< Isaiah 5 >
1 Let me sing for my wellbeloved a song of my beloved touching his vineyard. My wellbeloved had a vineyard in a very fruitful hill:
၁ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
2 and he made a trench about it, and gathered out the stones thereof, and planted it with the choicest vine, and built a tower in the midst of it, and also hewed out a winepress therein: and he looked that it should bring forth grapes, and it brought forth wild grapes.
၂မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်း စေပြီးမှ ၊ အကောင်းဆုံးသော စပျစ် နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ ၏။ ဥယျာဉ် ထဲ မှာ မှီခိုရာတဲလင့် ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်း ကိုလည်း တူး တော်မူ၏။ ထိုအခါ စပျစ်သီး ကို သီး မည် ဟုမြော်လင့် သည်ရှိသော်၊ ဗောရှ သီး ကို သီး ပါသည်တကား။
3 And now, O inhabitants of Jerusalem and men of Judah, judge, I pray you, betwixt me and my vineyard.
၃ယခု မှာ အိုယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့၊ ငါ နှင့် ငါ့ စပျစ် ဥယျာဉ်အမှုကို စီရင် ကြပါလော့။
4 What could have been done more to my vineyard, that I have not done in it? wherefore, when I looked that it should bring forth grapes, brought it forth wild grapes?
၄ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
5 And now go to; I will tell you what I will do to my vineyard: I will take away the hedge thereof, and it shall be eaten up; I will break down the fence thereof, and it shall be trodden down:
၅ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
6 and I will lay it waste; it shall not be pruned nor hoed; but there shall come up briers and thorns: I will also command the clouds that they rain no rain upon it.
၆ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
7 For the vineyard of the LORD of hosts is the house of Israel, and the men of Judah his pleasant plant: and he looked for judgment, but behold oppression; for righteousness, but behold a cry.
၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ စပျစ် ဥယျာဉ်ကား၊ ဣသရေလ အမျိုး တည်း။ နှစ်သက် တော်မူသောပျိုး ပင်ကား၊ ယုဒ လူ တည်း။ တရားစီရင် ခြင်းကို မြော်လင့် တော်မူသည်ရှိသော်၊ အသေသတ် ခြင်းကို၎င်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေး ခြင်းကို၎င်းတွေ့မြင် တော်မူ၏။
8 Woe unto them that join house to house, that lay field to field, till there be no room, and ye be made to dwell alone in the midst of the land!
၈မိမိတို့သည် မြေ ၏အလယ် ၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မ ရှိစေခြင်းငှါ ၊ အိမ် တဆောင်နှင့် တဆောင်ကို၎င်း၊ လယ် တကွက်နှင့်တကွက်ကို၎င်း၊ ဆက် တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
9 In mine ears [saith] the LORD of hosts, Of a truth many houses shall be desolate, even great and fair, without inhabitant.
၉ငါ ၏နား အပါး ၌ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ် တင့်တယ်သော အိမ် အများတို့သည် နေ သောသူ မ ရှိ။ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
10 For ten acres of vineyard shall yield one bath, and a homer of seed shall yield [but] an ephah.
၁၀အကြောင်း မူကား၊ စပျစ် ဥယျာဉ်တပယ် သည် စပျစ်ရည်တဗတ် ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရ ကြလိမ့်မည်။
11 Woe unto them that rise up early in the morning, that they may follow strong drink; that tarry late into the night, till wine inflame them!
၁၁သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
12 And the harp and the lute, the tabret and the pipe, and wine, are [in] their feasts: but they regard not the work of the LORD, neither have they considered the operation of his hands.
၁၂သူ တို့၏ပွဲ ၌စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည် ပါ တတ်၏။ ထာဝရဘုရား ၏ အမှု တော်ကိုကား ၊ ပမာဏ မ ပြုကြ။ လက် တော်နှင့် ပြုပြင် တော်မူရာကို မ ရိပ်မိ ကြ။
13 Therefore my people are gone into captivity, for lack of knowledge: and their honourable men are famished, and their multitude are parched with thirst.
၁၃ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
14 Therefore hell hath enlarged her desire, and opened her mouth without measure: and their glory, and their multitude, and their pomp, and he that rejoiceth among them, descend [into it]. (Sheol )
၁၄ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။ (Sheol )
15 And the mean man is bowed down, and the great man is humbled, and the eyes of the lofty are humbled:
၁၅ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သော သူလည်း ရှုတ်ချ ခြင်းကိုခံရ၍၊ မာန ကြီးသောသူတို့ ၏ မျက်နှာ လည်း ပျက် ရ၏။
16 but the LORD of hosts is exalted in judgment, and God the Holy One is sanctified in righteousness.
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
17 Then shall the lambs feed as in their pasture, and the waste places of the fat ones shall wanderers eat.
၁၇ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
18 Woe unto them that draw iniquity with cords of vanity, and sin as it were with a cart rope:
၁၈ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
19 that say, Let him make speed, let him hasten his work, that we may see it: and let the counsel of the Holy One of Israel draw nigh and come, that we may know it!
၁၉သူတို့ကလည်း၊ ဘုရား သခင်၏အမှု ကို ငါတို့ သည် မြင် ရမည်အကြောင်း ၊ အလျင် အမြန်ကြိုးစားတော်မူ ပါစေ။ ငါတို့သည် သိ နားလည်ရမည်အကြောင်း ၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား၏အကြံ တော်သည်၊ အနီးသို့ချဉ်း ၍ ပြည့်စုံ ပါစေဟု ဆို တတ်ကြ၏။
20 Woe unto them that call evil good, and good evil; that put darkness for light, and light for darkness; that put bitter for sweet, and sweet for bitter!
၂၀မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
21 Woe unto them that are wise their own eyes, and prudent in their own sight!
၂၁ငါသည် ပညာ ရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံ သည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
22 Woe unto them that are mighty to drink wine, and men of strength to mingle strong drink:
၂၂စပျစ်ရည် ကို များစွာ သောက် နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည် သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီး သောသူ တို့ သည် အမင်္ဂလာ ရှိကြ၏။
23 which justify the wicked for a reward, and take away the righteousness of the righteous from him!
၂၃ထိုသူတို့သည် တံစိုး ကိုစားခြင်းငှါ ၊ မတရား သောသူတို့ ကို အပြစ် မပေးဘဲလွှတ်၍၊ ဖြောင့်မတ် သောသူတို့၏ ဖြောင့်မတ် ခြင်းကို ဝန်မခံ၊ ပယ်ရှား တတ်ကြ၏။
24 Therefore as the tongue of fire devoureth the stubble, and as the dry grass sinketh down in the flame, so their root shall be as rottenness, and their blossom shall go up as dust: because they have rejected the law of the LORD of hosts, and despised the word of the Holy One of Israel.
၂၄ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။
25 Therefore is the anger of the LORD kindled against his people, and he hath stretched forth his hand against them, and hath smitten them, and the hills did tremble, and their carcases were as refuse in the midst of the streets. For all this his anger is not turned away, but his hand is stretched out still.
၂၅ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
26 And he will lift up an ensign to the nations from far, and will hiss for them from the end of the earth: and, behold, they shall come with speed swiftly:
၂၆ဝေး သောအရပ်မှာ နေသောလူမျိုး တို့အဘို့ အလံ ကိုထူ ၍ ၊ မြေကြီး စွန်း သားတို့ကို နှိုးဆော် တော်မူသဖြင့် ၊ သူတို့သည် အလျင်အမြန် လာ ကြလိမ့်မည်။
27 None shall be weary nor stumble among them; none shall slumber nor sleep; neither shall the girdle of their loins be loosed, nor the latchet of their shoes be broken:
၂၇သူ တို့တွင်မော သောသူမ ရှိ။ ထိမိ၍ လဲ သောသူ မရှိ။ ငိုက်မျည်း သောသူ၊ အိပ်ပျော် သောသူလည်းမရှိ။ သူ တို့ ခါး စည်း မ ပြေ။ ခြေနင်း ကြိုး လည်း မ ကျွတ်။
28 whose arrows are sharp, and all their bows bent; their horses’ hoofs shall be counted like flint, and their wheels like a whirlwind:
၂၈သူ တို့ မြှား တို့သည် ထက် ကြ၏။ လေး တို့သည် လည်း တင်း လျက်ရှိကြ၏။ မြင်းခွာ တို့သည် မီးကျောက် ကဲ့သို့ ၎င်း၊ ရထား ဘီး တို့သည်လည်း ၊ လေဘွေ ကဲ့သို့ ၎င်း ထင်ကြ၏။
29 their roaring shall be like a lion, they shall roar like young lions: yea, they shall roar, and lay hold of the prey, and carry it away safe, and there shall be none to deliver.
၂၉သူ တို့အသံဗလံ သည် ခြင်္သေ့ ဟောက်သံနှင့်တူ ၍၊ ခြင်္သေ့ ပျိုကဲ့သို့ ဟောက် ကြလိမ့်မည်။ ဟောက် လျက် အကောင်ကိုဘမ်း ၍ ဆောင်သွား ကြလိမ့်မည်။ အဘယ်သူ မျှ မကယ် မနှုတ်ရ။
30 And they shall roar against them in that day like the roaring of the sea: and if one look unto the land, behold darkness [and] distress, and the light is darkened in the clouds thereof.
၃၀ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။