< Song of Solomon 7 >

1 How beautiful are thy feet in sandals, O prince’s daughter! the joints of thy thighs are like jewels, the work of the hands of a cunning workman.
အိုမင်းသမီး ၊ ခြေနင်း စီးလျက် ၊ သင် ၏ခြေ တို့ သည် အလွန် တင့်တယ် ပါ၏။ သင် ၏ခါးဆစ် တို့သည် လိမ္မာ သောသူ ပြုပြင် သောကျောက်ကောင်းရတနာ ကဲ့သို့ ဖြစ်ကြပါ၏။
2 Thy navel is [like] a round goblet, [wherein] no mingled wine is wanting: thy belly is [like] an heap of wheat set about with lilies.
သင် ၏ခါး သည် အရည် နှင့်ပြည့် သော ဖလား လုံး ဖြစ်ပါ၏။ ဝမ်း သည်လည်း နှင်းပန်း စီချယ် သော စပါး ပုံ ဖြစ်ပါ၏။
3 Thy two breasts are like two fawns that are twins of a roe.
သင် ၏ရင်သား နှစ်ဘက် တို့သည် ဒရယ် သငယ် အမွှာ နှင့် တူကြပါ၏။
4 Thy neck is like the tower of ivory; thine eyes [as] the pools in Heshbon, by the gate of Bath-rabbim; thy nose is like the tower of Lebanon which looketh toward Damascus.
လည်ပင်း သည်ဆင်စွယ် ရဲတိုက် ကဲ့သို့ ၎င်း၊ မျက်စိ တို့သည် ဟေရှဘုန် မြို့၊ ဗာသရဗ္ဗိမ် တံခါး နား မှာ ရှိသောရေကန် ကဲ့သို့၎င်း၊ နှာခေါင်း သည် ဒမာသက် မြို့သို့ မျက်နှာ ပြုသော လေဗနုန် ရဲတိုက် ကဲ့သို့ ၎င်း ဖြစ်ပါ၏။
5 Thine head upon thee is like Carmel, and the hair of thine head like purple; the king is held captive in the tresses [thereof].
သင် ၏ဦခေါင်း သည် ကရမေလ တောင်နှင့် တူ ၍၊ ဆံပင် သည်လည်း နီမောင်း သော တန်ဆာဆင်ပါ ၏။ မင်းကြီး သည် ကျစ် သောဆံပင်နှင့် နှောင်ဖွဲ့ လျက် ရှိတော်မူ၏။
6 How fair and how pleasant art thou, O love, for delights!
ငါချစ် သောနှမ၊ ငါပျော်မွေ့ ဘို့ရာ သင်သည် အလွန် လှ ပေ၏။ အလွန် ချစ် ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
7 This thy stature is like to a palm tree, and thy breasts to clusters [of grapes].
သင် ၏အရပ် သည် စွန်ပလွံ ပင်ကဲ့သို့ဖြစ်၍၊ သင် ၏ရင်သား တို့လည်း စွန်ပလွံသီး ပြွတ်နှင့်တူ ကြ၏။
8 I said, I will climb up into the palm tree, I will take hold of the branches thereof: let thy breasts be as clusters of the vine, and the smell of thy breath like apples;
စွန်ပလွံ ပင်ကို ငါတက် မည်၊ အကိုင်း အခက် တို့ကို ကိုင် မည်ဟု ငါဆို သော် ၊ တဖန်သင် ၏ရင်သား တို့ သည် စပျစ်သီး ပြွတ် ကဲ့သို့ ၎င်း၊ သင် ရှူ သောအသက်အနံ့ သည် ရှောက်ချိုသီး အနံ့ကဲ့သို့ ၎င်း ၊
9 And thy mouth like the best wine, that goeth down smoothly for my beloved, gliding through the lips of those that are asleep.
သင် ၏နှုတ် သည်လည်း အကောင်းဆုံး သော စပျစ်ရည် ကဲ့သို့ ၎င်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါ ချစ် ရာသခင်အဘို့ ဖြောင့် စွာ စီး တတ်ပါ၏။ အိပ်ပျော် သောသူတို့၏နှုတ်ခမ်း သို့ အမှတ်တမဲ့ရောက် တတ်ပါ၏။
10 I am my beloved’s, and his desire is toward me.
၁၀ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ့ အလို သို့လည်း လိုက်တော်မူတတ်၏။
11 Come, my beloved, let us go forth into the field; let us lodge in the villages.
၁၁ကြွလာ တော်မူပါ၊ ငါ ချစ် ရာသခင်။ ကြွလာတော်မူ ပါ။ တော အရပ်သို့ ထွက်သွား ၍ ရွာ တို့၌ ညဉ့် ကိုလွန်စေ ကြကုန်အံ့။
12 Let us get up early to the vineyards; let us see whether the vine hath budded, [and] its blossom be open, [and] the pomegranates be in flower: there will I give thee my love.
၁၂နံနက် စောစောထ၍ စပျစ် ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှု ကြကုန်အံ့။ ထို အရပ်၌ ကျွန်မ ၏ မေတ္တာ ကို ကိုယ်တော် ၌ အပ်ပေး ပါမည်။
13 The mandrakes give forth fragrance, and at our doors are all manner of precious fruits, new and old, which I have laid up for thee, O my beloved.
၁၃အနု ဆေးပင်တို့သည် မွှေးကြိုင် ကြပါ၏။ ငါ တို့ တံခါး နား မှာ ချို သောအသီးမျိုး အသစ် အဟောင်း တို့ကို ကိုယ်တော် ဘို့ ကျွန်မသိုထား ပါပြီ၊ ငါ ချစ် ရာသခင်။

< Song of Solomon 7 >