< Ezekiel 30 >

1 The word of the LORD came again unto me, saying,
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 Son of man, prophesy, and say, Thus saith the Lord GOD: Howl ye, Woe worth the day!
အချင်းလူသား၊ သင်သည် ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ် ကြလော့။
3 For the day is near, even the day of the LORD is near, a day of clouds; it shall be the time of the heathen.
ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။
4 And a sword shall come upon Egypt, and anguish shall be in Ethiopia, when the slain shall fall in Egypt; and they shall take away her multitude, and her foundations shall be broken down.
ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလ အမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။
5 Ethiopia, and Put, and Lud, and all the mingled people, and Cub, and the children of the land that is in league, shall fall with them by the sword.
အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒ ပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သား တို့နှင့်တကွ ထားဖြင့် လဲ၍သေကြလိမ့်မည်။
6 Thus saith the LORD: They also that uphold Egypt shall fall, and the pride of her power shall come down: from the tower of Seveneh shall they fall in it by the sword, saith the Lord GOD.
အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေ သည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့ တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
7 And they shall be desolate in the midst of the countries that are desolate, and her cities shall be in the midst of the cities that are wasted.
ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည်။
8 And they shall know that I am the LORD, when I have set a fire in Egypt, and all her helpers are destroyed.
ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
9 In that day shall messengers go forth from before me in ships to make the careless Ethiopians afraid; and there shall be anguish upon them, as in the day of Egypt; for, lo, it cometh.
ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး၍ သွားကြသဖြင့်။ အဲဂုတ္တပြည်၏ အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။
10 Thus saith the Lord GOD: I will also make the multitude of Egypt to cease, by the hand of Nebuchadrezzar king of Babylon.
၁၀အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည် ၏ အလုံးအရင်းကို ငါဖြတ်မည်။
11 He and his people with him, the terrible of the nations, shall be brought in to destroy the land; and they shall draw their swords against Egypt, and fill the land with the slain.
၁၁ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက် မက်ဘွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ၍၊ ထားကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။
12 And I will make the rivers dry, and will sell the land into the hand of evil men; and I will make the land desolate, and all that is therein, by the hand of strangers: I the LORD have spoken it.
၁၂မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည်။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည်၌ ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရား ပြောပြီ။
13 Thus saith the Lord GOD: I will also destroy the idols, and I will cause the images to cease from Noph; and there shall be no more a prince out of the land of Egypt: and I will put a fear in the land of Egypt.
၁၃အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည်။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည်။
14 And I will make Pathros desolate, and will set a fire in Zoan, and will execute judgments in No.
၁၄ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။
15 And I will pour my fury upon Sin, the strong hold of Egypt; and I will cut off the multitude of No.
၁၅အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့ အပေါ်သို့ ငါသည် အမျက်ကို သွန်းလောင်း၍၊ နောမြို့ သား အလုံးအရင်းကို ပယ်ဖြတ်မည်။
16 And I will set a fire in Egypt; Sin shall be in great anguish, and No shall be broken up: and Noph [shall have] adversaries in the day time.
၁၆အဲဂုတ္တုပြည်၌ မီးညှိ၍ သိန်မြို့သည် တုန်လှုပ် ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည် နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။
17 The young men of Aven and of Pi-beseth shall fall by the sword: and these [cities] shall go into captivity.
၁၇အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည်။
18 At Tehaphnehes also the day shall withdraw itself, when I shall break there the yokes of Egypt, and the pride of her power shall cease in her: as for her, a cloud shall cover her, and her daughters shall go into captivity.
၁၈တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
19 Thus will I execute judgments in Egypt: and they shall know that I am the LORD.
၁၉ထိုသို့အဲဂုတ္တုပြည်၌ ငါသည် အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
20 And it came to pass in the eleventh year, in the first [month], in the seventh [day] of the month, that the word of the LORD came unto me, saying,
၂၀သက္ကရာဇ်တဆယ်တခု၊ ပဌမလ ခုနစ်ရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21 Son of man, I have broken the arm of Pharaoh king of Egypt; and, lo, it hath not been bound up to apply [healing] medicines, to put a roller to bind it, that it be strong to hold the sword.
၂၁အချင်းလူသား၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေကု၍မထုပ်ရ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ။
22 Therefore thus saith the Lord GOD: Behold, I am against Pharaoh king of Egypt, and will break his arms, the strong, and that which was broken; and I will cause the sword to fall out of his hand.
၂၂ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက်၌ နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ထားကို သူ့လက်မှ ကျစေမည်။
23 And I will scatter the Egyptians among the nations, and will disperse them through the countries.
၂၃အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ တွင် ကွဲပြားပြန့်လွင့်စေမည်။
24 And I will strengthen the arms of the king of Babylon, and put my sword in his hand: but I will break the arms of Pharaoh, and he shall groan before him with the groanings of a deadly wounded man.
၂၄ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ထားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။
25 And I will hold up the arms of the king of Babylon, and the arms of Pharaoh shall fall down; and they shall know that I am the LORD, when I shall put my sword into the hand of the king of Babylon, and he shall stretch it out upon the land of Egypt.
၂၅ဗာဗုလုန်ရှင်ဘုရင်၏ လက်ရုံးတို့ကို ငါခိုင်မာစေ မည်။ ဖာရောဘုရင်၏ လက်မူကား၊ အောက်သို့ကျလိမ့် မည်။ ငါ့ထားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုထားနှင့်ခုတ်သောအခါ၊ ငါ သည် ထားဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့် မည်။
26 And I will scatter the Egyptians among the nations, and disperse them through the countries; and they shall know that I am the LORD.
၂၆ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည် တို့၌ ငါကွဲပြားပြန့်လွင့်စေမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiel 30 >