< 1 Samuel 16 >
1 And Yahweh said unto Samuel—How long, art thou going to pine for Saul, seeing that, I, have rejected him from being king over Israel? Fill thy horn with oil, and come! let me send thee unto Jesse the Bethlehemite, for I have provided me, among his sons, a king.
၁တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
2 And Samuel said, How can I go? As soon as Saul heareth, he will slay me. Then said Yahweh, A heifer, take thou with thee, and say, To sacrifice unto Yahweh, am I come.
၂ရှမွေလ က၊ အကျွန်ုပ်သည် အဘယ်သို့ သွား နိုင်ပါမည်နည်း။ ရှောလု ကြား လျှင် သတ် ပါလိမ့်မည်ဟု လျှောက် သော် ၊ ထာဝရဘုရား က၊ နွားမတန်း ကိုယူ ၍ ငါသည် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ လာ ပြီဟု ပြော လော့။
3 Then shall thou bid Jesse to the sacrifice, —when, I, will let thee know what thou must do, so shalt thou anoint for me him whom I shall name unto thee.
၃ယေရှဲ ကို လည်း ယဇ် ပွဲသို့ ခေါ်ဘိတ် လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြု ရမည်ကို ငါ ပြ မည်။ ငါသည် နာမဖြင့် ထုတ်ပြ သော သူကို ငါ့ အဘို့ ဘိသိက် ပေးရမည်ဟု မိန့် တော်မူသည်အတိုင်း၊
4 And Samuel did that which Yahweh had spoken, and went to Bethlehem. And the elders of the city came trembling to meet him, and one said—Peaceably, comest thou?
၄ရှမွေလ ပြု၍ ဗက်လင် မြို့သို့ သွား လေ၏။ ဗက်လင်မြို့သားအသက်ကြီး သူတို့သည် ရှမွေလနှင့် တွေ့ သောအခါ တုန်လှုပ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးလျက် လာ တော်မူသလောဟု မေးလျှောက် ကြသော်၊
5 And he said—Peaceably: to sacrifice unto Yahweh, am I come. Hallow yourselves, and come with me to the sacrifice. And he hallowed Jesse and his sons, and bade them to the sacrifice.
၅ချမ်းသာ ပေးလျက် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ ငါလာ ပြီ။ မိမိတို့ကို သန့်ရှင်း စေပြီးမှ ငါ နှင့်အတူ ယဇ် ပွဲသို့ လာ ကြဟု ဆို သဖြင့် ၊ ယေရှဲ နှင့် သူ ၏သား တို့ကို သန့်ရှင်း စေ၍ ယဇ် ပွဲသို့ ခေါ် လေ၏။
6 And it came to pass, when they entered, that he looked upon Eliab, —and said to himself, Surely, before Yahweh, is his Anointed.
၆သူတို့သည် ရောက် လာသောအခါ ဧလျာဘ ကို ကြည့်ရှု ၍ ၊ စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသက် ခံရသောသူသည် ငါ့ရှေ့ မှာရှိ ၏ဟု ဆို လေသော်၊
7 But Yahweh said unto Samuel—Do not regard his countenance, or the height of his stature, for I have rejected him, —for it is not what man looketh to but what God looketh to. For, man, looketh to the outward appearance, but, Yahweh, looketh to the heart.
၇ထာဝရဘုရား က၊ သူ ၏မျက်နှာ ၊ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။
8 Then Jesse called Abinadab, and made him pass before Samuel, —and he said, Neither of this one, hath Yahweh made choice.
၈တဖန် ယေရှဲ သည် အဘိနဒပ် ကို ခေါ် ၍ ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလက၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟုဆို ၏။
9 Then Jesse made Shammah pass by, —and he said—Nor of this one, hath Yahweh made choice.
၉တဖန် ယေရှဲ သည် ရှိမာ ကို သွား စေသဖြင့် ၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟု ဆို ၏။
10 So Jesse made seven of his sons pass before Samuel, —and Samuel said unto Jesse, Yahweh hath not made choice of these.
၁၀တဖန် ယေရှဲ သည် သား ခုနစ် ယောက်တို့ကို ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလ က၊ ဤ သူတို့ကို လည်း ထာဝရဘုရား ရွေး တော်မ မူ။
11 Then said Samuel unto Jesse—Are these all the young men? And he said—There yet remaineth, the youngest, but lo! he is tending the sheep. Then said Samuel unto Jesse—Do, send, and summon him, for we cannot sit round, until he cometh in hither.
၁၁သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊
12 So he sent, and brought him in. Now, he, was ruddy, a stripling with handsome eyes, and noble mien. Then said Yahweh—Rise—anoint him, for, this, is, he.
၁၂စေလွှတ် ၍ သူ့ ကို ခေါ် ခဲ့၏။ သူ သည် နီ သောဆံပင်ရှိ၏။ လှ သောအဆင်း နှင့် ချစ် ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရား က ဤ သူ ပေတည်း။ ထ ၍ ဘိသိက် ပေးလော့ဟု မိန့် တော်မူ၏။
13 And Samuel took the horn of oil, and anointed him in the midst of his brethren. And the Spirit of Yahweh came mightily upon David, from that day forward. Then arose Samuel, and went his way unto Ramah.
၁၃ရှမွေလ သည်လည်း ၊ ဆီ ဘူး ကိုယူ ၍ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏။
14 But, the spirit of Yahweh, departed from Saul, —and there terrified him a sad spirit, from Yahweh.
၁၄ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ရှောလု မှ ထွက်သွား ၍ ၊ ထာဝရဘုရား ထံ တော်က ဆိုး သော ဝိညာဉ် သည် နှောင့်ရှက် တတ်၏။
15 Then said the servants of Saul unto him, —Lo! we pray thee, a sad superhuman spirit, doth terrify thee:
၁၅ရှောလု ၏ ကျွန် တို့ကလည်း ၊ ယခု မှာ ဘုရား သခင်ထံတော်က ဆိုး သော ဝိညာဉ် သည် ကိုယ်တော် ကို နှောင့်ရှက် တတ်ပါ၏။
16 Pray let our lord bid thy servants before thee, seek out a man, skilled in playing on the lyre, —so shall it be, when a sad superhuman spirit cometh on thee, then shall he play with his hand, and thou shalt be joyful.
၁၆ခစားသော ကိုယ်တော် ၏ ကျွန် တို့သည်၊ သာယာစွာ စောင်း တီး တတ် သောသူ ကို ရှာဖွေ ရမည် အကြောင်းအရှင် အမိန့် ရှိတော်မူပါ။ ဘုရား သခင့်ထံတော်က ဆိုး သောဝိညာဉ် လာ သောအခါ ၊ သူသည်စောင်းတီး သဖြင့် ကိုယ်တော် သည် ချမ်းသာ ရတော်မူမည်ဟု လျှောက် လျှင်၊
17 And Saul said unto his servants, —I pray you, look out for me a man that excelleth in playing, and bring him in unto me.
၁၇ရှောလု က၊ သာယာ စွာ တီး တတ်သောသူ ကို ငါ့ အဘို့ ရှာဖွေ၍ ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ကျွန် တို့အား မိန့် တော်မူသော်၊
18 Then responded one of the young men and said—Lo! I have seen—a son of Jesse, the Bethlehemite, skilled in playing, and a mighty man of valour, and a man of war, and of intelligent speech, and a handsome man, and, Yahweh, is with him.
၁၈ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်၊
19 So Saul sent messengers unto Jesse, —and said, Send, unto me—David thy son, who is with the sheep.
၁၉ရှောလု က၊ ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍ ၊ သိုးထိန်းဖြစ်သောသင် ၏သား ဒါဝိဒ် ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု အမိန့် တော်ရှိ၏။
20 Then took Jesse an ass laden with bread, and a skin of wine, and one kid, —and sent by the hand of David his son, unto Saul.
၂၀ယေရှဲ သည် မုန့် တင်သော မြည်း ၊ စပျစ်ရည် ဘူး ၊ ဆိတ် သငယ်ကို ယူ ၍ မိမိ သား ဒါဝိဒ် တွင် ရှောလု ထံသို့ ပေး လိုက်လေ၏။
21 And David came in unto Saul, —and stood before him, —and he loved him greatly, and he became his armour-bearer.
၂၁ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ၍ ခစား သဖြင့် ၊ ရှောလုသည် အလွန် ချစ် ၍ လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။
22 And Saul sent unto Jesse, saying, —I pray thee, let David stand before me, for he hath found favour in mine eyes.
၂၂ရှောလု သည်လည်း ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍၊ ဒါဝိဒ် ကို ငါ့ စိတ် နှင့်တွေ့သောကြောင့် ငါ့ ထံ၌ ခစား ပါစေဟု အခွင့် တောင်းလေ၏။
23 And so it used to be, when a superhuman spirit came unto Saul, then would David take the lyre, and play with his hand, —and Saul would be refreshed, and be joyful, and, the sad spirit, would depart from him.
၂၃ဘုရား သခင့်ထံတော်က ဆိုးသောဝိညာဉ် သည် ရှောလု အပေါ် မှာ ရောက် သောအခါ ၊ ဒါဝိဒ် သည် စောင်း ကိုယူ ၍ တီး သဖြင့် ဆိုး သောဝိညာဉ် ထွက် သွား၍ ၊ ရှောလု သည် သက်သာ လျက် ပကတိ ကျန်းမာလျက်ရှိတတ်၏။