< 2 Chronicles 3 >
1 Then began Solomon, to build the house of Yahweh, in Jerusalem, in Mount Moriah, where he had appeared unto David his father, —in the place which David had prepared, in the threshing-floor of Ornan the Jebusite.
၁ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-
2 And he began to build, in the second month, on the second, in the fourth year of his reign.
၂
3 And, these, are the things wherein Solomon was grounded for the building of the house of God, —The length, by cubits, in the first measure, was sixty cubits, and, the breadth, twenty cubits.
၃ရှောလမုန်မင်းတည်ဆောက်တော်မူသည့်ဗိမာန် တော်သည်အလျားပေကိုးဆယ်၊ အနံပေ သုံးဆယ်ရှိ၏။-
4 And, the porch which was in front of the length, in front of the breadth of the house, was twenty cubits, and, the height thereof, was a hundred and twenty, —and he overlaid it, within, with pure gold.
၄ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
5 And, the greater house, covered he with cypress wood, and overlaid it with fine gold, —and raised thereon palms, and wreathed garlands.
၅အခန်းမကြီးမှာစွန်ပလွံပင်နှင့် ကွန်ရွက် ပုံသဏ္ဌာန်များထုလုပ်ထားသောသစ်ကတိုး သားပျဉ်များတပ်ဆင်ကာရွှေဖြင့်မွမ်းမံ ထား၏။-
6 And he covered the house with precious stones, for beauty, —and, the gold, was gold of Parvaim.
၆မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
7 And he covered the house, the beams, the entrance-hall, and the walls thereof and the doors thereof, with gold, —and he carved cherubim upon the walls.
၇သူသည်ဗိမာန်တော်နံရံများ၊ ထုပ်များ၊ အဝင် လမ်းနှင့်တံခါးများကိုမွမ်းမံရန်အတွက်ရွှေ ကိုအသုံးပြုတော်မူသည်။ နံရံများအပေါ် တွင်လက်မှုပညာသည်တို့သည်ခေရုဗိမ် ရုပ်များကိုထွင်းထားကြ၏။-
8 And he made the most holy house, the length whereof, was, according to the breadth of the house, twenty cubits, and, the breadth thereof, twenty cubits, —and he covered it with fine gold, to [the number of] six hundred talents;
၈အလွန်သန့်ရှင်းရာဌာနတော်ဟုနာမည်တွင် သောအတွင်းခန်းသည်အလျားမှာပေသုံးဆယ်၊ အနံမှာဗိမာန်တော်အနံအတိုင်းပေသုံးဆယ် ရှိ၏။ အလွန်သန့်ရှင်းရာဌာနတော်ကိုမွမ်းမံ ရန်ရွှေနှစ်ဆယ့်ငါးတန်ကိုအသုံးပြုတော် မူ၏။-
9 and, the weight of the nails, amounted to fifty shekels of gold, —and, the upper chambers, covered he with gold.
၉ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
10 And he made, in the most holy house, two cherubim, of carved work, —and covered them with gold.
၁၀မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
11 And, as for the wings of the cherubim, the length of them, was twenty cubits, —the one wing, by the cubit was five, reaching to the wall of the house, and, the other wing, five cubits, reaching to the wing of the other cherub;
၁၁ခေရုဗိမ်နှစ်ပါးရုပ်များသည်တံခါးဝကို မျက်နှာမူလျက်တစ်ပါးနှင့်တစ်ပါးယှဉ်၍ ရပ်စေကြ၏။ သူတို့တွင်ခုနစ်ပေခွဲရှည်သော အတောင်နှစ်ခုစီရှိ၏။ သူတို့သည်အတောင် များကိုအနံပေသုံးဆယ်ရှိသောအခန်းကို ဖြတ်၍ဖြန့်ထားကြသဖြင့် အတောင်နှစ်ခု သည်အခန်းအလယ်တွင်အဖျားချင်းထိ လျက်အခြားအတောင်နှစ်ခုသည်နံရံ များနှင့်ထိလျက်နေ၏။-
12 and, the wing of the other cherub, was five cubits, reaching to the wall of the house, —and, the other wing, was five cubits, cleaving to the wing of the other cherub:
၁၂
13 the wings of these cherubim, outspread, were twenty cubits, —and, they themselves, were standing upon their feet, and, their faces, were inward.
၁၃
14 And he made a vail, of blue and purple, and crimson and byssus cloth, —and raised thereon cherubim.
၁၄အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။
15 And he made, for the front of the house, two pillars, thirty five cubits in length, —and, the capital which was upon the top of each, was five cubits.
၁၅မင်းကြီးသည်ငါးဆယ့်နှစ်ပေမြင့်သောတိုင် ကြီးနှစ်လုံးကိုသွန်းလုပ်ပြီးလျှင်ဗိမာန်တော် ၏ရှေ့တွင်ထားတော်မူ၏။ တိုင်ထိပ်တစ်ခုစီ ပေါ်တွင်ခုနစ်ပေခွဲမြင့်သောတိုင်အုပ်ရှိ၏။-
16 And he made wreathen chains in the shrine, and put them upon the top of the pillars, —and he made one hundred pomegranates, and put them in the chains,
၁၆တိုင်ထိပ်များမှာထုလုပ်သောပန်းကုန်းနှင့် ကြေးဝါသလဲသီးတစ်ရာစီဖြင့်တန်ဆာ ဆင်ထားလေသည်။-
17 And he reared up the pillars in front of the temple, one, on the right, and, one, on the left, —and called the name of that on the right hand, Jachin, and the name of that on the left, Boaz.
၁၇ထိုတိုင်ကြီးတို့ကိုဗိမာန်တော်အဝတစ်ဖက် တစ်ချက်တွင်ထားရှိ၍တောင်ဘက်ရှိတိုင်ကြီး ကိုယာခိန်၊ မြောက်ဘက်ရှိတိုင်ကြီးကိုဗောဇ ဟုသမုတ်သတည်း။