< Job 13 >

1 Lo, mine eye hath seen all [this], mine ear hath heard and understood it.
ထိုအမှုအရာအလုံးစုံ တို့ကို ငါ့ မျက်စိ သည် မြင် ပြီ။ ငါ့ နား သည်လည်း ကြား ၍ နားလည် ပြီ။
2 What ye know, [the same] do I know also: I am not inferior unto you.
သင် တို့သိ သမျှကို ငါသိ ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။
3 Surely I would speak to the Almighty, and I desire to reason with God.
အနန္တ တန်ခိုးရှင်အား ငါ လျှောက် ရသောအခွင့်၊ ဘုရား သခင်နှင့် ငါဆွေးနွေး ရသောအခွင့်ရှိ ပါစေသော။
4 But ye are forgers of lies, ye are all physicians of no value.
သင် တို့သည် တယောက်မျှမကြွင်း၊ မုသာ ကို ပြုပြင် သောသူ၊ အသုံး မရသောဆေးသမား ဖြစ်ကြ၏။
5 Oh that ye would altogether hold your peace! and it should be your wisdom.
သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ် စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိ ကဲ့သို့ ဖြစ် ကြလိမ့်မည်။
6 Hear now my reasoning, and hearken to the pleadings of my lips.
ငါ ပြောမည်အကျိုး အကြောင်းစကားကို နားထောင် ကြပါလော့။ ငါ့ နှုတ် နှင့် ဆွေးနွေး နှီးနှောမည့် စကားကို နှလုံးသွင်း ကြပါလော့။
7 Will ye speak unrighteously for God, and talk deceitfully for him?
သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရား သခင့်ဘက် ၌ ပြော ချင်သလော။ ဘုရား သခင့်ဘက် ၌နေ၍ မုသာ ကိုသုံးချင်သလော။
8 Will ye respect his person? will ye contend for God?
မျက်နှာ တော်ကိုထောက် လျက်သာ၊ ဘုရား သခင့်ဘက် ၌နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။
9 Is it good that he should search you out? or as one deceiveth a man, will ye deceive him?
သင် တို့ကိုကျပ်တည်းစွာ စစ် တော်မူလျှင် ၊ သင်တို့၌ ကျေးဇူး ရှိလိမ့်မည်လော။ လူ ကို လှည့်စား သကဲ့သို့ ဘုရား သခင်ကို လှည့်စားနိုင်သလော။
10 He will surely reprove you, if ye do secretly respect persons.
၁၀သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာ ကို ထောက် လျှင် ၊ စင်စစ်သင် တို့ကို ဆုံးမ တော်မူမည်။
11 Shall not his excellency make you afraid, and his dread fall upon you?
၁၁သင် တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မ ကြောက် ကြသလော။ ကြောက်မက် ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
12 Your memorable sayings [are] proverbs of ashes, your defences [are] defences of clay.
၁၂သင် တို့၏နည်း ဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင် တို့ခိုလှုံသောမြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ ဖြစ်၏။
13 Hold your peace, let me alone, that I may speak, and let come on me what wilt.
၁၃တိတ်ဆိတ် စွာနေ၍ ငါပြော ပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက် ပါလေစေ။
14 Wherefore should I take my flesh in my teeth, and put my life in mine hand?
၁၄သို့သော်လည်းငါသည် ကိုယ် အသား ကို ပစပ် နှင့် ကိုက်ချီ လျက်၊ ကိုယ် အသက် ကိုလည်း လက် နှင့် ကိုင် လျက် ဆောင်သွားမည်။
15 Though he slay me, yet will I wait for him: nevertheless I will maintain my ways before him.
၁၅ငါ့ ကိုသတ် တော်မူ၍၊ ငါမြော်လင့် စရာမရှိသော်လည်း ၊ ရှေ့ တော်၌ ကိုယ်အပြစ် ဖြေရာစကားကို ငါလျှောက်ထားမည်။
16 This also shall be my salvation; for a godless man shall not come before him.
၁၆ထိုသို့ ပြုလျှင် ငါ ၏ကယ်တင် ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မ လူသည် အထံ တော်သို့ မ ဝင် ရ။
17 Hear diligently my speech, and let my declaration be in your ears.
၁၇ငါ့ စကား ကို စေ့စေ့မှတ် ကြလော့။ ငါ့ လျှောက် ထားချက်ကို နားထောင် ကြလော့။
18 Behold now, I have ordered my cause; I know that I am righteous.
၁၈ယခု ငါ့အမှု ကို ငါပြင်ဆင် ပြီ။ ငါ ၌အပြစ် လွတ်ခြင်းထင်ရှားမည်ဟု ငါသိ ၏။
19 Who is he that will contend with me? for now shall I hold my peace and give up the ghost.
၁၉ငါ့ အပြစ် ကို ဘော်ပြမည့်သူကား၊ အဘယ် သူနည်း။ ထိုသို့ ဘော်ပြလျှင် ငါသည် တိတ်ဆိတ် စွာနေ၍ အသေခံ ပါမည်။
20 Only do not two things unto me, then will I not hide myself from thy face:
၂၀ဒဏ်ခတ် ခြင်းနှစ်ပါး ကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော် ကို မ ရှောင် ပါ။
21 Withdraw thine hand far from me; and let not thy terror make me afraid.
၂၁လက် တော်ကိုသိမ်း တော်မူပါ။ ကြောက်မက် ဘွယ်သော အခြင်းအရာတော်အားဖြင့်အကျွန်ုပ် ကို ချောက် တော်မ မူပါနှင့်။
22 Then call thou, and I will answer; or let me speak, and answer thou me.
၂၂ထိုအခါ ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက် ပါမည်။ ကိုယ်တော်အမိန့် ရှိတော်မူပါ။
23 How many are mine iniquities and sins? make me to know my transgression and my sin.
၂၃အကျွန်ုပ် ပြုမိသော ဒုစရိုက် အပြစ်တို့သည် အဘယ် မျှလောက်များပါသနည်း။ အကျွန်ုပ် ပြစ်မှား ကျူးလွန်ခြင်းအပြစ် တို့ကို အကျွန်ုပ် အား ပြ တော်မူပါ။
24 Wherefore hidest thou thy face, and holdest me for thine enemy?
၂၄ကိုယ်တော် သည် မျက်နှာ တော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ရန်သူ ကဲ့သို့ မှတ် တော်မူသနည်း။
25 Wilt thou harass a driven leaf? and wilt thou pursue the dry stubble?
၂၅လေ တိုက်သော သစ်ရွက် ကို ချောက် လှန့်တော်မူမည် လော။ မြက် ခြောက် ကို မှီအောင်လိုက် တော်မူမည် လော။
26 For thou writest bitter things against me, and makest me to inherit the iniquities of my youth:
၂၆အကျွန်ုပ် ၌ ပြင်းစွာ သောအပြစ်တင်သော စကားကိုမှတ် ထားတော်မူ၏။ အကျွန်ုပ် အသက် ငယ်စဉ်တွင် ပြုမိသောအပြစ် ကြောင့် ယခုခံ စေတော်မူ၏။
27 Thou puttest my feet also in the stocks, and markest all my paths; thou drawest thee a line about the soles of my feet:
၂၇အကျွန်ုပ် ကိုထိတ်ခတ် လျက်၊ အကျွန်ုပ် ထွက်ရာ လမ်း ရှိသမျှ ကို စောင့် လျက်နေ၍ ၊ အကျွန်ုပ် ပတ်လည်၌ စည်း လုပ်တော်မူ၏။
28 Though I am like a rotten thing that consumeth, like a garment that is moth-eaten.
၂၈ထိုသို့ ခံရသောသူ သည် ဆွေးမြေ့ သောအရာကဲ့သို့ ၎င်း၊ ပိုးရွ ကိုက်စား သောအဝတ် ကဲ့သို့ ၎င်း အားလျော့ ပျက်ရပါ၏။

< Job 13 >