< 2 Samuel 18 >
1 Then David mustered the people that were with him, —and set over them, captains of thousands, and captains of hundreds.
၁ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။
2 And David sent forth the people—a third part, under the hand of Joab, and, a third part, under the hand of Abishai son of Zeruiah, brother of Joab, and, a third part, under the hand of Ittai the Gittite. Then said the king, unto the people, I myself, will, surely go forth, with you.
၂လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။
3 But the people said—Thou must not go forth, for, if we, flee, they will not regard us, neither, if half of us die, will they regard us, for, thou, compared with us, [art worth] ten thousand, —now, therefore, it will be better that thou come to us out of the city, with succour.
၃လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။
4 And the king said unto them, Whatever is best in your eyes, I will do. And the king stood beside the gate, while, all the people, came out by hundreds and by thousands.
၄ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။
5 And the king charged Joab and Abishai and Ittai, saying, Deal gently, for my sake, with the young man, even Absolom. And, all the people, heard when the king charged all the captains, for the sake of Absolom.
၅ရှင်ဘုရင်ကလည်း၊ ငါ့မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူ၏။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ၊ လူအပေါင်းတို့သည် ကြားကြ၏။
6 So the people went forth into the field against Israel, —and the battle took place in the forest of Ephraim.
၆ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက်၍ ဧဖရိမ်တော၌ စစ်ပြိုင်ကြ၏။
7 Then were the people of Israel defeated there, before he servants of David, —and the slaughter there was great, on that day—twenty thousand.
၇ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ ရှေ့မှာ ရှုံး၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ၏။
8 And the battle there was spread out over the face of all the land, —and the forest devoured more of the people than the sword devoured on that day.
၈မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ်၍ သေသည်ထက် တော၌ ဆုံးရှုံးသော သူသာ၍ များကြ၏။
9 Now, when Absolom met the servants of David, Absolom, was riding upon a mule, and the mule came under the thick branches of a large oak, and his head caught hold of the oak, and he was suspended between heaven and earth, the mule that was under him passing on.
၉ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။
10 And a certain man saw it, and told Joab, —and said—Lo! I saw Absolom suspended in an oak.
၁၀မြင်သော သူတယောက်သည် ယွာဘထံသို့ သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင်၊
11 Then said Joab to the man that was telling him, Lo! since thou sawest him, why didst thou not smite him there, to the ground? then should I have been bound to give thee ten pieces of silver, and a girdle.
၁၁ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော်၊
12 And the man said unto Joab, Though I were weighing upon my palm a thousand pieces of silver, yet would I not put forth my hand against the son of the king, —for, in our hearing, the king Charged thee and Abishai and Ittai, saying, Watch any man who [would touch] the young man Absolom.
၁၂ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ။
13 Otherwise, had I dealt with my life falsely (and nothing can be hid from the king), then, thou thyself, wouldst have stood aloof.
၁၃ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ် အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက်၌ နေပါလိမ့် မည်ဟု ပြောဆိုသော်၊
14 And Joab said, Not thus, may I tarry before thee. And he took three darts in his hand, and thrust them into the heart of Absolom, while he was yet alive in the midst of the oak.
၁၄ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။
15 Then came round ten young men who bare Joab’s armour, —and smote Absolom, and slew him.
၁၅လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။
16 Then Joab blew with a horn, and the people returned from pursuing Israel, —for Joab had restrained the people.
၁၆ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ၏။
17 And they took Absolom, and cast him, in the forest, into a large pit, and raised up over him a very great heap of stones, —and, all Israel, fled, every man to his home.
၁၇အဗရှလုံကိုလည်း ယူ၍ တော၌နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ၏။
18 But, Absolom, had taken, and raised up for himself, in his lifetime, the pillar that is in the king’s vale, for he said, I have no son, to keep in remembrance my name, so he called the pillar after his own name, and it is called Absolom’s monument unto this day.
၁၈အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမ သည် မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ၍ တွင်သတည်း၊
19 Then, Ahimaaz, son of Zadok, said, Let me run, I pray thee, and carry tidings unto the king, —how that Yahweh hath vindicated him, at the hand of his enemies.
၁၉ထိုအခါ ဇာဒုတ်၏သား အဟိမတ်က၊ ထာဝရ ဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင်၊
20 And Joab said to him—Not a man to bear tidings, art thou this day, but thou shalt bear tidings another day, —but, this day, shalt thou not bear tidings, for this cause, that, the king’s son, is dead.
၂၀ယွာဘက၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက်ရမည်။ ရှင်ဘုရင်၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ၊
21 Then said Joab to a Cushite, Go tell the king, what thou hast seen. And the Cushite bowed himself down to Joab, and ran.
၂၁ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအား ဦးညွှတ်၍ ပြေးလေ၏။
22 Then, yet again, said Ahimaaz son of Zadok unto Joab. But, be what may, do, I pray thee, let, me also, run, after the Cushite. And Joab said—Wherefore is it that, thou, wouldst run, my son, when, thou, hast no tidings of, any profit?
၂၂တဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင်၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း၊
23 But, be what may, I will run. So he said to him—Run. Then ran Ahimaaz by the way of the plain, and got beyond the Cushite.
၂၃ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။
24 Now, David, was sitting between the two gates, —and the watchman went on to the top of the gate-house, upon the wall, and lifted up his eyes, and looked, and lo! a man, running alone.
၂၄ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊
25 So the watchman called out, and told the king. And the king said, If he is alone, there are tidings in his mouth. And he came on nearer and nearer.
၂၅ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊
26 Then saw the watchman another man, running, so he called out unto the porter, Lo! a man, running alone. And the king said. This one also, beareth tidings.
၂၆ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။
27 Then said the watchman, It seemeth, to me, that, the running of the foremost, is like the running of Ahimaaz son of Zadok. And the king said, A good man, is he, and, with good tidings, he cometh.
၂၇ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။
28 Then called out Ahimaaz, and said unto the king, Peace! And he bowed himself down to the king, with his face to the earth, —and said—Blessed, be Yahweh thy God, who hath surrendered the men who were lifting up their hand, against my lord the king.
၂၈အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။
29 And the king said, Is it, well, with the young man—Absolom? Then said Ahimaaz—I saw a great crowd, when Joab sent the king’s servant and [me] thy servant, but I knew not what [it meant].
၂၉ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊
30 And the king said, Aside! stand, here. So he turned aside, and stood.
၃၀ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။
31 Then lo! the Cushite, coming in, —and the Cushite said—Tidings, getteth my lord the king, how that Yahweh hath vindicated thee to-day, at the hand of all them who had risen up against thee.
၃၁တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊
32 And the king said unto the Cushite—Is it, well, with the young man—Absolom? Then said the Cushite—Be, like the young man, the enemies of my lord the king, and all who have risen up against thee, for harm.
၃၂ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။
33 Then was the king deeply moved, and went up to the chamber over the gate, and wept, —and, thus, he said as he went—O my son Absolom, my son—my son—Absolom! could, I, but have died in thy stead, O Absolom, my son—my son!
၃၃ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။