< Jeremiah 12 >
1 Righteous art thou, O LORD, when I plead with thee: yet would I reason the cause with thee: wherefore doth the way of the wicked prosper? wherefore are all they at ease that deal very treacherously?
၁အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့် တရားစကားကို ဆွေးနွေး သောအခါ ၊ ကိုယ်တော် သည် တရား တော်မူ၏။ သို့သော် လည်း၊ စစ်ကြော စီရင်တော်မူခြင်း အကြောင်းကို မေး လျှောက်ပါမည်။ မတရား သောသူတို့ သည် အဘယ်ကြောင့် အကြံ မြောက် ရကြပါ သနည်း။ အလွန်သစ္စာပျက် သော သူအပေါင်း တို့သည် အဘယ်ကြောင့်ချမ်းသာ ရကြပါသနည်း။
2 Thou hast planted them, yea, they have taken root; they grow, yea, they bring forth fruit: thou art near in their mouth, and far from their reins.
၂ကိုယ်တော်သည် သူ တို့ကို စိုက် တော်မူသဖြင့် ၊ သူတို့သည် အမြစ် ကျ၍ ကြီးပွါး လျက် အသီး ကို သီး ကြပါ ၏။ ကိုယ်တော် သည် သူ တို့နှုတ် နှင့် နီး ၍ နှလုံး နှင့် ဝေး တော်မူ၏။
3 But thou, O LORD, knowest me; thou seest me, and triest mine heart toward thee: pull them out like sheep for the slaughter, and prepare them for the day of slaughter.
၃အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။
4 How long shall the land mourn, and the herbs of the whole country wither? for the wickedness of them that dwell therein, the beasts are consumed, and the birds; because they said, He shall not see our latter end.
၄ပြည် သား များပြုသောဒုစရိုက် အပြစ်ကြောင့် ၊ ပြည်သည် အဘယ် မျှကာလပတ်လုံး မြည်တမ်း ရပါအံ့နည်း။ အရပ်ရပ် တို့၌ရှိသောမြက်ပင် သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်း ရပါအံ့နည်း။ ငါ တို့ခံရသောအကျိုး အပြစ်ကို ဘုရားသခင်မ သိ မမြင်ဟု ပြည်သားများ ဆို သောကြောင့် ၊ သား များနှင့် ငှက် များတို့သည် ပျောက် ပျက် ကြပါပြီ။
5 If thou hast run with the footmen, and they have wearied thee, then how canst thou contend with horses? and though in a land of peace thou art secure, yet how wilt thou do in the pride of Jordan?
၅သင်သည် ခြေသည် တို့နှင့် ပြိုင်ပြေး ၍ မော လျှင် မြင်း တို့နှင့် အဘယ်သို့ ပြိုင် နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ် စွာ နေရသောပြည် ၌ မော လျှင် ၊ ယော်ဒန် မြစ်၏ ဂုဏ် အသရေထဲမှာ အဘယ် သို့ပြု လိမ့်မည်နည်း။
6 For even thy brethren, and the house of thy father, even they have dealt treacherously with thee; even they have cried aloud after thee: believe them not, though they speak fair words unto thee.
၆သင် ၏ညီအစ်ကို ၊ အဘ ၏ အိမ်သူ အိမ်သားတို့ ပင် သင့် ကို သစ္စာဖျက် ၍၊ သင့် နောက်သို့ အော်ဟစ် လျက် လိုက်ကြ၏။ သူ တို့သည် ကောင်း သောစကားကို ပြော သော်လည်း မ ယုံ နှင့်။
7 I have forsaken mine house, I have cast off mine heritage; I have given the dearly beloved of my soul into the hand of her enemies.
၇ငါသည်ကိုယ် အိမ် ကိုစွန့် ၍၊ ကိုယ် အမွေ ကို ပစ် ထားပြီ။ ငါ အလွန်ချစ် သောအစ်မကို သူ ၏ ရန်သူ လက် သို့ အပ်နှံ ပြီ။
8 Mine heritage is become unto me as a lion in the forest: she hath uttered her voice against me; therefore I have hated her.
၈ငါ့ အမွေ သည် တော ၌ တွေ့သောခြင်္သေ့ ကဲ့သို့ ငါ့ အား ဖြစ် ၍၊ ငါ့ ကို ဟောက် သောကြောင့် ငါမုန်း လေ၏။
9 Is mine heritage unto me as a speckled bird of prey? are the birds of prey against her round about? go ye, assemble all the beasts of the field, bring them to devour.
၉ငါ့ အမွေ သည် ဇဘော သားရဲ ကဲ့သို့ငါ့ အား ဖြစ်၏။ ပတ်လည် ၌ ရှိသောသားရဲ တို့သည် တိုက် ကြ၏။ လာကြ။ တော သားရဲ အပေါင်း တို့၊ စည်းဝေး ကြ။ ကိုက်စား ခြင်းငှါ လာ ကြစေ။
10 Many shepherds have destroyed my vineyard, they have trodden my portion under foot, they have made my pleasant portion a desolate wilderness.
၁၀များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။
11 They have made it a desolation; it mourneth unto me, being desolate; the whole land is made desolate, because no man layeth it to heart.
၁၁သုတ်သင် ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့ အား ညဉ်းတွား လေ၏။ တပြည် လုံး ပျက်စီး သော်လည်း၊ အဘယ် သူမျှပမာဏ မပြုတတ်။
12 Spoilers are come upon all the bare heights in the wilderness: for the sword of the LORD devoureth from the one end of the land even to the other end of the land: no flesh hath peace.
၁၂တော ၌ မြင့် သော အရပ်အလုံးစုံ တို့အပေါ် မှာ လုယက် သောသူတို့ သည် တက် ကြပြီ။ အကယ်စင်စစ်ပြည် စွန်း တဘက်မှ တဘက် တိုင်အောင် ထာဝရဘုရား ၏ ထား တော်သည် ဖျက်ဆီး သဖြင့်၊ အဘယ်သူ မျှချမ်းသာ မ ရ။
13 They have sown wheat, and have reaped thorns; they have put themselves to pain, and profit nothing: and ye shall be ashamed of your fruits, because of the fierce anger of the LORD.
၁၃သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး မ ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။
14 Thus saith the LORD against all mine evil neighbours, that touch the inheritance which I have caused my people Israel to inherit: Behold, I will pluck them up from off their land, and will pluck up the house of Judah from among them.
၁၄ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါပေး သနား၍၊ ငါ ၏လူ ဣသရေလအမျိုးပိုင် ထိုက်သော အမွေ ကို ထိခိုက် သော၊ ငါ ၏အိမ်နီးချင်း ဆိုး အပေါင်း တို့ကို၊ သူ တို့ ပြည် ထဲက ငါ နှုတ် မည်။ သူ တို့အထဲ က လည်း ယုဒ အမျိုး ကို ငါနှုတ်မည်။
15 And it shall come to pass, after that I have plucked them up, I will return and have compassion on them; and I will bring them again, every man to his heritage, and every man to his land.
၁၅နှုတ် ပြီးမှ တဖန် ငါသနား ၍ ၊ အသီးအသီး တို့ကို မိမိ တို့ပိုင်ထိုက် သော မြေ၊ မိမိ တို့နေရင်းပြည် သို့ ငါပြန် ပို့ မည်။
16 and it shall come to pass, if they will diligently learn the ways of my people, to swear by my name, As the LORD liveth; even as they taught my people to swear by Baal; then shall they be built up in the midst of my people.
၁၆ဗာလ ဘုရားကိုတိုင်တည်၍ ကျိန်ဆို စေခြင်းငှါ ၊ သူတို့သည် ငါ ၏လူမျိုး ကို သွန်သင် ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင် တော်မူသည်ဟု၊ ငါ ၏နာမ ကို တိုင်တည်၍ ကျိန်ဆို ခြင်းငှါ ၊ ငါ့ လူမျိုး ၏ ဘာသာ ဓလေ့ကို ကြိုးစား၍ သင် လျှင် ၊ ငါ ၏လူမျိုး အထဲ ၌ သူတို့ကို ငါတည် စေမည်။
17 But if they will not hear, then will I pluck up that nation, plucking up and destroying it, saith the LORD.
၁၇သို့မဟုတ် ၊ နား မ ထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုး ကို ငါသည် ရှင်းရှင်းနှုတ် ပယ် ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။