< 1 Timothy 4 >
1 Howbeit, the Spirit, expressly saith—that, in later seasons, some will revolt from the faith, giving heed unto seducing spirits, and unto teachings of demons—
၁နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
2 in hypocrisy, speaking falsehood, [of demons] cauterised in their own conscience, —
၂မိမိတို့၏သြတ္တပ္ပစိတ်တွင်သံပူခတ်ခြင်းခံရ သကဲ့သို့ သြတ္တပ္ပစိတ်ကင်းမဲ့သောလိမ်လည် လှည့်ဖြားတတ်သူတို့သည်ထိုသြဝါဒ များကိုပေးကြ၏။-
3 Forbidding to marry, [commanding] to abstain from foods which, God, created to be received with thanksgiving by them who believe and personally know the truth;
၃ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-
4 Because, every creature of God, is good, and nothing to be cast away, if, with thanksgiving, it be received, —
၄ဘုရားသခင်ဖန်ဆင်းထားတော်မူသောအရာ မှန်သမျှသည်သုံးဆောင်ထိုက်သည်ဖြစ်၍ အဘယ်အစားအစာကိုမျှရှောင်ကြဉ်ရန် မလိုပေ။ အစားအစာမှန်သမျှကိုကျေးဇူး တော်ချီးမွမ်းလျက်ခံယူရကြမည်။-
5 For it is hallowed by the word of God and intercession,
၅အဘယ်ကြောင့်ဆိုသော်ထိုအရာတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်း ကောင်း၊ သန့်စင်စေပြီးဖြစ်သောကြောင့်တည်း။
6 These things, submitting to the brethren, thou shall be, a noble, minister of Christ Jesus, nourishing thyself with the words of the faith, and of the noble teaching which thou hast closely studied.
၆ဤညွှန်ကြားချက်များကိုညီအစ်ကိုတို့အား ပေးအပ်မည်ဆိုပါမူ သင်သည်မိမိလိုက်နာ သည့်ယုံကြည်ချက်နှင့်မှန်ကန်သည့်အယူ ဝါဒကိုမှီဝဲကျင့်သုံးလျက် ခရစ်တော် ယေရှု၏အစေခံကောင်းဖြစ်လိမ့်မည်။-
7 But, from the profane and old-wives’ stories, excuse thyself, and be training thyself unto godliness;
၇တရားမဲ့ဖြစ်၍ပြောကြားရန်ပင်မသင့်လျော် သည့်ဒဏ္ဍာရီများကိုရှောင်လော့။ ဘုရားဝတ်၌ မွေ့လျော်တတ်ရန်မိမိကိုယ်ကိုလေ့ကျင့်ပေး လော့။-
8 For, the bodily training, for little, is profitable, whereas, godliness, for all things is profitable, —having, promise, of life—the present and the coming.
၈ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
9 Faithful, the saying! and, of all acceptance, worthy;
၉ဤစကားသည်သစ္စာစကားဖြစ်သဖြင့် အကြွင်းမဲ့လက်ခံယုံကြည်ရပေမည်။-
10 For, to this end, are we toiling and contending, because we have set our hope on a Living God, Who is Saviour of all men—specially, of such as believe.
၁၀ငါတို့သည်ကြိုးစားအားထုတ်လုပ်ဆောင်လျက် နေကြခြင်းမှာ လူအပေါင်းတို့၏ကယ်တင်ရှင် အထူးသဖြင့်ယုံကြည်သူတို့၏ကယ်တင်ရှင် ဖြစ်တော်မူ၍ အသက်ရှင်တော်မူသောဘုရား သခင်ကိုကိုးစားကြသောကြောင့်ဖြစ်၏။
11 Be giving these things in charge, and be teaching: —
၁၁ယခုဆိုခဲ့သည်အတိုင်းညွှန်ကြား၍သြဝါဒ ပေးလော့။
12 Let, no one, despise, thy youth, but, an ensample, become thou of the faithful, —in discourse, in behaviour, in love, in faith, in chastity.
၁၂အသက်ငယ်ရွယ်သူဖြစ်သည့်အတွက်သင့် အားအဘယ်သူမျှအထင်မသေးစေနှင့်။ သင် ၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းတို့သည် ယုံကြည်သူတို့အတွက်စံနမူနာဖြစ်စေ လော့။-
13 While I am coming, be giving heed—to the reading, to the exhorting, to the teaching:
၁၃ငါလာသည်တိုင်အောင်လူပရိသတ်ရှေ့ ကျမ်းစာတော်ကိုဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းတို့ကိုဂရုပြုလော့။-
14 Be not careless of the gift of favour, that is in thee, which was given thee through means of prophesying, along with a laying on of the hands of the eldership.
၁၄ပရောဖက်များမိန့်ကြား၍သင်းအုပ်များက သင့်အားသိက္ခာတင်မင်္ဂလာပေးချိန်တွင် သင်ခံ ယူရရှိသည့်ဝိညာဉ်ဆုကျေးဇူးကိုလျစ်လူ မရှုနှင့်။-
15 These things, be thy care, in these things, be thou, that, thine advancement, may be, manifest, unto all:
၁၅လူအပေါင်းတို့သည်သင်၏တိုးတက်ခြင်းကို တွေ့ရှိနိုင်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့် တာဝန်ဝတ္တရားတို့ကိုစိတ်ဝင်စား၍ဆောင် ရွက်လော့။-
16 Be giving heed to thyself, and to thy teaching, —abide still in them; for, this doing, both, thyself, shalt thou save, and them that hearken to thee.
၁၆သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။