< Hebrews 9 >

1 [Even] the first, indeed, therefore, used to have righteous appointments of divine service, even the holy ritual well arranged.
ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​အ​တွက်​ဝတ်​ပြု ခြင်း​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​လူ​တို့​တည် ဆောက်​သည့်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ရှိ​၏။-
2 For a tent was prepared, the first, in which were both the lampstand and the table and the setting forth of the loaves, —the which is called the Holy place;
လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-
3 But, after the second veil, a tent, that which is called Most Holy:
ဒု​တိ​ယ​ကန့်​လန့်​ကာ​နောက်​၌​အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။-
4 Having a golden altar of incense, and the ark of the covenant covered around on every side with gold, in which was a golden jar holding the manna, and the rod of Aaron that sprouted, and the tables of the covenant;
ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-
5 But, over-above it, Cherubim of glory overshadowing the propitiatory: —concerning which things, it is not now [needful] to be speaking, particularly.
သေတ္တာ​တော်​ပေါ်​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ​ရှိ​၏။ ခေ​ရု ဗိမ်​တို့​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော်​မူ​ခြင်း​ကို သ​ရုပ်​ဆောင်​ကြ​၏။ သူ​တို့​၏​အ​တောင်​များ​သည် အ​ပြစ်​ဖြေ​ရာ​ပလ္လင်​ကို​ဖြန့်​လျက်​နေ​၏။ ထို​အ​ရာ များ​ကို​ယ​ခု​အ​သေး​စိတ်​ဖော်​ပြ​ရန်​မ​လို​ပေ။
6 Now, these things having been thus prepared, into the first tent, indeed, continually do the priests enter, the divine services completing;
ဤ​ဝတ်​ပြု​ခြင်း​ထုံး​နည်း​ကို​ဖော်​ပြ​အံ့။ ယဇ် ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရာ​တွင်​အ​ပြင်​တဲ​တော်​သို့ နေ့​စဉ်​ဝင်​ရ​ကြ​၏။-
7 But, into the second, once for all in the year, only the high-priest, not without blood, which he offered for himself and the ignorances of the people:
သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း သာ​လျှင် အ​တွင်း​တဲ​တော်​သို့​ဝင်​ရ​ပေ​သည်။ သူ သည်​ယင်း​သို့​ဝင်​ရ​သည်​မှာ​လည်း​တစ်​နှစ်​လျှင် တစ်​ကြိမ်​သာ​ဖြစ်​ပြီး​မိ​မိ​၏​အ​တွက်​သော် လည်း​ကောင်း၊ လူ​တို့​မ​သိ​ဘဲ​ကူး​လွန်​မိ​သည့် အ​ပြစ်​များ​အ​တွက်​သော်​လည်း​ကောင်း ပူ​ဇော် ရန်​သွေး​ကို​ယူ​ဆောင်​၍​ဝင်​ရ​လေ​သည်။-
8 The Holy Spirit making this evident—that, not yet, hath been manifested, the way through the Holy place, so long as the first tent hath a standing.
ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-
9 The which is a similitude for the present season, according to which both gifts and sacrifices are offered, which cannot, as to the conscience, perfect him that rendereth the divine service: —
ဤ​အ​ရာ​အ​ပေါင်း​တို့​သည်​မျက်​မှောက်​ခေတ်​ကို ညွှန်​ပြ​နေ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ပြ​ဌာန်း ထား​သည့်​ပူ​ဇော်​သကာ​နှင့်​ယဇ်​များ​သည် ဝတ်​ပြု သော​သူ​၏​စိတ်​နှ​လုံး​ကို​ဖြူ​စင်​သန့်​ရှင်း​အောင် ပြု​ပြင်​၍​မ​ပေး​နိုင်။-
10 Only as to eatings, and drinkings, and diversified immersions, —righteous-appointments of the flesh, which, until a season of rectifying, are in force.
၁၀ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။
11 But, when Christ approached, as high-priest of the coming good things, through the greater and more perfect tent, not made by hand, that is, not of this creation, —
၁၁သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။-
12 Nor yet through blood of goats and calves, but through his own blood he entered once for all into the Holy place, age-abiding redemption discovering. (aiōnios g166)
၁၂ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။- (aiōnios g166)
13 For if the blood of goats and bulls, and the ashes of a heifer sprinkling the profaned, halloweth unto the purity of the flesh,
၁၃ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊-
14 How much rather shall the blood of the Christ, who through an age-abiding spirit offered himself unspotted unto God, purify our conscience from dead works, to the rendering of divine-service, unto a Living God? (aiōnios g166)
၁၄ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။ (aiōnios g166)
15 And, for this cause, of a new covenant, is he mediator, —to the end that, death coming to pass for the redemption of the transgressions against the first covenant, the called might receive the promise of the age-abiding inheritance; (aiōnios g166)
၁၅ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။ (aiōnios g166)
16 For, where a covenant is, it is necessary for, the death, to be brought in, of him that hath covenanted;
၁၆သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-
17 For, a covenant over dead persons, is firm, —since it is not then of force when he is living that hath covenanted.
၁၇သေ​တမ်း​စာ​ရေး​သူ​အ​သက်​ရှင်​နေ​စဉ်​သူ​၏ သေ​တမ်း​စာ​သည်​အ​တည်​မ​ဖြစ်။ ထို​သူ​သေ လွန်​ပြီး​မှ​သာ​လျှင်​အ​တည်​ဖြစ်​၏။-
18 Whence, not even the first, apart from blood, hath been consecrated;
၁၈ထို​ကြောင့်​ပ​ထ​မ​ပ​ဋိ​ညာဉ်​ပင်​လျှင်​သွေး ဖြင့်​အ​တည်​ဖြစ်​၏။-
19 For, when every commandment according to the law had been spoken by Moses unto all the people, taking the blood of the calves and the goats, with water and scarlet wool and hyssop, both, the scroll itself, and all the people, he sprinkled;
၁၉မော​ရှေ​သည်​ပညတ်​တ​ရား​တော်​တွင်​ပါ​ရှိ​သည့် ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လူ​အ​ပေါင်း​တို့​အား ကြေ​ညာ​ပြီး​သော​အ​ခါ သိုး​မွေး​နီ​နှင့်​ဟု​ဿုတ် ပင်​ခက်​ကို​အ​သုံး​ပြု​ကာ​ရေ​နှင့်​ရော​သော​နွား သွေး၊ ဆိတ်​သွေး​ဖြင့်​ပ​ညတ်​ကျမ်း​စာ​လိပ်​ကို လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ပက်​ဖျန်း​လေ​သည်။-
20 Saying—This, is the blood of the covenant which, God, hath sent in command unto you:
၂၀ထို​နောက်​မော​ရှေ​က``ဤ​သွေး​သည်​သင်​တို့​လိုက် နာ​ရန်​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​အ​တည်​ဖြစ်​စေ​၏'' ဟု​ဆို​၏။-
21 Yea, the tent also, and all the utensils of the public ministry, with blood, in like manner, he sprinkled:
၂၁ထို​နည်း​တူ​စွာ​မော​ရှေ​သည်​ပ​ဋိ​ညာဉ်​တဲ​တော် နှင့်​တ​ကွ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု သည့်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​သွေး​ဖြင့်​ပက် ဖျန်း​လေ​သည်။-
22 And, nearly, all things, with blood, are purified, according to the law, and, apart from blood-shedding, cometh no remission.
၂၂ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။
23 It was indeed therefore necessary for the glimpses of the things in the heavens with these to be purified; but, the heavenly things themselves, with better sacrifices than these.
၂၃အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-
24 For, not into a Holy place made by hand, entered Christ, —counterpart of the real [Holy place]; but, into the heaven itself, now, to be plainly manifested before the face of God in our behalf; —
၂၄စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-
25 Nor yet that, ofttimes, he should be offering himself, —just as the high-priest entereth into the Holy place, year by year, with alien blood; —
၂၅ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိရစ္ဆာန်​များ​၏ သွေး​ကို ယူ​၍​နှစ်​စဉ်​နှစ်​တိုင်း​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ့​ရှိ​၏။ ခ​ရစ်​တော်​မူ​ကား​ယင်း​သို့ ကြိမ်​ဖန်​များ​စွာ​မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ရန်​ဝင် တော်​မ​မူ။-
26 Else had it been needful for him, ofttimes, to suffer, from the foundation of the world; but, now, once for all, upon a conjunction of the ages, for a setting aside of sin through means of his sacrifice, hath he been made manifest; (aiōn g165)
၂၆အ​ကယ်​၍​ဝင်​တော်​မူ​သည်​ဆို​ပါ​မူ​ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​အ​စ​ပြု​၍ အ​ဖန်​တ​လဲ​လဲ​အ​သေ​ခံ​တော်​မူ​ရ​မည်​သာ ဖြစ်​ပေ​သည်။ ယ​ခု​မူ​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ခါ​နီး​အ​ချိန်​၌​အ​ပြီး​အ​ပိုင်​တစ်​ကြိမ်​တည်း ကြွ​လာ​၍ မိ​မိ​အ​သက်​ကို​ပူ​ဇော်​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​၏။- (aiōn g165)
27 And, inasmuch as it is in store for men—once for all to die, but after this, judgment,
၂၇လူ​သည်​တစ်​ကြိမ်​တည်း​သာ​သေ​ရ​၍​ထို့​နောက် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​ရ​၏။-
28 Thus, the Christ also, once for all having been offered, for the bearing of the sins, of many, a second time, apart from sin, will appear, to them who for him are ardently waiting—unto salvation.
၂၈ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​လူ​အ​များ ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရန်​အ​တွက် မိ​မိ​၏​ကိုယ် ကို​တစ်​ကြိမ်​တည်း​တင်​လှူ​ပူ​ဇော်​တော်​မူ​သည်။ အ​ပြစ်​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​ရန် မ​ဟုတ်​ဘဲ မိ​မိ​ကို​စောင့်​မျှော်​နေ​သူ​တို့​အား ကယ်​တင်​တော်​မူ​ရန် ကိုယ်​တော်​သည်​ဒု​တိ​ယ အ​ကြိမ်​ကြွ​လာ​တော်​မူ​ပေ​အံ့။

< Hebrews 9 >