< Isaiah 46 >

1 Bel, hath crouched, Nebo, is cowering, Their images, are delivered up to beast and to cattle, —The things ye carried about, are become a load, A burden, to the weary!
ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပေ​တည်း။ အ​ခါ​တစ်​ပါး​က​လူ​တို့​သည်​ဗေ​လ​ဘု​ရား နှင့်​နေ​ဗော ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​သူ​တို့​ကို​မြည်း​များ​ပေါ်​တွင် တင်​၍၊ မော​ပန်း​နေ​သည့်​တိ​ရစ္ဆာန်​များ​သယ်​ဆောင်​ရန် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​ကြ​၏။
2 They have cowered they have crouched at once, And they cannot rescue the burden, —But their own soul, into captivity, hath departed.
ထို​ရုပ်​တု​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​မ​ကယ် နိုင်​ကြ။ သူ​တို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း​ကို ခံ​ရ​ကြ​တော့​၏။ ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပင်​တည်း။
3 Hearken unto me O house of Jacob, Even all the remnant of the house of Israel, —Who have been borne from birth, Who have been carried from nativity:
``အို ယာ​ကုပ်​သား​မြေး​တို့၊ငါ​၏​ဣ​သ​ရေ​လ လူ​မျိုး​တော်​အ​နက်​မှ ကြွင်း​ကျန်​နေ​သူ​တို့၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သန္ဓေ​တည်​၍​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​သင်​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​ခဲ့ ပေ​သည်။
4 Even unto old age, I, am, the same, And unto grey hairs, I, will bear the burden, —I have made and, I, will carry, Yea, I, will bear the burden and will deliver,
ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။
5 To whom can ye liken me or make me equal? Or compare me, and we be like?
``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​ကြ​ပါ​မည်​နည်း။ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​ရှိ​ပါ​သေး သ​လော။
6 They who pour gold out of a purse, And who weigh silver in a balance, —Who hire a goldsmith that he may make it into a GOD, They adore, yea they bow down;
လူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ​အိတ်​များ​မှ​ရွှေ များ​ကို သွန်​ချ​ကာ၊ ငွေ​များ​ကို​လည်း​ချိန်​ခွင်​နှင့်​ချိန်​တွယ်​ပြီး​လျှင်၊ ဘု​ရား​သွန်း​လုပ်​ရန်​ပန်း​ထိမ်​သည်​ကို​ငှား​ရမ်း ကြ​၏။ ထို​နောက်၊ထို​ဘု​ရား​အား​ဦး​ညွှတ်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​သည်​တ​ကား။
7 They carry him about on the shoulder They bear the burden of him—and set him in his place that he may stand, —Out of his place, will he not move, —Though one even make outcry unto him, he will not answer, Out of one’s trouble, he will not save him.
သူ​တို့​သည်​ထို​ဘု​ရား​ကို​ပ​ခုံး​ထက်​တွင် ထမ်း​၍ ဆောင်​ယူ​ကာ​နေ​ရာ​ချထား​၏။ ဘု​ရား​သည်​လည်း​မိ​မိ​တည်​ရှိ​သည့် နေ​ရာ​မှ မ​ရွေ့​မ​လျား​နိုင်​ရပ်​လျက်​သာ​နေ​၏။ အ​ကယ်​၍​သူ့​အား​တစ်​စုံ​တစ်​ယောက်​သော သူ​က ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မူ​သူ​သည်​အ​ဖြေ မ​ပေး​နိုင်။ ထို​သူ့​အား​ဘေး​အန္တရာယ်​မှ​လည်း​မ​ကယ်​နိုင်။
8 Remember ye this and shew yourselves men, —Bring it back, ye transgressors, to your minds;
``အ​ချင်း​အ​ပြစ်​ကူး​လွန်​သူ​တို့၊​ဤ​အ​ချင်း အ​ရာ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​ပြု​ခဲ့​သည့်​အ​မှု​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​လော့။
9 Remember ye the things named in advance from age-past times, —For, I, am, The Mighty One, and there is none else, The Adorable and there is none like me!
ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။
10 Declaring from the beginning, the latter end, And from olden time, that which had never been done, —Saying My purpose shall stand, and All my pleasure, will I perform;
၁၀ငါ​သည်​အ​စ​အ​ဦး​မှ​တင်​ကူး​၍​နိ​ဂုံး​ကို ဖော်​ပြ​ခဲ့​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ရှေး​ကာ​လ​မှ​ပင်​လျှင် ကြို​တင်​ဟော​ကြား​ခဲ့​၏။ ငါ​၏​အ​ကြံ​အ​စည်​များ​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​ပြား​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​ခဲ့​သည့်​အ​တိုင်း၊ငါ​ရည်​ရွယ်​ထား​သည့် အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​ငါ​ပြု​မည်။
11 Calling, From the East, a Bird of Prey, From a far country, the Man I intended, —Yea I have spoken I will also bring it to pass, I have planned, I will also do it.
၁၁ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။
12 Hearken unto me, Ye valiant of heart, —Who are far away from righteousness:
၁၂ငါ​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ​သည် ဝေး​သေး​သည်​ဟု​ဆို​သူ အ​ချင်း​ခေါင်း​မာ​သည့်​လူ​စု၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။
13 I have brought near my righteousness. It shall not be far away, And my deliverance, shall not linger, —But I will give In Zion, deliverance, To Israel, my glory.
၁၃ငါ​သည်​သင်​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ ကို နီး​ကပ်​၍​လာ​စေ​မည်။ ထို​ကာ​လ​သည်​လုံး​ဝ​မ​ဝေး​တော့​ပြီ။ ငါ​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း ဆိုင်း​ငံ့​၍ ထား​လိမ့်​မည်​မ​ဟုတ်။ ယေ​ရု​ရှ​လင်​မြို့​ကို​ငါ​ကယ်​တင်​၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။''

< Isaiah 46 >