< 1 Corinthians 10 >
1 For I wish not ye should be ignorant, brethren, that, all our fathers, were, under the cloud, and, all, passed through the sea, —
၁ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွား ကြသည်ဟူ၍၎င်း၊
2 And, all, immersed themselves into Moses, in the cloud, and in the sea;
၂မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊
3 And, all, did eat [the same] spiritual food,
၃ဓမ္မအစာကိုအတူစားကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှါ ငါအလိုမရှိ၊
4 And, all, drank, the same spiritual drink, —for they continued to drink of the spiritual rock that followed them, and, the rock, was the Christ: —
၄ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း။
5 Nevertheless, with the most of them, God, was not well-pleased, for they were strewed along in the desert.
၅သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။
6 But, in these things, they became, ensamples for us, to the end we should not be covetous of evil things, even as, they, also coveted;
၆ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေ ဖြစ်ကြ၏။
7 Neither become ye, idolaters, as some of them, —as it is written—The people sat down to eat and drink, and rose up to be making sport;
၇လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏ဟု ကျမ်းစာ လာသည်အတိုင်း၊
8 Neither let us commit fornication, as, some of them, committed fornication, and there fell, in one day, three and twenty thousand;
၈ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။
9 Neither let us be putting the Lord to the test, as, some of them, put him to the test, and, by the serpents, were perishing;
၉ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စိးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော် ကို မစုံစမ်းမနှောင့်ရှက်ဘဲနေကြကုန်အံ့။
10 Neither be ye murmuring, even, as some of them, murmured, and perished by the destroyer.
၁၀ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။
11 But, these things, by way of type, were happening unto them, and were written with a view to our admonition, unto whom, the ends of the ages, have reached along. (aiōn )
၁၁ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။ (aiōn )
12 So that, he that thinketh he is standing, let him take heed lest he fall.
၁၂ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။
13 Trial, hath not taken you, save such as man can bear; faithful, moreover is God, who will not suffer you to be tried above what ye are able, but will make, with the trial, also the way of escape, that ye may be able to hold out.
၁၃လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
14 Wherefore, my beloved, flee from idolatry, —
၁၄ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။
15 As, to prudent men, I speak, —judge, ye, what I say: —
၁၅သင်တို့ကို ပညာရှိသကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။
16 The cup of blessing which we bless, is it not, a sharing together of the blood of the Christ? The loaf which we break, is it not, a sharing together of the body of the Christ?
၁၆ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။
17 Because, one loaf, one body, we, the many, are, for we, all, of the one loaf, partake.
၁၇မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။
18 Be looking at Israel after the flesh: —are not, they who eat the sacrifices, joint partakers with the altar?
၁၈ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။
19 What, then, am I saying?—that, an idol-sacrifice, is anything? or that, an idol, is anything?
၁၉ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။
20 On the contrary—that, the things which the nations sacrifice, unto demons, and not unto God, they sacrifice; and I wish not that ye should become, sharers together with the demons!
၂၀ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။
21 Ye cannot be drinking—a cup of the Lord, and a cup of demons; ye cannot be partaking of, a table of the Lord, and a table of demons.
၂၁သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။
22 Or are we to provoke the Lord to jealousy? Are we mightier than he?
၂၂သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။
23 All things are allowable—but, not all things, are profitable, —all things are allowable—but, not all things, upbuild.
၂၃ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။
24 Let, no one, be seeking, what concerneth himself, but that which concerneth some one else.
၂၄ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။
25 Whatsoever, in the market, is sold, eat, —asking no question, for conscience sake;
၂၅ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။
26 For, unto the Lord, belongeth the earth, and the fullness thereof.
၂၆အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။
27 If one of them who believe not invite you, and ye are disposed to go, whatsoever is set before you, eat, —asking no question, for conscience sake.
၂၇မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။
28 But, if anyone should say unto you, —This, is, a holy sacrifice, do not eat, for that man’s sake who disclosed it, and for conscience sake: —
၂၈သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစုံတယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသော သူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။
29 But, conscience, I mean, not thine own, but the other’s, —for why is my freedom to be judged by another’s conscience?
၂၉ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း။
30 If, I, with gratitude, partake, why am I to be defamed, as to that for which, I, give thanks?
၃၀ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊
31 Whether, therefore, ye eat or drink, or whatsoever ye do, do, all things to the glory of God.
၃၁သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
32 Give no occasion of stumbling—whether to Jews, or to Greeks, or to the assembly of God:
၃၂လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊
33 Even as, I also, in all things do please all, not seeking my own profit, but that of the many, that they may be saved.
၃၃ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊