည်နည်းဟု သင် တို့မ မေး ကြ။
6 But, because, these things, I have told you, sorrow, hath filled your heart.
၆ဤ အကြောင်းအရာတို့ကို ငါဟောပြော သောကြောင့် သင် တို့သည်အလွန်ဝမ်းနည်း ခြင်းသို့ ရောက် ကြ၏။
7 But, I, the truth, am telling you—It is profitable for you, that, I, depart; for, if I should not depart, The Advocate, would in nowise come unto you, but, if I go, I will send him unto you.
၇ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။
8 And, having come, He, will reprove the world—Concerning sin, and concerning righteousness, and concerning judgment:
၈ဥပဇ္ဈာယ် ဆရာသည် ရောက်လာ လျှင်၊ ဒုစရိုက် အပြစ်ကို၎င်း ၊ အပြစ် ကင်းခြင်းကို၎င်း ၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသား တို့အား ထင်ရှားစွာဘော်ပြ မည်။
9 Concerning sin, indeed, because they are not believing on me;
၉ငါ့ ကို မ ယုံကြည် ကြသောကြောင့် ဒုစရိုက် အပြစ်ကို ဘော်ပြ မည်။
10 But, concerning righteousness, because, unto the Father, I go my way, and, no longer, do ye behold me;
၁၀ငါသည် ခမည်းတော် ထံသို့ သွား မည်ဖြစ်၍ ၊ သင်တို့သည် နောက်တဖန်ငါ့ ကိုမ တွေ့ မမြင်ရသောကြောင့် ၊ အပြစ် ကင်းခြင်းကို ဖော်ပြမည်။
11 And, concerning judgment, because, the ruler of this world, hath been judged.
၁၁ဤ လောက ကို အစိုးရ သောမင်းသည် အပြစ်စီရင် ခြင်းကိုခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဖော်ပြ မည်။
12 Yet many things, have I, unto you, to be saying, —but ye cannot bear them, just now;
၁၂သင် တို့အား ငါ ပြော စရာစကားအများ ရှိသော်လည်း ၊ သင်တို့သည် ယခု မ ခံ နိုင် ကြ။
13 Howbeit, as soon as, he, hath come—The Spirit of truth, he will guide you into all truth; for he will not speak from himself, but, whatsoever he heareth, he will speak, and, the coming things, will he announce unto you.
၁၃သမ္မာတရား နှင့်ပြည့်စုံသော ထို ဝိညာဉ် တော်သည် ရောက်လာ သောအခါ ၊ သမ္မာတရား ကို သင် တို့အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြော မည်မ ဟုတ်။ ကြား သမျှ တို့ကို ဟောပြော လိမ့်မည်။ နောင်လာ လတံ့သောအရာ တို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။
14 He, shall glorify me; for, of mine, shall he receive, and announce unto you.
၁၄ထိုသူ သည် ငါ့ ဘုန်း ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ၊ ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင် တို့အား ဖော်ပြ လိမ့်မည်။
15 All things, whatsoever the Father hath, are, my own; therefore, said I—Of mine, shall he receive, and announce unto you.
၁၅ခမည်းတော် နှင့်စပ်ဆိုင် သမျှ သည် ငါ နှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင်တို့အားဖော်ပြ လိမ့်မည်ဟု ငါပြော ၏။
16 A little while, and, no longer, ye behold me; and, again a little while, and ye shall see me.
၁၆ခဏ ကြာပြီးမှသင်တို့သည်ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့သွားမည် ဟု မိန့်တော်မူ၏။
17 Some of his disciples, therefore, said one to another—What is this which he is saying to us: —A little while, and ye behold me not, and, again a little while, and ye shall see me; and—Because I go my way unto the Father?
၁၇တပည့် တော်အချို့ ကလည်း ၊ ခဏ ကြာပြီးမှ သင်တို့သည်ငါ့ ကို မ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကို မြင် ပြန်ကြလိမ့်မည်ဟူ၍၎င်း ၊ အကြောင်းမူကား ၊ ငါသည် ခမည်းတော် ထံသို့ သွား မည် ဟူ၍၎င်း၊ မိန့်တော်မူသောစကား သည် အဘယ်သို့ နည်း။
18 They were saying, therefore—What is this which he saith: —A little while? We know not [what he is saying].
၁၈ခဏ ဟူ၍မိန့်တော်မူသော် အဘယ်သို့ ဆိုလိုသနည်း မိန့် တော်မူသောစကားကို အကျွန်ုပ်တို့သည် နား မ လည်ဟု အချင်းချင်းပြောဆို ကြ၏။
19 Jesus took note, that they were wishing to question him, and said unto them—Concerning this, are ye enquiring one with another, —because I said: —A little while, and ye behold me not, and, again, a little while, and ye shall see me?
၁၉တပည့်တော်တို့သည်မေးလျှောက် လို သည်ကို ယေရှု သိမြင် တော်မူလျှင်၊ ခဏ ကြာပြီးမှ သင်တို့သည် ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်ဟု ငါပြော သောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင် ကြသလော။
20 Verily, verily, I say unto you—Ye, shall weep and lament, but, the world, shall rejoice: Ye, shall be grieved, but, your grief, into joy, shall be turned.
၂၀ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည် ငိုကြွေး မြည်တမ်း ခြင်းရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက် ခြင်းရှိကြလိမ့်မည်။ သင် တို့မူကား ဝမ်းနည်း ခြင်းရှိသော်လည်း ထိုဝမ်းနည်း ခြင်းသည် တဖန် ဝမ်းမြောက် ခြင်းဖြစ် လိမ့်မည်။
21 A woman, as soon as she is about to bring forth, hath, grief, because her hour hath come; but, as soon as she hath given birth to the child, no longer, remembereth she the anguish, by reason of the joy, that a human being into the world hath been born.
၂၁မိန်းမ သည်သားကို ဘွား စဉ်အခါ ဘွားရသောအချိန် စေ့ သောကြောင့် ဝမ်းနည်း ခြင်းရှိ ၏။ ဘွားမြင် ပြီးမှဤလောက ၌ လူ တစ်ယောက်ကိုဘွားမြင် သောကြောင့် ဝမ်းမြောက် ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာ ကို မေ့လျော့ တတ်၏။
22 And, ye, therefore, now, indeed have grief; but, again, will I see you, and your heart shall rejoice, —and, your joy, no one, shall force from you.
၂၂ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။
23 And, in that day, shall ye request me, nothing: —Verily, verily, I say unto you—Whatsoever ye shall ask the Father, He will give you, in my name.
၂၃ထို နေ့ ၌ သင်တို့သည် ငါ့ ကိုအလျှင်း မ မေးမြန်း ရကြ။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည်ငါ ၏ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေး တော်မူမည်။
24 Until even now, ye have asked nothing in my name: Be asking, and ye shall receive, —that, your joy, may be made full.
၂၄ယခု တိုင်အောင် ငါ ၏နာမ ကိုအမှီပြု ၍ သင်တို့သည် အဘယ် ဆုကိုမျှမ တောင်း ကြသေး။ သင် တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာတောင်း ကြလော့။ ထိုသို့တောင်းလျှင် ရ ကြလိမ့်မည်။
25 These things, in similitudes, have I spoken unto you: There cometh an hour, when, no longer in similitudes, will I speak unto you, but, openly, concerning the Father, will I tell you.
၂၅ဤ အရာတို့ကို ပုံ ဥပမာအားဖြင့် ငါဟောပြော ၏။ ပုံ ဥပမာအားဖြင့် မ ဟော မပြောဘဲ၊ ခမည်းတော် နှင့် စပ်ဆိုင် သောအရာတို့ကို သင်တို့အားအတည့်အလင်း ဖော်ပြ သောအချိန် ကာလ ရောက် လိမ့်မည်။
26 In that day, In my name, shall ye ask: —and I say not that, I, will request the Father for you;
၂၆ထို ကာလ ၌ သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ ဆုတောင်း ကြလိမ့်မည်။ သင် တို့အဘို့ အလိုငှာ ငါ သည် ခမည်းတော် ကို တောင်း မည်ဟုမ ဆို ။
27 For, the Father himself, dearly loveth you, because, ye, have dearly loved me, and believed that, I, from the Father, came forth: —
၂၇အကြောင်းမူကား ၊ သင် တို့သည်ငါ့ ကိုချစ် ကြ၍ ၊ ငါ သည်ဘုရားသခင် အထံ တော်မှ ကြွလာ သည်ကို ယုံကြည် သောကြောင့် ခမည်းတော် သည် ကိုယ်တော် တိုင် သင် တို့ကိုချစ် တော်မူ၏။
28 I came forth out of the Father, and have come into the world, —Again, I leave the world, and go, unto the Father.
၂၈ငါသည် ခမည်းတော် ထံမှ ထွက် ၍ ဤလောက သို့ ကြွလာ ပြီ။ တစ်ဖန် ဤလောက မှထွက် ၍ ခမည်းတော် ထံသို့ သွား ဦးမည် ဟု မိန့် တော်မူ၏။
29 His disciples say—See! now, openly, art thou speaking, and, not a single similitude, art thou using:
၂၉တပည့် တော်တို့ကလည်း၊ ကိုယ်တော်သည် ယခု တွင်ပုံ ဥပမာကိုမ ဆောင်ဘဲ အတည့်အလင်း ဟောပြော တော်မူ၏။
30 Now, we know, that thou knowest all things, and hast, no need, that one be questioning thee. Hereby, do we believe, that, from God, thou camest forth.
၃၀အလုံးစုံ တို့ကို သိ တော်မူသည်ကို၎င်း ၊ အဘယ်သူ မျှကိုယ်တော် ကို မေးမြန်း စေခြင်းငှာ အလို တော်မ ရှိ သည်ကို၎င်း၊ ယခု တွင် အကျွန်ုပ်တို့သိ ကြပါ၏။ အကျွန်ုပ်တို့သည် ဤ အကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွ တော်မူသည်ကို ယုံ ပါသည်ဟု လျှောက် ကြ၏။
31 Jesus answered them—As yet, ye believe:
၃၁ယေရှု ကလည်း၊ ယခု တွင်ယုံ ကြပြီလော။
32 Lo! there cometh an hour, and hath come, that ye should be scattered, each, unto his own home; and, me, alone, should leave; —And yet I am not, alone, but, the Father, is, with me!
၃၂သင်တို့သည် ကွဲပြား ၍ ငါ့ ကိုတကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ် လျက်၊ အသီးသီး မိမိ တို့နေရာ သို့ ပြေးသွားမည့်အချိန် ကာလသည် လာ ၍ ယခုပင်ရောက် ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်း နေ သည် မ ဟုတ်။ ခမည်းတော် သည်ငါ နှင့်အတူ ရှိ တော်မူ၏။
33 These things, have I spoken unto you, that, in me, ye may have, peace: In the world, ye have, tribulation; but be taking courage, —I, have overcome the world.
၃၃သင် တို့သည် ငါ့ ကိုအမှီပြု ၍ ငြိမ်သက် ခြင်းရှိ စေခြင်းငှာ ဤ စကားကိုငါဟောပြော ပြီ။ သင်တို့သည် လောက ၌ ဆင်းရဲ ဒုက္ခကိုခံ ကြရလိမ့်မည်။ သို့သော်လည်း မ စိုးရိမ်ကြနှင့်။ ငါ သည်လောက ကိုအောင် ပြီ ဟု မိန့် တော်မူ၏။