< Job 9 >

1 Then Job answered and said,
ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 Of a truth I know that it is so: but how can man be just with God?
မှန် ပါ၏။ ထို စကားမှန် ကြောင်းကိုငါသိ ၏။ သို့သော်လည်း ၊ လူ သည် ဘုရား သခင့်ရှေ့ တော်၌ အဘယ် သို့ ဖြောင့်မတ် ရာသို့ ရောက်နိုင်သနည်း။
3 If he be pleased to contend with him, he cannot answer him one of a thousand.
ဘုရားသခင် သည် အပြစ် တင်ခြင်းငှါ အလို တော်ရှိလျှင် ၊ လူ သည် အပြစ်တထောင် တွင် တခု မျှ မ ဖြေ နိုင်။
4 [He is] wise in heart, and mighty in strength: who hath hardened himself against him, and prospered?
ဘုရားသခင် သည် ထူးဆန်း သော ဉာဏ် ၊ ကြီးစွာ သော တန်ခိုး နှင့် ပြည့်စုံ တော်မူသည် ဖြစ်၍၊ အဘယ် သူသည် အာဏာ တော်ကို ဆန် ၍အောင် နိုင်သနည်း။
5 Which removeth the mountains, and they know it not, when he overturneth them in his anger.
ဘုရားသခင် သည် တောင် တို့ကို အမှတ် တမဲ့ရွှေ့ တော်မူ၏။ အမျက် ထွက်၍ မှောက်လှန် တော်မူ၏။
6 Which shaketh the earth out of her place, and the pillars thereof tremble.
မြေကြီး ကိုရွေ့ စေခြင်းငှါ တွန်းတော်မူ၍၊ မြေ တိုင် တို့သည် တုန်လှုပ် ကြ၏။
7 Which commandeth the sun, and it riseth not; and sealeth up the stars.
နေ ကို မှာ ထားတော်မူ၍ သူသည်မ ထွက် ရ။ ကြယ် တို့ကိုလည်း ကွယ် ထားတော်မူ၏။
8 Which alone stretcheth out the heavens, and treadeth upon the waves of the sea.
မိုဃ်း ကောင်းကင် ကို ကိုယ်တော်တပါး တည်း ဖြန့် မိုးတော်မူ၏။ သမုဒ္ဒရာ လှိုင်း တံပိုးကို နင်း တော်မူ၏။
9 Which maketh the Bear, Orion, and the Pleiades, and the chambers of the south.
အာရှ ကြယ်၊ ခသိလ ကြယ်၊ ခိမ ကြယ်စုမှစ၍တောင် မျက်နှာကြယ်တိုက် တို့ကို ဖန်ဆင်း တော်မူ၏။
10 Which doeth great things past finding out; yea, marvelous things without number.
၁၀စစ် ၍မ သိနိုင်အောင် အလွန်ကြီး သောအမှု၊ မ ရေတွက် နိုင်အောင်များ၍ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူ၏။
11 Lo, he goeth by me, and I see him not: he passeth on also, but I perceive him not.
၁၁ငါ့ ရှေ့ မှာကြွ တော်မူ၍ ကိုယ်တော်ကိုငါမ မြင် ရ။ ရှောက် သွားတော်မူ၍ ကိုယ်တော် ကို ငါမ ရိပ်မိ ရ။
12 Behold, he seizeth [the prey], who can hinder him? who will say unto him, What doest thou?
၁၂သိမ်းယူ တော်မူသောအခါ အဘယ် သူသည် ဆီးတား နိုင်သနည်း။ ကိုယ်တော် သည်အဘယ် သို့ပြု သနည်းဟု အဘယ် သူဆို ဝံ့သနည်း။
13 God will not withdraw his anger; the helpers of Rahab do stoop under him.
၁၃ဘုရား သခင်သည် အမျက် ပြေ တော်မ မူလျှင်၊ မာန ကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်း ကိုခံရကြ၏။
14 How much less shall I answer him, and choose out my words [to reason] with him?
၁၄ထိုမျှမကငါ သည်အဘယ် သို့ပြန် လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကား ကို ရွေး ၍ လျှောက်ရအံ့နည်း။
15 Whom, though I were righteous, yet would I not answer; I would make supplication to mine adversary.
၁၅ငါသည် ဖြောင့်မတ် သော်လည်း ပြန် ၍ မ လျှောက်ဝံ့ဘဲ၊ တရား မှုကို ဆုံးဖြတ် တော်မူ သော အရှင်ကို တောင်းပန် ရုံမျှသာပြုရ၏။
16 If I had called, and he had answered me; yet would I not believe that he hearkened unto my voice.
၁၆ငါခေါ် ၍ အရှင်သည်ထူး တော်မူသော်လည်း ၊ ငါ့ စကား ကို နားထောင် တော်မူမည်ဟု ငါမ ယုံ နိုင်။
17 For he breaketh me with a tempest, and multiplieth my wounds without cause.
၁၇အကြောင်းမူကား၊ မိုဃ်းသက် မုန်တိုင်းဖြင့် ငါ့ ကို ညှဉ်းဆဲ ၍၊ အကြောင်း မရှိဘဲငါ ၌ အနာ တို့ကို များပြား စေတော်မူ၏။
18 He will not suffer me to take my breath, but filleth me with bitterness.
၁၈ငါ့ ကို အသက် ရှူရသောအခွင့်မ ပေး။ ခါး စွာသော ဝေဒနာနှင့် ပြည့်စုံ စေတော်မူ၏။
19 If [we speak] of the strength of the mighty, lo, [he is there]! and if of judgment, who will appoint me a time?
၁၉တန်ခိုး ကိုအမှီပြုမည်ဆိုသော် ၊ ဘုရားသခင် သည် တန်ခိုးကြီး တော်မူ၏။ တရား ကိုအမှီပြုမည်ဆို ပြန်သော်၊ အဘယ် သူသည် ငါ့ ဘက်၌ သက်သေခံမည်နည်း။
20 Though I be righteous, mine own mouth shall condemn me: though I be perfect, it shall prove me perverse.
၂၀ကိုယ်အပြစ် ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ် စကား အားဖြင့်တရား ရှုံးလိမ့်မည်။ ငါ သည် စုံလင် ပြီဟု ဆိုပြန်လျှင် ၊ ငါ့ သဘောကောက်ကြောင်း ထင်ရှား လိမ့်မည်။
21 I am perfect; I regard not myself; I despise my life.
၂၁တဖန်စုံလင် သော်လည်း၊ ကိုယ် စိတ် သဘောကို ကိုယ် မ သိ ရ။ ကိုယ် အသက် ကို ပမာဏ မပြုရ။
22 It is all one; therefore I say, He destroyeth the perfect and the wicked.
၂၂ငါပြော အံ့သောစကားတချက် ဟူမူကား၊ ဘုရား သခင်သည် စုံလင် သောသူတို့ကို၎င်း ၊ ဆိုးညစ် သောသူတို့ ကို၎င်းဖျက်ဆီး တော်မူတတ်၏။
23 If the scourge slay suddenly, he will mock at the trial of the innocent.
၂၃ချက်ခြင်း ဘေး တစုံတခုရောက်သောအခါ ၊ အပြစ် မရှိ သော သူ ခံရသည် အကြောင်းကို ရယ် တော်မူ၏။
24 The earth is given into the hand of the wicked: he covereth the faces of the judges thereof; if [it be] not [he], who then is it?
၂၄မြေကြီး ကိုလူဆိုး တို့ လက် ၌ အပ် ၍၊ တရား သူကြီးတို့၏ မျက်နှာ ကို ဖျက် တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ် သူနည်း။
25 Now my days are swifter than a post: they flee away, they see no good.
၂၅တမြို့မှတမြို့သို့ စာပို့ သောလုလင်ထက် ၊ ငါ့ နေ့ ရက် တို့သည် လျင်မြန် ၍၊ ကောင်ကျိုး ကိုမ ခံရ ဘဲ ပြေး တတ် ကြ၏။
26 They are passed away as the swift ships: as the eagle that swoopeth on the prey.
၂၆လျင်မြန် သော သင်္ဘော ကဲ့သို့ ၎င်း၊ အကောင် ကို သုတ်လာ သောရွှေလင်းတ ကဲ့သို့ ၎င်း၊ လွန် သွားတတ်ကြ ၏။
27 If I say, I will forget my complaint, I will put off my [sad] countenance, and be of good cheer:
၂၇ငါသည်မြည်တမ်း သော စကားကိုဖြတ် ၍၊ ရွှင်လန်း သောမျက်နှာကိုဆောင်လျက်၊ ရဲရင့် ခြင်းသို့ ရောက်မည်ဟု ငါ ဆို သော်လည်း၊
28 I am afraid of all my sorrows, I know that thou wilt not hold me innocent.
၂၈ငါ ခံရသောဒုက္ခ ဝေဒနာများ သောကြောင့်၊ ကြောက် သောသဘောရှိ၏။ အပြစ် လွှတ်စေဟု ငါ ၌စီရင်တော် မ မူကြောင်း ကို ငါသိ ၏။
29 I shall be condemned; why then do I labour in vain?
၂၉ငါ သည် အပြစ် သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစား ရမည်နည်း။
30 If I wash myself with snow water, and make my hands never so clean;
၃၀ငါ့ကိုယ်ကို မိုဃ်းပွင့် ရေ နှင့် ဆေး ၍၊ ငါ့ လက် ကို ရှင်းရှင်းစင်ကြယ် စေသော်လည်း၊
31 Yet wilt thou plunge me in the ditch, and mine own clothes shall abhor me.
၃၁ရွှံ့ ထဲ သို့ တွန်းချ တော်မူ၍၊ ငါ့ အဝတ် ပင် ငါ့ ကိုယ် ကိုရွံ လိမ့်မည်။
32 For he is not a man, as I am, that I should answer him, that we should come together in judgment.
၃၂ငါသည် ဘုရားသခင် ၏ စကားကို တ ဦး နှင့် တဦး တရား တွေ့နိုင် မည် အကြောင်း၊ ဘုရား သခင်သည် ငါ ကဲ့သို့ လူ ဖြစ်တော်မူသည်မ ဟုတ်။
33 There is no daysman betwixt us, that might lay his hand upon us both.
၃၃ငါ တို့နှစ် ဦးကို ဆီးတား ပိုင်သော စပ်ကြား နေ အမှုစောင့် မ ရှိ။
34 Let him take his rod away from me, and let not his terror make me afraid:
၃၄ငါ့ ကို ဒဏ်ခတ် တော်မမူပါစေနှင့်။ ပြု တော်မူ သောဘေး ကြောင့် ငါ မ ကြောက် ပါစေနှင့်။
35 Then would I speak, and not fear him; for I am not so in myself.
၃၅သို့ဖြစ်လျှင် ၊ ငါသည်မ ကြောက် ဘဲပြော ရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား ၊ ပြောရသောအခွင့်ကိုမ ရ။

< Job 9 >