< Leviticus 22 >
1 And the LORD spake unto Moses, saying,
၁တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Speak unto Aaron and to his sons, that they separate themselves from the holy things of the children of Israel, which they hallow unto me, and that they profane not my holy name: I am the LORD.
၂အာရုန် နှင့် သူ ၏သား တို့သည် ငါ့ အဘို့ သန့်ရှင်း စေသောအရာအားဖြင့်၊ သန့်ရှင်း သော ငါ ၏ နာမ တော်ကို မ ရှုတ် မချဘဲ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာများနှင့် ကိုယ်ကိုကိုယ်ကွာ စေရမည် အကြောင်း ဆင့်ဆို လော့။ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 Say unto them, Whosoever he be of all your seed throughout your generations, that approacheth unto the holy things, which the children of Israel hallow unto the LORD, having his uncleanness upon him, that soul shall be cut off from before me: I am the LORD.
၃ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့် ၊ သန့်ရှင်း ခြင်းရှိသောအရာတို့ကို ၊ ကိုယ် မ စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
4 What man soever of the seed of Aaron is a leper, or hath an issue; he shall not eat of the holy things, until he be clean. And whoso toucheth any thing that is unclean by the dead, or a man whose seed goeth from him;
၄နူနာ ၊ ရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ စား ရ။ အသေ ကောင်နှင့်ဆိုင်၍ မ သန့်ရှင်းသောအရာကို ထိ သောသူ၊ သုတ် ရည်ထွက် သော သူ၊
5 or whosoever toucheth any creeping thing, whereby he may be made unclean, or a man of whom he may take uncleanness, whatsoever uncleanness he hath;
၅ညစ်ညူး စေ၍ တွား တတ်သော တိရစ္ဆာန်ကိုထိ သော သူ ၊ ညစ်ညူး ခြင်းတစုံ တခုစွဲ၍ ညစ်ညူး သော သူ ၊ ထိုသို့သောသူ ကို ထိ သမျှသော သူ တို့သည်၊
6 the soul which toucheth any such shall be unclean until the even, and shall not eat of the holy things, unless he bathe his flesh in water.
၆ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ် ကို ရေ မချိုးဘဲနေလျှင် ၊ သန့်ရှင်း သောအရာကို မ စား ရ။
7 And when the sun is down, he shall be clean; and afterward he shall eat of the holy things, because it is his bread.
၇နေ ဝင် သောနောက်မှသန့်ရှင်း ခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်း သောအရာသည် သူ တို့ စားစရာ ဖြစ်သောကြောင့် ၊ ထို နောက်မှစား ရကြမည်။
8 That which dieth of itself, or is torn of beasts, he shall not eat to defile himself therewith: I am the LORD.
၈အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
9 They shall therefore keep my charge, lest they bear sin for it, and die therein, if they profane it: I am the LORD which sanctify them.
၉ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့် ၊ ကိုယ် အပြစ် ကိုခံ လျက် မ သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ၏။
10 There shall no stranger eat of the holy thing: a sojourner of the priest’s, or an hired servant, shall not eat of the holy thing.
၁၀တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။
11 But if a priest buy any soul, the purchase of his money, he shall eat of it; and such as are born in his house, they shall eat of his bread.
၁၁ယဇ် ပုရောဟိတ်သည် ကိုယ် ငွေ နှင့် ဝယ် သောသူ၊ သူ ၏ အိမ် ၌မွေး သောသူသည် သူ ၏အစာ ကို စား ရမည်။
12 And if a priest’s daughter be married unto a stranger, she shall not eat of the heave offering of the holy things.
၁၂ယဇ်ပုရောဟိတ် သမီး သည် တပါး အမျိုးသား၏ မယားဖြစ် လျှင် ၊ သန့်ရှင်း သော ပူဇော် သက္ကာအရာကို မ စား ရ။
13 But if a priest’s daughter be a widow, or divorced, and have no child, and is returned unto her father’s house, as in her youth, she shall eat of her father’s bread: but there shall no stranger eat thereof.
၁၃သို့ရာတွင် လင် သေသော်၎င်း ၊ လင်နှင့်ကွာ သော်၎င်း၊ သား မ ရှိဘဲ မိမိ အဘ အိမ် သို့ ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ ၏အစာ ကို စား ရမည်။ တပါး အမျိုးသားမ စား ရ။
14 And if a man eat of the holy thing unwittingly, then he shall put the fifth part thereof unto it, and shall give unto the priest the holy thing.
၁၄လူ သည် သန့်ရှင်း သောအရာကို မ သိဘဲ စား မိလျှင် ၊ စားမိသောအရာ၏ အဘိုးနှင့်တကွငါး စုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ် အား ပေး ရမည်။
15 And they shall not profane the holy things of the children of Israel, which they offer unto the LORD;
၁၅ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော် ၍ ၊ သန့်ရှင်း သောအရာတို့ကို မ ရှုတ် မချရ။
16 and [so] cause them to bear the iniquity that bringeth guilt, when they eat their holy things: for I am the LORD which sanctify them.
၁၆ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။
17 And the LORD spake unto Moses, saying,
၁၇တဖန် မောရှေ အား ထာဝရဘုရား က သင်သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို ရမည်မှာ၊
18 Speak unto Aaron, and to his sons, and unto all the children of Israel, and say unto them, Whosoever he be of the house of Israel, or of the strangers in Israel, that offereth his oblation, whether it be any of their vows, or any of their freewill offerings, which they offer unto the LORD for a burnt offering;
၁၈ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊
19 that ye may be accepted, [ye shall offer] a male without blemish, of the beeves, of the sheep, or of the goats.
၁၉စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။
20 But whatsoever hath a blemish, that shall ye not offer: for it shall not be acceptable for you.
၂၀အပြစ် ပါသောအကောင်ကို မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
21 And whosoever offereth a sacrifice of peace offerings unto the LORD to accomplish a vow, or for a freewill offering, of the herd or of the flock, it shall be perfect to be accepted; there shall be no blemish therein.
၂၁သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
22 Blind, or broken, or maimed, or having a wen, or scurvy, or scabbed, ye shall not offer these unto the LORD, nor make an offering by fire of them upon the altar unto the LORD.
၂၂မျက်စိ ကန်းသောအပြစ်၊ အရိုးကျိုး သောအပြစ်၊ အင်္ဂါချို့တဲ့ သောအပြစ်၊ မြင်းဖု ရှိသောအပြစ်၊ ဝဲနာ ၊ ယားနာ စွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရား အား မ ပူဇော် ရ။ ယဇ် ပလ္လင်ပေါ် မှာ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာမ ပြု ရ။
23 Either a bullock or a lamb that hath any thing superfluous or lacking in his parts, that mayest thou offer for a freewill offering; but for a vow it shall not be accepted.
၂၃သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုး ၊ ဆိတ်၊ နွား ကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
24 That which hath its stones bruised, or crushed, or broken, or cut, ye shall not offer unto the LORD; neither shall ye do [thus] in your land.
၂၄ကြိတ် နယ် စုတ် ပြတ် ရာ အနာရှိသော အထီးကို ထာဝရဘုရား အား မ ပူဇော် ရ။ သင် တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမ ပြု ရ။
25 Neither from the hand of a foreigner shall ye offer the bread of your God of any of these; because their corruption is in them, there is a blemish in them: they shall not be accepted for you.
၂၅ထိုသို့သောအကောင်ကို တပါး အမျိုးသားဆက် သော်လည်း ပျက် သောအပြစ် ပါသောကြောင့် ၊ သင် တို့၏ ဘုရား သခင့်ပွဲတော် ဘို့ မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့ဟု မိန့် တော်မူ၏။
26 And the LORD spake unto Moses, saying,
၂၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
27 When a bullock, or a sheep, or a goat, is brought forth, then it shall be seven days under the dam; and from the eighth day and thenceforth it shall be accepted for the oblation of an offering made by fire unto the LORD.
၂၇သိုး ၊ ဆိတ် ၊ နွား တို့သည် မွေးဘွား သောအခါ ခုနစ် ရက် အတွင်းတွင် သားငယ်ကို အမိ နှင့် မကွာစေရ။ အဋ္ဌမ နေ့ မှစ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော် သက္ကာဘို့ တော်သင့် ၏။
28 And whether it be cow or ewe, ye shall not kill it and her young both in one day.
၂၈နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ သား အမိနှစ်ကောင်ကို တ နေ့ခြင်းတွင် မ သတ် ရ။
29 And when ye sacrifice a sacrifice of thanksgiving unto the LORD, ye shall sacrifice it that ye may be accepted.
၂၉ကျေးဇူး တော်ဝန်ခံရာယဇ် ကို ထာဝရဘုရား အား ပူဇော် လိုလျှင် ၊ စိတ် တော်နှင့်တွေ့ခြင်းငှါ ပူဇော် လော့။
30 On the same day it shall be eaten; ye shall leave none of it until the morning: I am the LORD.
၃၀တနေ့ ခြင်းတွင် စား ရမည်။ နက်ဖြန်နေ့ တိုင်အောင် မ ကြွင်း စေရ။ ငါ သည်ထာဝရဘုရား ဖြစ်၏။
31 Therefore shall ye keep my commandments, and do them: I am the LORD.
၃၁သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။
32 And ye shall not profane my holy name; but I will be hallowed among the children of Israel: I am the LORD which hallow you,
၃၂သန့်ရှင်း သောငါ ၏နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ အမျိုးသား တို့သည် ထင်မှတ်ရကြမည်။
33 that brought you out of the land of Egypt, to be your God: I am the LORD.
၃၃ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။