< Isaiah 41 >

1 Keep silence before me, O islands; and let the peoples renew their strength: let them come near; then let them speak: let us come near together to judgment.
တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။
2 Who hath raised up one from the east, whom he calleth in righteousness to his foot? he giveth nations before him, and maketh him rule over kings; he giveth them as the dust to his sword, as the driven stubble to his bow.
ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။
3 He pursueth them, and passeth on safely; even by a way that he had not gone with his feet.
ရန်သူ တို့ကို လိုက် ရ၏။ မိမိ ခြေ မ နင်း ဘူးသော လမ်း ဖြင့်၊ ဘေးမရှိ ၊ လွန်သွား ရ၏။
4 Who hath wrought and done it, calling the generations from the beginning? I the LORD, the first, and with the last, I am he.
ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ ဦးစွာမှ စ၍ လူမျိုး အစဉ်အဆက်တို့ကို ခေါ် သောသူသည် အဘယ် သူနည်းဟူမူကား၊ အဦး ဆုံးသောသူဖြစ် ၍၊ နောက်ဆုံး သောသူတို့ နှင့် ရှိသောငါ ထာဝရ ဘုရား ပေတည်း။
5 The isles saw, and feared; the ends of the earth trembled: they drew near, and came.
တကျွန်း တနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ၏။ မြေကြီး စွန်း သားတို့သည် ထိတ်လန့် သောစိတ် နှင့် ချဉ်းကပ် ၍ စုဝေး ကြ၏။
6 They helped every one his neighbour; and [every one] said to his brother, Be of good courage.
အိမ်နီးချင်းတယောက် ကို တယောက်မစ ၍ ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက်၊ မ စိုးရိမ်နှင့်ဟု ဆို ကြ၏။
7 So the carpenter encouraged the goldsmith, and he that smootheth with the hammer him that smiteth the anvil, saying of the soldering, It is good: and he fastened it with nails, that it should not be moved.
ထိုသို့ ပန်းတဉ်း သမားသည် ပန်းထိမ် သမားကို နှိုးဆော် တတ်၏။ သံတူ နှင့် ချော စေသောသူသည်၊ ပေ ပေါ်မှာ ရိုက် သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်း သည်ဟု ဆို တတ်၏။ ရုပ်တု ကို မ လှုပ်ရှား စေခြင်းငှါသံချွန် နှင့် ရိုက် ထားတတ်၏။
8 But thou, Israel, my servant, Jacob whom I have chosen, the seed of Abraham my friend;
ငါ့ ကျွန် ဣသရေလ ၊ ငါရွေးချယ် သောသူ ယာကုပ် ၊ ငါ့ အဆွေ အာဗြဟံ ၏သား၊
9 thou whom I have taken hold of from the ends of the earth, and called thee from the corners thereof, and said unto thee, Thou art my servant, I have chosen thee and not cast thee away;
မြေကြီး အစွန်းအနား မှ ငါလက်ဆွဲ ၍ ခေါ်သောသူ ၊ သင် သည် ငါ့ ကျွန် ဖြစ်၏ဟူ၍၎င်း၊ သင့် ကို ငါရွေးချယ် ပြီ၊ သင့် ကို မ ပစ် မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
10 Fear thou not, for I am with thee; be not dismayed, for I am thy God: I will strengthen thee; yea, I will help thee; yea, I will uphold thee with the right hand of my righteousness.
၁၀မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။
11 Behold, all they that are incensed against thee shall be ashamed and confounded: they that strive with thee shall be as nothing, and shall perish.
၁၁သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
12 Thou shalt seek them, and shalt not find them, even them that contend with thee: they that war against thee shall be as nothing, and as a thing of nought.
၁၂သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
13 For I the LORD thy God will hold thy right hand, saying unto thee, Fear not; I will help thee.
၁၃အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။
14 Fear not, thou worm Jacob, and ye men of Israel; I will help thee, saith the LORD, and thy redeemer is the Holy One of Israel.
၁၄အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Behold, I will make thee a new sharp threshing instrument having teeth: thou shalt thresh the mountains, and beat them small, and shalt make the hills as chaff.
၁၅ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။
16 Thou shalt fan them, and the wind shall carry them away, and the whirlwind shall scatter them: and thou shalt rejoice in the LORD, thou shalt glory in the Holy One of Israel.
၁၆သူ တို့ကို လှေ့ ၍ ၊ လေ သည် သူ တို့ကို တိုက် သွား လိမ့်မည်။ မုန်တိုင်း လွှင့် လိမ့်မည်။ သင် မူကား ထာဝရဘုရား ၌ ဝမ်းမြောက် လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၌ ဝါကြွား လိမ့်မည်။
17 The poor and needy seek water and there is none, and their tongue faileth for thirst; I the LORD will answer them, I the God of Israel will not forsake them.
၁၇ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
18 I will open rivers on the bare heights, and fountains in the midst of the valleys: I will make the wilderness a pool of water, and the dry land springs of water.
၁၈မြင့် သောအရပ်တို့၌ မြစ် ကို၎င်း၊ နိမ့် သော အရပ်တို့၌ စမ်းရေ ကို၎င်း ငါပေါက် စေမည်။ တော အရပ် ၌ ရေ ကန် များကို၎င်း ၊ သွေ့ ခြောက်သောအရပ် ၌ စမ်းရေ တွင်း များကို၎င်းငါ ဖြစ်စေမည်။
19 I will plant in the wilderness the cedar, the acacia tree, and the myrtle, and the oil tree; I will set in the desert the fir tree, the pine, and the box tree together:
၁၉တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။
20 that they may see, and know, and consider, and understand together, that the hand of the LORD hath done this, and the Holy One of Israel hath created it.
၂၀သို့ ဖြစ်၍၊ ထာဝရဘုရား သည် ဤအမှုကို စီရင် ၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိ မြင် ၍ ၊ ဆင်ခြင် နားလည် ကြလိမ့်မည်။
21 Produce your cause, saith the LORD; bring forth your strong reasons, saith the King of Jacob.
၂၁သင် တို့၏ အမှု ကို စောင့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် တို့၏ခိုင်ခံ့သော သက်သေ များ ကို ထုတ် ပြကြလော့ဟု ယာကုပ် အမျိုး၏ ရှင်ဘုရင် မိန့် တော်မူ၏။
22 Let them bring them forth, and declare unto us what shall happen: declare ye the former things, what they be, that we may consider them, and know the latter end of them; or shew us things for to come.
၂၂ထုတ် ဘော်၍ အနာဂတ္တိအရာတို့ကို ငါ တို့အား ပြ ကြစေ။ အရင် ဖြစ် ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါ တို့ ဆင်ခြင် ၍ ၊ ထိုအရာ တို့၏ အဆုံး ကို သိ ရမည်အကြောင်း ဘော် ပြကြစေ။ သို့မဟုတ် ၊ ဖြစ် လတံ့ သောအရာတို့ကို ငါ တို့အား ဟော ပြောကြစေ။
23 Declare the things that are to come hereafter, that we may know that ye are gods: yea, do good, or do evil, that we may be dismayed, and behold it together.
၂၃သင် တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိ ရမည် အကြောင်း ၊ ဖြစ် လတံ့သော အရာတို့ကို ပြ ကြလော့။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်း သောအမှု၊ ဆိုး သောအမှု တစုံတခုကို ပြုကြလော့။
24 Behold, ye are of nothing, and your work of nought: an abomination is he that chooseth you.
၂၄သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
25 I have raised up one from the north, and he is come; from the rising of the sun one that calleth upon my name: and he shall come upon rulers as upon mortar, and as the potter treadeth clay.
၂၅မြောက် မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍ ၊ သူသည် လာလိမ့်မည်။ နေ ထွက် ရာမှ လာ ၍ ငါ့ နာမ ကို ပဌနာ ပြုလိမ့်မည်။ အိုးထိန်း သမားသည် အိုးမြေ ကို နင်း သကဲ့သို့ ၊ ထိုသူသည် မင်း တို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်း လိမ့်မည်။
26 Who hath declared it from the beginning, that we may know? and beforetime, that we may say, [He is] righteous? yea, there is none that declareth, yea, there is none that sheweth, yea, there is none that heareth your words.
၂၆ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။
27 [I] first [will say] unto Zion, Behold, behold them; and I will give to Jerusalem one that bringeth good tidings.
၂၇ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေး ဦးစွာ ငါသည် ဇိအုန် မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်း ကို ကြားပြောသော တမန်ကိုလည်း ၊ ယေရုရှလင် မြို့သို့ ငါစေလွှတ် ၏။
28 And when I look, there is no man; even among them there is no counsellor, that, when I ask of them, can answer a word.
၂၈သူတို့ကို ငါကြည့် ရှုသောအခါ ၊ တစုံ တယောက်မျှ မ ရှိ။ သူ တို့တွင် သတိပေး သော သူတယောက်မျှမ ရှိ။ ပြန်ပြော စေခြင်းငှါ သူ တို့ကို ငါမေးမြန်း သော်လည်း၊
29 Behold, all of them, their works are vanity [and] nought: their molten images are wind and confusion.
၂၉သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။

< Isaiah 41 >