< Ezekiel 17 >

1 And the word of the LORD came unto me, saying,
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-
2 Son of man, put forth a riddle, and speak a parable unto the house of Israel;
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-
3 and say, Thus saith the Lord GOD: A great eagle with great wings and long pinions, full of feathers, which had divers colours, came unto Lebanon, and took the top of the cedar:
4 he cropped off the topmost of the young twigs thereof, and carried it into a land of traffic; he set it in a city of merchants.
ထိပ်​ဆုံး​မှ​အ​ညွန့်​အ​ဖျား​ကို​ချိုး​ယူ​၍ ရောင်း ဝယ်​ဖောက်​ကား​သည့်​နိုင်​ငံ​သို့​ယူ​ဆောင်​ကာ ကုန်​သည်​တို့​မြို့​တွင်​စိုက်​ပျိုး​၏။-
5 He took also of the seed of the land, and planted it in a fruitful soil; he placed it beside many waters; he set it as a willow tree.
ထို​နောက်​သူ​သည်​ဣသ​ရေ​လ​နိုင်​ငံ​တွင်​ရှိ​သည့် သစ်​စေ့​တစ်​စေ့​ကို​ယူ​၍ မိုး​မ​ခ​ပင်​ကဲ့​သို့ ပေါက်​နိုင်​ရန် ရေ​အ​စဉ်​ရ​၍​မြေ​ကောင်း​မြေ သန့်​ရှိ​ရာ​ကွင်း​တွင်​စိုက်​ပျိုး​၏။-
6 And it grew, and became a spreading vine of low stature, whose branches turned toward him, and the roots thereof were under him: so it became a vine, and brought forth branches, and shot forth sprigs.
အ​ပင်​ငယ်​သည်​ရွက်​နု​များ​ထွက်​လာ​ကာ​နိမ့် နိမ့်​နှင့်​အ​ကိုင်း​အ​ခက်​များ​ဖြာ​၍​ထွက်​လာ သော​စ​ပျစ်​နွယ်​ပင်​ဖြစ်​လာ​လေ​သည်။ ထို အ​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လင်း​ယုန် ငှက်​ရှိ​ရာ​သို့​တက်​လျက်​အ​မြစ်​များ​သည် လည်း​အောက်​သို့​နက်​စွာ​ဆင်း​သွား​ကြ​၏။ စ​ပျစ်​ပင်​သည်​အ​ကိုင်း​အ​ခက်​တို့​ဖြင့် ဝေ​ဆာ​လျက်​နေ​၏။
7 There was also another great eagle with great wings and many feathers: and, behold, this vine did bend its roots toward him, and shot forth its branches toward him, from the beds of its plantation, that he might water it.
``ထို​အ​ရပ်​တွင်​အ​ခြား​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ​၏​အ​တောင်​များ​သည် သန်​မာ​၍ အ​မွေး​တို့​သည်​လည်း​ထူ​ထပ်​၏။ စ​ပျစ်​ပင်​သည်​ယ​ခု​မိ​မိ​တည်​ရာ​ဥ​ယျာဉ် မှ​နေ​၍ ရေ​များ​ကို​ပို​ရ​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​ကာ သူ​၏​ဘက်​သို့​အ​မြစ်​များ​ကို ထိုး​စေ​၍​အ​ရွက်​များ​ကို​လည်း​မျက်​နှာ မူ​စေ​၏။-
8 It was planted in a good soil by many waters, that it might bring forth branches, and that it might bear fruit, that it might be a goodly vine.
သို့​သော်​အ​ရွက်​အ​သီး​များ​ဖြင့်​လှ​ပ​ဝေ ဆာ​သော​စ​ပျစ်​ပင်​ဖြစ်​လာ​စေ​ရန် ယင်း​ကို ရေ​အ​လုံ​အ​လောက်​ရှိ​သည့်​မြေ​ကောင်း မြေ​သန့်​၌​စိုက်​ပျိုး​ထား​ခဲ့​ပြီး​ဖြစ်​သည်။
9 Say thou, Thus saith the Lord GOD: Shall it prosper? shall he not pull up the roots thereof, and cut off the fruit thereof, that it may wither; that all its fresh springing leaves may wither; even without great power or much people to pluck it up by the roots thereof?
``သို့​ဖြစ်​၍​ဤ​စ​ပျစ်​ပင်​သည်​ဆက်​လက်​၍ ရှင်​သန်​နိုင်​မည်​လော။ ထို​အ​ပင်​ကို​အ​မြစ်​မှ ဆွဲ​နုတ်​ပြီး​လျှင် စ​ပျစ်​သီး​များ​ကို​ချွေ​ကာ အ​ကိုင်း​သစ်​တို့​ကို​လည်း​ချိုး​၍ ညှိုး​နွမ်း ခြောက်​သွေ့​သွား​စေ​မည်​မ​ဟုတ်​လော။ ထို အ​ပင်​ကို​နုတ်​ပစ်​ရန်​ခွန်​အား​များ​စွာ​ရှိ​ရန် လူ​အ​လုံး​အ​ရင်း​ကို​လို​လိမ့်​မည်​မ​ဟုတ် ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-
10 Yea, behold, being planted, shall it prosper? shall it not utterly wither; when the east wind toucheth it? it shall wither in the beds where it grew.
၁၀ထို​စ​ပျစ်​ပင်​ကို​ရွှေ့​ပြောင်း​၍​စိုက်​ပျိုး​ခဲ့​လျှင် ထို​အ​ပင်​သည်​ဆက်​လက်​ရှင်​သန်​နိုင်​မည်​လော။ ယင်း​သည်​အ​ရှေ့​လေ​တိုက်​ခတ်​သော​အ​ခါ​ညှိုး နွမ်း​ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော။ ယ​ခု ပေါက်​လျက်​နေ​သည့်​အ​ရပ်​၌​ပင်​ညှိုး​နွမ်း ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော'' ဟု​မိန့် တော်​မူ​၏။
11 Moreover the word of the LORD came unto me, saying,
၁၁ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​သည်​ကား၊-
12 Say now to the rebellious house, Know ye not what these things mean? tell them, Behold, the king of Babylon came to Jerusalem, and took the king thereof, and the princes thereof, and brought them to him to Babylon;
၁၂``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-
13 and he took of the seed royal, and made a covenant with him; he also brought him under an oath, and took away the mighty of the land:
၁၃ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။-
14 that the kingdom might be base, that it might not lift itself up, but that by keeping of his covenant it might stand.
၁၄
15 But he rebelled against him in sending his ambassadors into Egypt, that they might give him horses and much people. Shall he prosper? shall he escape that doeth such things? shall he break the covenant, and yet escape?
၁၅သို့​သော်​လည်း​ယုဒ​ဘု​ရင်​သည်​ပုန်​ကန်​ထ ကြွ​လျက် မြင်း​နှင့်​စစ်​သည်​အ​မြောက်​အ​မြား ကို​စစ်​ကူ​ရ​ရှိ​ရန် အီ​ဂျစ်​ပြည်​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​လေ​သည်။ သူ​၏​အ​ကြံ​ထ မြောက်​သ​လော။ ဘေး​လွတ်​မည်​လော။ ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​ချိုး​ဖောက်​ပြီး​နောက် အ​ပြစ်​ပေး​ခြင်း​ကို​မ​ခံ​ရ​ဘဲ​နေ​မည် လော။
16 As I live, saith the Lord GOD, surely in the place where the king dwelleth that made him king, whose oath he despised, and whose covenant he brake, even with him in the midst of Babylon he shall die.
၁၆အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။-
17 Neither shall Pharaoh with his mighty army and great company make for him in the war, when they cast up mounts and build forts, to cut off many persons.
၁၇ဗာ​ဗု​လုန်​စစ်​သည်​တို့​သည်​လူ​များ​ကို​သတ် ခြင်း​ငှာ မြေ​က​တုတ်​များ​လုပ်​၍​ကျုံး​မြောင်း များ​တူး​ကြ​သော​အ​ခါ အင်​အား​ကြီး​မား သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​ပင်​လျှင် ယု​ဒ​မင်း​အား​အ​ကူ​အ​ညီ​ပေး​နိုင်​မည် မ​ဟုတ်။-
18 For he hath despised the oath by breaking the covenant; and behold, he had given his hand, and yet hath done all these things; he shall not escape.
၁၈ထို​မင်း​သည်​မိ​မိ​ကျိန်​ဆို​ခဲ့​သည့်​ကျမ်း​သစ္စာ ကို​မ​လေး​စား​ဘဲ၊ မိ​မိ​ချုပ်​ဆို​ခဲ့​သည့်​ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​လည်း​ကောင်း​ချိုး​ဖောက်​၏။ သူ​သည်​က​တိ​သစ္စာ​ကျိန်​ဆို​ပြီး​သော်​လည်း ဤ​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သူ​သည်​ယ​ခု အ​သက်​ချမ်း​သာ​ရာ​ရ​မည်​မ​ဟုတ်'' ဟူ​၍ တည်း။
19 Therefore thus saith the Lord GOD: As I live, surely mine oath that he hath despised, and my covenant that he hath broken, I will even bring it upon his own head.
၁၉အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​၏။ သူ​သည်​ငါ​ကျိန် ဆို​သည့်​သစ္စာ​ကို​မ​လေး​စား​ဘဲ ပ​ဋိ​ညာဉ် စာ​ချုပ်​ကို​ချိုး​ဖောက်​သည့်​အ​တွက်​သူ့​ခေါင်း ပေါ်​သို့​ငါ​ဒဏ်​ခတ်​မည်။-
20 And I will spread my net upon him, and he shall be taken in my snare, and I will bring him to Babylon, and will plead with him there for his trespass that he hath trespassed against me.
၂၀ပိုက်​ကွန်​နှင့်​သူ့​ကို​ငါ​အုပ်​မည်။ ကျော့​ကွင်း​ကို ထောင်​၍​သူ့​အား​ငါ​ဖမ်း​မည်။ ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်​ထို​မြို့​တွင်​သူ့​အား ဒဏ်​ခတ်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ငါ့​ကို​သစ္စာ​ဖောက်​သော​ကြောင့်​ဖြစ်​၏။-
21 And all his fugitives in all his bands shall fall by the sword, and they that remain shall be scattered toward every wind: and ye shall know that I the LORD have spoken it.
၂၁ထွက်​ပြေး​သော​သူ​၏​စစ်​သည်​တော်​များ​သည် စစ်​ပွဲ​၌​ကျ​ဆုံး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သော သူ​တို့​သည်​လည်း​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​ကုန် ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
22 Thus saith the Lord GOD: I will also take of the lofty top of the cedar, and will set it; I will crop off from the topmost of his young twigs a tender one, and I will plant it upon an high mountain and eminent:
၂၂အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ``ငါ​သည်​အာ​ရစ်​ပင်​မြင့်​၏​ထိပ်​ဖျား​ကိုင်း​ကို ယူ​၍​စိုက်​မည်။ အ​ခက်​နု​ကို​ချိုး​ပြီး​နောက်​အ​လွန်​မြင့်​သော တောင်​မြင့်​ပေါ်​မှာ​စိုက်​မည်။
23 in the mountain of the height of Israel will I plant it: and it shall bring forth boughs, and bear fruit, and be a goodly cedar: and under it shall dwell all fowl of every wing; in the shadow of the branches thereof shall they dwell.
၂၃အ​မြင့်​ဆုံး​သော​ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ စိုက်​မည်။ ထို​အ​ပင်​သည်​အ​ကိုင်း​အ​ခက်​များ​ထွက်​၍ အ​သီး​သီး​ကာ လှ​ပ​တင့်​တယ်​သော​အာ​ရစ်​ပင်​ဖြစ်​လာ​လိမ့်​မည်။ ထို​အ​ပင်​၌​ငှက်​အ​မျိုး​မျိုး​တို့​အ​သိုက် လုပ်​ကြ​လိမ့်​မည်။ အ​ပင်​ရိပ်​တွင်​လည်း​ခို​လှုံ​ကြ​လိမ့်​မည်။
24 And all the trees of the field shall know that I the LORD have brought down the high tree, have exalted the low tree, have dried up the green tree, and have made the dry tree to flourish: I the LORD have spoken and have done it.
၂၄ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဤ​ပြည်​တွင်​ရှိ​သ​မျှ​သော​သစ်​ပင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သစ်​ပင်​မြင့်​များ​ကို​ခုတ်​လှဲ​၍ သစ်​ပင်​ငယ်​တို့​ကို​မြင့်​မား​လာ​စေ​၏။ စိမ်း​လန်း​သော​အ​ပင်​တို့​ကို​ညှိုး​နွမ်း​ခြောက်​သွေ့​စေ​၍ သွေ့​ခြောက်​သော​အ​ပင်​တို့​ကို​စိမ်း​လန်း​လာ စေ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​စ​ကား​အ​တိုင်း ပြု​မည်'' ဟူ​၍​တည်း။

< Ezekiel 17 >