< Isaiah 48 >

1 Hear ye this, O house of Jacob, which are called by the name of Israel, and are come forth out of the waters of Judah; which swear by the name of the LORD, and make mention of the God of Israel, but not in truth, nor in righteousness.
အို ယာကုပ် အမျိုး ၊ ဣသရေလ ဟူ၍ သမုတ် ခြင်း ကိုခံ သောသူ၊ ယုဒ စမ်းရေ တွင်းမှ ထွက် စီးသောသူ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ကျိန်ဆို သောသူ၊ သစ္စာ မ ရှိ၊ တရား နှင့် မ ညီဘဲ ဣသရေလ အမျိုး၏ ဘုရား သခင် ကို ချီးမွမ်း သောသူ၊
2 For they call themselves of the holy city, and stay themselves upon the God of Israel; the LORD of hosts is his name.
သန့်ရှင်း သော မြို့ တော်အလိုက် ၊ ကိုယ်ကိုကိုယ်သမုတ် သောသူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား တည်းဟူသောဘွဲ့ နာမရှိသော ဣသရေလ အမျိုး ၏ ဘုရား သခင်ကို မှီခို သောသူတို့၊ နားထောင် ကြလော့။
3 I have declared the former things from of old; yea, they went forth out of my mouth, and I shewed them: suddenly I did them, and they came to pass.
ဖြစ်ဘူးသောအရာတို့ကို အထက် က သင်တို့အား ငါဟော လေပြီ။ ထိုအရာ တို့သည် ငါ့ နှုတ် မှ ထွက် ၍ ထင်ရှား ကြပြီ။ ချက်ခြင်း ငါပြု သောကြောင့် ဖြစ် ကြပြီ။
4 Because I knew that thou art obstinate, and thy neck is an iron sinew, and thy brow brass;
သင် သည် ခိုင်မာ သော သဘော ၊ သံ ချောင်း လည်ပင်း ၊ ကြေးဝါ နဖူး နှင့် ပြည့်စုံသည်ကို ငါ သိ သောကြောင့် ၊
5 therefore I have declared it to thee from of old; before it came to pass I shewed it thee: lest thou shouldest say, Mine idol hath done them, and my graven image, and my molten image, hath commanded them.
အထက် က သင့် အား ငါဟော ပြီ။ အမှုမ ဖြစ် မှီငါဘော်ပြ ပြီ။ သို့ဖြစ်၍သင်က၊ ငါ ၏ရုပ်တု သည် ဤအမှု ကို ပြု ပြီ။ ငါ ထုသော ရုပ်တု ၊ ငါ သွန်းသော ရုပ်တု သည် ဤအမှု ကို စီရင် ပြီဟု ပြော ရသော အခွင့်မရှိ။
6 Thou hast heard it; behold all this; and ye, will ye not declare it? I have shewed thee new things from this time, even hidden things, which thou hast not known.
သင်သည် အရင်ကြား ရပြီ။ ဤအမှု အလုံးစုံ တို့ ကို ကြည့်ရှု လော့။ သူတပါးတို့အား မ ကြားမပြော ဘဲ နေမည်လော။ ယခု မှစ၍ အသစ် သောအရာ၊ ဝှက်ထား သောအရာ၊ သင်မ သိ သေးသော အရာ တို့ကို ငါဘော်ပြ ၏။
7 They are created now, and not from of old; and before this day thou heardest them not; lest thou shouldest say, Behold, I knew them.
ထိုအရာတို့ကို ယခု ပင် ဖန်ဆင်း ၏။ အထက် က ဖန်ဆင်းသည်မ ဟုတ်။ ယနေ့ တိုင်အောင် သင်သည် မ ကြား စဖူး။ သို့ ဖြစ်၍သင်က၊ ငါသိ နှင့်ပြီဟု ပြော ရသော အခွင့်မရှိ။
8 Yea, thou heardest not; yea, thou knewest not; yea, from of old thine ear was not opened: for I knew that thou didst deal very treacherously, and wast called a transgressor from the womb.
အကယ် စင်စစ်သင်သည် မ ကြား မ သိ စဖူး။ သင် ၏ နား သည် အထက် က မ ပွင့်။ အကြောင်း မူကား၊ သင်သည် သစ္စာ ပျက်လိမ့်မည်။ ဘွား စကပင် သင့် ကို သူပုန် ဟူ၍သမုတ် ရလိမ့်မည်ကို ငါသိ ၏။
9 For my name’s sake will I defer mine anger, and for my praise will I refrain for thee, that I cut thee not off.
သို့သော်လည်း၊ သင့် ကို ရှင်းရှင်းမ ပယ် မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ် နာမ အတွက် ကိုယ် အမျက် ကို ချုပ်တည်း မည်။ ကိုယ် ဂုဏ် အသရေအတွက် သင် ၏အမှု၌ ငါသည်းခံ မည်။
10 Behold, I have refined thee, but not as silver; I have chosen thee in the furnace of affliction.
၁၀ငါသည် သင့် ကို စစ် ခဲ့ပြီ။ သို့ သော်လည်း၊ ငွေ ကို စစ်သကဲ့သို့ မ ဟုတ်၊ ဒုက္ခ မိုက် ၌ သင့် ကို စုံစမ်း ခဲ့ပြီ။
11 For mine own sake, for mine own sake, will I do it; for how should [my name] be profaned? and my glory will I not give to another.
၁၁ကိုယ် အတွက် ငါပြု ဦးမည်။ ငါ့နာမသည် ရှုပ်ချ ခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ ဂုဏ် အသရေကို သူတပါး အား ငါမ ပေး။
12 Hearken unto me, O Jacob, and Israel my called: I am he; I am the first, I also am the last.
၁၂အိုယာကုပ် ၊ ငါ ခေါ် သော ဣသရေလ ၊ ငါ့ စကား ကို နားထောင် လော့။ ငါ သည် ဘုရား ဖြစ်၏။ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ် ၏။
13 Yea, mine hand hath laid the foundation of the earth, and my right hand hath spread out the heavens: when I call unto them, they stand up together.
၁၃အကယ်စင်စစ်ငါ့ လက် သည် မြေ ကြီးကို တည် လေပြီ။ ငါ့ လက်ျာ လက်သည် မိုဃ်းကောင်းကင် ကို ကြက် လေပြီ။ ငါ ခေါ် ၍ သူ တို့သည် ချက်ခြင်း ပေါ် လာကြ၏။
14 Assemble yourselves, all ye, and hear; which among them hath declared these things? The LORD hath loved him: he shall perform his pleasure on Babylon, and his arm [shall be on] the Chaldeans.
၁၄ရှိသမျှ သော သင် တို့၊ စည်းဝေး ၍ နားထောင် ကြလော့။ ဤ အမှုအရာတို့ကို သင် တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟော နှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသောသူသည် ဗာဗုလုန် မြို့၌ အလို တော်ကို ပြည့်စုံ စေမည်။ သူ ၏ လက် သည်လည်း ၊ ခါလဒဲ လူတို့အပေါ်သို့ ရောက်လိမ့်မည်။
15 I, even I, have spoken; yea, I have called him: I have brought him, and he shall make his way prosperous.
၁၅ငါ့ ကိုယ်တိုင် အမိန့် တော်ရှိပြီ။ အကယ်စင်စစ်သူ့ ကို ငါခေါ် ပြီ။ ငါဆောင် ခဲ့ပြီ။ သူ သွားသောလမ်း ၌ မင်္ဂလာ ရှိရလိမ့်မည်။
16 Come ye near unto me, hear ye this; from the beginning I have not spoken in secret; from the time that it was, there am I: and now the Lord GOD hath sent me, and his spirit.
၁၆ငါ့ ထံသို့ ချဉ်းကပ် ၍ ဤ စကားကို နားထောင် ကြလော့။ ရှေ့ ဦးစွာမှစ၍ တိတ်ဆိတ် စွာ မ ဟော။ အမှု ဖြစ် စကာလ ၌ ငါ ရှိ၏။ ယခု တွင် အရှင် ထာဝရဘုရား နှင့် ဝိညာဉ် တော်သည် ငါ့ ကို စေလွှတ် တော်မူ၏။
17 Thus saith the LORD, thy redeemer, the Holy One of Israel: I am the LORD thy God, which teacheth thee to profit, which leadeth thee by the way that thou shouldest go.
၁၇သင့် ကို ရွေးနှုတ် သောသူ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင် ၏အကျိုး နှင့်ယှဉ်သော အရာကို သွန်သင် ၍၊ သင်သွား အပ်သော လမ်း ဖြင့် ပို့ဆောင် သောသင် ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
18 Oh that thou hadst hearkened to my commandments! then had thy peace been as a river, and thy righteousness as the waves of the sea:
၁၈သင်သည် ငါ ၏ပညတ် တို့ကို စောင့်ရှောက် ပါစေ သော။ သို့ပြုလျှင် ၊ သင် ၏ချမ်းသာ သည် မြစ် ကဲ့သို့ ၎င်း ၊ သင် ၏ဖြောင့်မတ် ခြင်းပါရမီသည် သမုဒ္ဒရာ လှိုင်း တံပိုးကဲ့သို့ ၎င်း ဖြစ် ရလိမ့်မည်။
19 thy seed also had been as the sand, and the offspring of thy bowels like the grains thereof: his name should not be cut off nor destroyed from before me.
၁၉သင် ၏ အမျိုး အနွယ်သည် သဲ လုံးကဲ့သို့ ၎င်း၊ သင် ၏သား မြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့ ၎င်း ဖြစ် ရကြလိမ့်မည်။ သင် ၏နာမ သည် ငါ့ ရှေ့ မှာ မ ပြတ် ၊ မ ပျက် မစီးရ။
20 Go ye forth of Babylon, flee ye from the Chaldeans; with a voice of singing declare ye, tell this, utter it even to the end of the earth: say ye, The LORD hath redeemed his servant Jacob.
၂၀ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။
21 And they thirsted not when he led them through the deserts: he caused the waters to flow out of the rock for them: he clave the rock also, and the waters gushed out.
၂၁သူတို့သည် တော လမ်းဖြင့် ဆောင်သွား တော်မူခြင်း ကိုခံ သောအခါ ရေမ ငတ် ကြ။ သူ တို့အဘို့ ကျောက် ထဲက ရေ ကို စီး စေတော်မူ၏။ ကျောက်ခဲ ကိုပင် ခွဲ တော်မူသဖြင့် ၊ ရေ သည် စီး ထွက်လေ၏။
22 There is no peace, saith the LORD, unto the wicked.
၂၂မတရား သောသူတို့ ၌ ချမ်းသာ မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။

< Isaiah 48 >