< Job 8 >

1 Then responded Bildad the Shuhite, and said: —
ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည်ကား၊
2 How long wilt thou speak these things? Or, as a mighty wind, shall be the sayings of thy mouth?
သင်သည် အဘယ် မျှကာလ ပတ်လုံးဤသို့ ပြော မည်နည်း။ သင် ပြောသောစကား သည် အဘယ်မျှကာလ ပတ်လုံးလေ ပြင်း ကဲ့သို့ဖြစ်မည်နည်း။
3 Should, GOD, pervert justice? Or, the Almighty, pervert righteousness?
ဘုရား သခင်သည် မတရား သဖြင့် အပြစ် ပေးတော်မူမည်လော။ အနန္တ တန်ခိုးရှင်သည် တရား ကို ဖျက် တော်မူမည်လော။
4 Though, thy children, sinned against him, and he delivered them into the hand of their transgression,
သင် ၏သား သမီးတို့သည် ဘုရား သခင်ကို ပြစ်မှား သောကြောင့်၊ ပြစ်မှား စဉ်တွင်၊ သူ တို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
5 Yet, if, thou thyself, wilt diligently seek unto GOD, —and, unto the Almighty, wilt make supplication;
သင် သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့်ဘုရား သခင်ကို ရှာ ၍၊ အနန္တ တန်ခိုးရှင် အား တောင်းပန် လျှင်၊
6 If, pure and upright, thou thyself, art, surely, now, will he answer thy prayer, and will prosper thy righteous habitation:
စင်စစ် သင့် အတွက် ကိုယ်တော်သည်ထ ပြီးလျှင် သင် ၏ ဖြောင့်မတ် သောနေရာကို ကောင်းစား စေတော်မူသဖြင့်၊
7 So shall thy beginning appear small, —when, thy latter end, he shall greatly increase!
သင် သည်အစ ဦး၌ ငယ် သော်လည်း၊ နောက်ဆုံး ၌ အလွန် ကြီးပွါး လိမ့်မည်။
8 For inquire, I pray thee, of a former generation, and prepare thyself for the research of their fathers; —
လွန် လေပြီးသောကာလ ကို စစ် ၍၊ ရှေးဘိုးဘေး တို့ကို မေးမြန်း ခြင်းငှါ အားထုတ် ပါတော့။
9 For, of yesterday, are, we, and cannot know, for, a shadow, are our days upon earth:
ငါ တို့သည် မနေ့ ၏သားဖြစ်၍အလျှင်းမ သိ ရပါ။ မြေကြီး ပေါ် မှာ ငါ တို့နေရသော နေ့ ရက်ကာလသည် အရိပ် သက်သက်ဖြစ်၏။
10 Shall, they, not teach thee—tell thee, and, out of their memory, bring forth words?
၁၀ထိုသူ တို့မူကား၊ သင့် ကိုဆုံးမ သွန်သင်၍ မိမိ တို့ စိတ် နှလုံးထဲက မြွက်ဆို ကြလိမ့်မည်။
11 Can the paper-reed grow up, without a marsh? Or the rush grow up, without water?
၁၁ဂမာ ပင်သည် ရွံ့ မ ရှိဘဲကြီးပွား နိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင် သည် ရေ မ ရှိဘဲ ကြီးပွား နိုင်သလော။
12 Though while still, in its freshness, it be not plucked off, yet, before any kind of grass, it doth wither:
၁၂ထိုအပင်သည် စိမ်း လျက်မ ရိတ် မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ညှိုးနွမ်း တတ်၏။
13 So, shall be the latter end of all who forget GOD, and, the hope of the impious, shall perish:
၁၃ထိုသို့ ဘုရား သခင်ကို မေ့လျော့ သောသူ အပေါင်း တို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မ လူ မြော်လင့် စရာအကြောင်းသည် ပျက် လိမ့်မည်။
14 Whose trust shall be contemptible, —and, a spider’s web, his confidence:
၁၄ထိုသူ မြော်လင့် ရာလမ်းသည် ပြတ် လိမ့်မည်။ မှီခို သောအရာသည်လည်း ပင့်ကူ မြှေး ကဲ့သို့ဖြစ်လိမ့်မည်။
15 He leaneth upon his house, and it will not stand, he holdeth it fast, and it will not remain erect.
၁၅ထိုသူသည် မိမိ အိမ် ကိုမှီ ၍ အိမ်သည်အမှီမ ခံ။ လက်နှင့်ကိုင် သော်လည်း မ တည် စေနိုင်။
16 Full of moisture he is, before the sun, and, over his garden, his shoot goeth forth:
၁၆သူ သည် နေပူ မှာ စိမ်းလန်း လျက်၊ အခက် အလက် အားဖြင့်မိမိ ဥယျာဉ် ကို နှံ့ပြား လျက်၊
17 Over a heap, his roots are entwined, a place of stones, he descrieth;
၁၇အမြစ် အားဖြင့်စမ်း ရေတွင်းကိုဝိုင်း ၍ ကျောက် ထူသောအရပ် ကို တွေ့မြင် လျက်ရှိသော်လည်း၊
18 If one destroy him out of his place, then will it disown him [saying] —I have not seen thee.
၁၈သူ့ ကိုသုတ်သင် ပယ်ရှင်း၍၊ မိမိ နေရာ အရပ်က သင် သည်ငါမ တွေ့ မမြင်စဖူးဟူ၍သူ့ ကိုငြင်းပယ် လိမ့်မည်။
19 Lo! that, is the joy of his way, —and, out of the dust, shall others spring up.
၁၉ထိုသူ ဝမ်းမြောက် ရာလမ်း သည် ထိုသို့ ဖြစ်၍၊ သူနေရာမြေ ၌ အခြား သူတို့သည် ပေါက် ကြလိမ့်မည်။
20 Lo! GOD, will not reject a blameless man, neither will he grasp the hand of evil-doers:
၂၀စုံလင် သောသူကိုကား၊ ဘုရား သခင်စွန့်ပစ် တော်မ မူ။ မတရား သဖြင့်ပြုသောသူတို့ ကို ကား မစ တော် မ မူ။
21 At length he shall fill with laughter thy mouth, and thy lips, with a shout of triumph:
၂၁ရယ်မော ရသောအခွင့်၊ ရွှင်လန်း စွာ နှုတ် မြွက်ရသောအခွင့်ကို သင် ၌ပေးကောင်းပေး တော်မူမည်။
22 They who hate thee, shall be clothed with shame, but, the tent of the lawless, shall not be!
၂၂သင့် ကိုမုန်း သောသူတို့ သည် ရှက် ခြင်းနှင့် ဖုံးလွှမ်း လျက်ရှိရကြလိမ့်မည်။ ဆိုး သောသူနေရာ အရပ် သည်လည်း ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

< Job 8 >