< Psalms 83 >

1 A song, a psalm of Asaph. Do not keep silent, O God: hold not your peace, be not still, God.
အိုဘုရား သခင်၊ တိတ်ဆိတ် စွာ နေတော်မ မူပါ နှင့်။ အို ဘုရား သခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ် စွာ နေတော်မ မူပါနှင့်။
2 For see! Your enemies roar, those who hate you lift up their heads,
ကိုယ်တော် ၏ရန်သူ တို့သည် ရုန်းရင်းခတ် ပြုကြပါ၏။ ကိုယ်တော် ကို မုန်း သောသူတို့သည် ထ ကြပါ၏။
3 laying crafty plans for your people, and plotting against those you treasure.
ကိုယ်တော် ၏ လူစု တဘက် ၌ ပရိယာယ် ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာ တော်မူသောသူတို့ တဘက် ၌ တိုင်ပင် ကြပါ၏။
4 “Come, let us wipe them out as a nation, so Israel’s name will be mentioned no more.”
ဣသရေလ ၏နာမ ကို နောက် တဖန် အောက်မေ့ စရာမ ရှိစေခြင်းငှါ လာ ကြ၊ သူ တို့အမျိုး ကို ပယ် ဖြတ် ကြကုန်အံ့ဟု ဆို ကြပါ၏။
5 For, conspiring with one accord, they have made a league against you
သဘော တညီ တညွတ်တည်းတိုင်ပင် ၍ ၊ ကိုယ်တော် တဘက် ၌ အချင်းချင်း သင်း ဖွဲ့သော သူဟူမူကား။
6 Tents of Edom, and Ishmaelites, Moab, and the Hagrites.
ဧဒုံ ပြည်၌ နေ သောသူ၊ ဣရှမေလ အမျိုးသား၊ မောဘ ပြည်သား၊ ဟာဂရ ပြည်သား၊
7 Gebal and Ammon and Amalek, Philistia, with the people of Tyre;
ဂေဗလ ပြည်သား၊ အမ္မုန် ပြည်သား၊ အာမလက် ပြည်သား၊ တုရု မြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်း ဖွဲ့ကြပါ၏။
8 Syria, too, is confederate, they have strengthened the children of Lot. (Selah)
အာရှုရိ အမျိုးသားတို့သည်လည်း ၊ ဝိုင်း၍ လောတ အမျိုးသား တို့ဘက်သို့ ဝင် ကြပါ၏။
9 Deal with them as you dealt with Midian, with Sisera, with Jabin, at the torrent of Kishon,
မိဒျန် အမျိုးကို၎င်း၊ ခိရှုန် ချောင်း နား မှာ သိသရ မင်းနှင့် ယာဘိန် မင်းကို ၎င်းပြုသကဲ့သို့ သူ တို့ကို ပြု တော်မူ ပါ။
10 who at Endor were destroyed, and became dung for the field.
၁၀ထိုသူတို့သည် အင်္ဒေါရ အရပ်၌ ဆုံးရှုံး ၍၊ မြေ ပေါ် မှာ နောက်ချေး ကဲ့သို့ဖြစ် ကြပါ၏။
11 Make their nobles like Oreb and Zeeb, all their princes like Zebah and Zalmunna,
၁၁ငါတို့သည် ဘုရား သခင်၏အိမ် များကို ကိုယ် ဘို့ သိမ်းယူ ကြကုန်အံ့ဟု ဆို သော ဩရဘ မင်းနှင့် ဇေဘ မင်း ကဲ့သို့ ၊
12 who said, “Let us take for ourselves the meadows of God.”
၁၂ဤသူ တို့၏မှူးမတ် များကို၎င်း ၊ ဇေဘဟ မင်းနှင့် ဇာလမုန္န မင်းကဲ့သို့ ဤသူ တို့၏မင်းသား အပေါင်း ကို၎င်း ဖြစ် စေတော်မူပါ။
13 Whirl them, my God, like dust, like stubble before the wind.
၁၃အကျွန်ုပ် ၏ ဘုရား သခင်၊ လေဘွေ ၌ ပါသွား သော အမှိုက် ကဲ့သို့ ၎င်း၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း သူ တို့ကို ဖြစ် စေတော်မူပါ။
14 As the fire that kindles the forest, as flame that sets mountains ablaze,
၁၄တော ကို မီး ရှို့ သကဲ့သို့ ၎င်း ၊ တောင် ပေါ်မှာ မီး လောင် သကဲ့သို့ ၎င်း၊
15 so with your tempest pursue them, terrify them with your hurricane.
၁၅ထိုနည်းတူ ၊ မိုဃ်းသက် မုန်တိုင်းတော် အားဖြင့် သူ တို့ကိုညှဉ်းဆဲ ၍ ၊ ပြင်းစွာ သော လေတော်အားဖြင့် ချောက် လှန့်တော်မူပါ။
16 Make them blush with shame; until they seek your name, O Lord.
၁၆အိုထာဝရဘုရား ၊ သူ တို့မျက်နှာ ကို ရှက် စေတော်မူ ၍ သူတို့သည် နာမ တော်ကို ရှာ ကြပါစေသော။
17 Everlasting shame and confusion, disgrace and destruction be theirs.
၁၇စိတ်ပျက် ၍ အစဉ် ပင်ပန်း ခြင်း ရှိကြပါစေသော။ အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။
18 Teach those who you alone are most high over all the earth.
၁၈ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။

< Psalms 83 >