< Numbers 2 >
1 And the LORD spake unto Moses and unto Aaron, saying,
၁တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
2 The children of Israel shall pitch every man by his own standard, with the ensigns of their fathers’ houses: over against the tent of meeting shall they pitch round about.
၂ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိ တပ်နှင့်ဆိုင်သောအလံ၊ မိမိ အဆွေအမျိုး နှင့် ဆိုင်သော အလံ အနား မှာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ရှေ့ရှုပြု၍ နေရာ ချရမည်။
3 And those that pitch on the east side toward the sunrising shall be they of the standard of the camp of Judah, according to their hosts: and the prince of the children of Judah shall be Nahshon the son of Amminadab.
၃နေ ထွက်ရာ အရှေ့ မျက်နှာ၌ ၊ ယုဒ တပ် အလံ နှင့် ဆိုင်သော အလုံးအရင်း သည် နေရာ ကျ၍ ၊ အမိနဒပ် သား နာရှုန် သည်၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
4 And his host, and those that were numbered of them, were threescore and fourteen thousand and six hundred.
၄သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခုနစ်သောင်း လေးထောင်ခြောက် ရာ ရှိသတည်း။
5 And those that pitch next unto him shall be the tribe of Issachar: and the prince of the children of Issachar shall be Nethanel the son of Zuar:
၅ယုဒတပ်အနား မှာ၊ ဣသခါ တပ်ချ ၍ ၊ ဇုအာ သား နာသနေလ သည်၊ ဣသခါ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
6 and his host, and those that were numbered thereof, were fifty and four thousand and four hundred:
၆သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း လေးထောင်လေး ရာ ရှိသတည်း။
7 [and] the tribe of Zebulun: and the prince of the children of Zebulun shall be Eliab the son of Helon:
၇ထိုနောက်၊ ဇာဗုလုန် တပ်ချ၍၊ ဟေလုန် သား ဧလျာဘ သည်၊ ဇာဗုလုန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
8 and his host, and those that were numbered thereof, were fifty and seven thousand and four hundred.
၈သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ခုနစ်ထောင်လေး ရာ ရှိသတည်း။
9 All that were numbered of the camp of Judah were an hundred thousand and fourscore thousand and six thousand and four hundred, according to their hosts. They shall set forth first.
၉ယုဒ တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်သောင်း ခြောက် ထောင် လေး ရာ ရှိသတည်း။ ဤသူတို့သည်၊ တပ် ဦး အရာ၌ ချီ ရကြမည်။
10 On the south side shall be the standard of the camp of Reuben according to their hosts: and the prince of the children of Reuben shall be Elizur the son of Shedeur.
၁၀တောင် မျက်နှာ၌ ၊ ရုဗင် တပ် အလုံးအရင်း သည်၊ ရုဗင်အလံ ကိုထူ၍၊ ရှေဒုရ သား ဧလိဇုရ သည်၊ ရုဗင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
11 And his host, and those that were numbered thereof, were forty and six thousand and five hundred.
၁၁သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ခြောက်ထောင်ငါး ရာ ရှိသတည်း။
12 And those that pitch next unto him shall be the tribe of Simeon: and the prince of the children of Simeon shall be Shelumiel the son of Zurishaddai:
၁၂ရုဗင်တပ်အနား မှာ ရှိမောင် တပ်ချ ၍ ၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည်၊ ရှိမောင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
13 and his host, and those that were numbered of them, were fifty and nine thousand and three hundred:
၁၃သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ကိုးထောင်သုံး ရာ ရှိသတည်း။
14 and the tribe of Gad: and the prince of the children of Gad shall be Eliasaph the son of Reuel.
၁၄ထိုနောက် ဂဒ် တပ်ချ၍၊ ဒွေလ သား ဧလျာသပ် သည်၊ ဂဒ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
15 And his host, and those that were numbered of them, were forty and five thousand and six hundred and fifty.
၁၅သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိသတည်း။
16 All that were numbered of the camp of Reuben were an hundred thousand and fifty and one thousand and four hundred and fifty, according to their hosts. And they shall set forth second.
၁၆ရုဗင် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း တထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ် အရာ၌ ချီ ရကြမည်။
17 Then the tent of meeting shall set forward, with the camp of the Levites in the midst of the camps: as they encamp, so shall they set forward, every man in his place, by their standards.
၁၇ထိုအခါ ၊ တပ်မ အလယ် ၌ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့်တကွ၊ လေဝိ တပ် ချီ ရမည်။ တပ်ချ သည် အတိုင်း ၊ လူအသီးသီး တို့သည်၊ မိမိ နေရာ ၌ မိမိ ဆိုင်သော အလံ နှင့်အတူလိုက်လျက်ချီ ရကြမည်။
18 On the west side shall be the standard of the camp of Ephraim according to their hosts: and the prince of the children of Ephraim shall be Elishama the son of Ammihud.
၁၈အနောက် မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ် အလံ ကိုထူ၍၊ အမိဟုဒ် သား ဧလိရှမာ သည်၊ ဧဖရိမ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
19 And his host, and those that were numbered of them, were forty thousand and five hundred.
၁၉သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
20 And next unto him shall be the tribe of Manasseh: and the prince of the children of Manasseh shall be Gamaliel the son of Pedahzur:
၂၀ဧဖရိမ်တပ်အနား မှာ မနာရှေ တပ်ချ၍၊ ပေဒါဇုရ သား ဂါမလေလျလ သည်၊ မနာရှေ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
21 and his host, and those that were numbered of them, were thirty and two thousand and two hundred:
၂၁သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
22 and the tribe of Benjamin: and the prince of the children of Benjamin shall be Abidan the son of Gideoni:
၂၂ထိုနောက် ဗင်္ယာမိန် တပ်ချ၍၊ ဂိဒေါနိ သား အဘိဒန် သည်၊ ဗင်္ယာမိန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
23 and his host, and those that were numbered of them, were thirty and five thousand and four hundred.
၂၃သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း ငါးထောင်လေး ရာ ရှိသတည်း။
24 All that were numbered of the camp of Ephraim were an hundred thousand and eight thousand and an hundred, according to their hosts. And they shall set forth third.
၂၄ဧဖရိမ် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်ထောင် တရာ ရှိသတည်း။ ဤသူတို့သည် တတိယ တပ် အရာ၌ ချီ ရကြမည်။
25 On the north side shall be the standard of the camp of Dan according to their hosts: and the prince of the children of Dan shall be Ahiezer the son of Ammishaddai.
၂၅တပ်များ မြောက် မျက်နှာ၌ ၊ ဒန်တပ်အလုံးအရင်း သည်၊ ဒန် အလံ ကိုထူ၍၊ အမိရှဒ္ဒဲ သား အဟေဇာ သည်၊ ဒန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
26 And his host, and those that were numbered of them, were threescore and two thousand and seven hundred.
၂၆သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ် ရာ ရှိသတည်း။
27 And those that pitch next unto him shall be the tribe of Asher: and the prince of the children of Asher shall be Pagiel the son of Ochran:
၂၇ဒန်တပ်အနား မှာ၊ အာရှာ တပ်ချ၍၊ ဩကရန် သား ပါဂျေလ သည်၊ အာရှာ အမျိုးသား တို့တွင် ဗိုလ် လုပ် ရမည်။
28 and his host, and those that were numbered of them, were forty and one thousand and five hundred:
၂၈သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း တထောင်ငါး ရာ ရှိသတည်း။
29 and the tribe of Naphtali: and the prince of the children of Naphtali shall be Ahira the son of Enan:
၂၉ထိုနောက် ၊ နဿလိ တပ်ချ၍၊ ဧနန် သား အဟိရ သည်၊ နဿလိ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
30 and his host, and those that were numbered of them, were fifty and three thousand and four hundred.
၃၀သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း သုံးထောင်လေး ရာ ရှိသတည်း။
31 All that were numbered of the camp of Dan were an hundred thousand and fifty and seven thousand and six hundred. They shall set forth hindmost by their standards.
၃၁ဒန် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက် ရာ ရှိသတည်း။ ဤသူတို့သည်၊ မိမိ တို့အလံ ပါလျက် နောက်ဆုံး တပ်အရာ၌ ချီ ရကြမည်။
32 These are they that were numbered of the children of Israel by their fathers’ houses: all that were numbered of the camps according to their hosts were six hundred thousand and three thousand and five hundred and fifty.
၃၂ထိုသို့နှင့်အညီ၊ အဆွေအမျိုး အလိုက် ရေတွက် သော ဣသရေလ အမျိုးသား တပ် အလုံးအရင်း လူပေါင်း ကား၊ ခြောက် သိန်းသုံးထောင် ငါးရာ ငါးဆယ် ရှိသတည်း။
33 But the Levites were not numbered among the children of Israel; as the LORD commanded Moses.
၃၃ထာဝရဘုရား သည်၊ မောရှ အား မှာ ထားတော်မူသည်အတိုင်း ၊ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ နှင့် ရောနှော၍ မ ရေတွက် ရ။
34 Thus did the children of Israel; according to all that the LORD commanded Moses, so they pitched by their standards, and so they set forward, every one by their families, according to their fathers’ houses.
၃၄ထာဝရဘုရား သည်၊ မောရှေ အား မှာ ထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အသီးသီး တို့သည်၊ မိမိ အလံ အနားမှာ မိမိနေရာချ ခြင်းကို၎င်း၊ မိမိ ဘိုး ဘ အမျိုး အလိုက် ချီ ခြင်းကို၎င်းပြု ရကြ၏။