< Romans 16 >

1 I commend to your care our sister, Phoebe, who is a minister of the church at Cenchreae;
ကင်ခြေ မြို့အသင်းတော် ၌ သင်းထောက် မိန်းမဖြစ် သော ငါ တို့ နှမ ဖိဗေ ကို သင် တို့ထံသို့ငါသွင်းပေး၏။
2 and I ask you to give her a Christian welcome – one worthy of Christ’s people – and to aid her in any matter in which she may need your assistance. She has proved herself a staunch friend and protector and to many others.
သန့်ရှင်း သူ တို့သည် ပြုသင့် သည်အတိုင်း ၊ သခင် ဘုရားကို ထောက်၍ ထိုသူ ကိုလက်ခံ ကြလော့။ သူသည် အကူအမလို သမျှ သော အမှု တို့၌ သူ့ ကိုကူမ ကြလော့ ။ အကြောင်းမူကား ၊ သူ သည်များစွာ သော သူတို့ကို၎င်း၊ ငါ့ ကို၎င်း၊ မစ သောသူဖြစ် ၏။
3 Give my greeting to Prisca and Aquila, my fellow workers in the cause of Christ Jesus,
ငါ နှင့်အတူ ယေရှု ခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ ၊ ပြစ်ကိလ နှင့် အာကုလ ကို နှုတ်ဆက် ကြ လော့။
4 who risked their own lives to save mine. It is not I alone who thank them, but all the churches among the Gentiles thank them also.
ထိုသူတို့သည် ငါ့ အသက် အဘို့ မိမိ တို့လည်ပင်း ကို ချထား သော သူ ဖြစ်ကြ၏။ သူတို့ကျေးဇူး ရှိသည်ဟု ငါ တစ်ယောက်တည်း သာ ဝန်ခံသည်မ ဟုတ်။ တစ်ပါး အမျိုးသားအသင်းတော် အပေါင်း တို့သည် ဝန်ခံကြ၏။
5 Give my greeting, also, to the church that meets at their house, as well as to my dear friend Epaenetus, one of the first in Roman Asia to believe in Christ;
သူ တို့အိမ် ၌ ရှိသောအသင်းတော် ကိုလည်း နှုတ်ဆက်ကြလော့။ အာရှ ပြည်တွင် ခရစ် အဘို့ အဦးသီးသော အသီး ဖြစ် သော ငါ့ ချစ် သားဧပဲနက် ကို နှုတ်ဆက် ကြလော့။
6 to Mary, who worked hard for you;
ငါတို့အမှုကိုကြိုးစား ၍ ဆောင်ရွက် သော မာရိ ကိုနှုတ်ဆက် ကြလော့။
7 to Andronicus and Junia, fellow Jews and once my fellow prisoners, who are people of note among the apostles, and who became Christians before I did;
ငါ နှင့်အတူအကျဉ်း ခံရသောသူ၊ ငါ အမျိုးသား ချင်းအန္ဒြောနိတ် နှင့် ယုနိ ကို နှုတ်ဆက် ကြလော့။ ထိုသူတို့သည် တမန်တော် များတွင် အသရေထင်ရှား သောသူ ဖြစ် ကြ၏။ ငါ့ အရင် တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ် ကြ၏။
8 to my dear Christian friend Ampliatus;
သခင် ဘုရား၌ ငါ့ ချစ် သားအမ္ပလိ ကိုနှုတ်ဆက် ကြလော့။
9 to Urban, our fellow worker in the cause of Christ, and to my dear friend Stachys;
ငါ တို့နှင့်အတူ ခရစ်တော် ၏အမှုကို ဆောင်ရွက်သော ဥရဗန် နှင့် ငါ့ ချစ် သားသတာခု ကို နှုတ်ဆက် ကြ လော့။
10 to that tried and true Christian Apelles; to the household of Aristobulus;
၁၀တပည့်တော်စစ် ဖြစ်သော အပေလေ နှင့် အာရိတ္တောဗုလု ၏ အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။
11 to my countryman Herodion; to the Christians in the household of Narcissus;
၁၁ငါ ၏အဆွေအမျိုးဟေရောဒျုန် နှင့် တပည့်တော် ဖြစ် သောနာကိသု ၏အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။
12 to Tryphaena and Tryphosa, who have worked hard for the Master; to my dear friend Persis, for she has done much hard work for the Master;
၁၂သခင်ဘုရား ၏အမှုတော်ကို ကြိုးစား သော မိန်းမ ၊ တရုဖဲန နှင့် တရုဖောသ ကို၎င်း၊ သခင်ဘုရား ၏ အမှုတော်ကို အလွန် ကြိုးစား ၍ ချစ် အပ်သော မိန်းမပေရသိ ကို၎င်း နှုတ်ဆက် ကြလော့။
13 to that eminent Christian, Rufus, and to his mother, who has been a mother to me also;
၁၃မြတ်သောတပည့်တော်ရုဖု နှင့်သူ ၏အမိ တည်းဟူသောငါ ၏ အမိကို နှုတ်ဆက် ကြလော့။
14 to Asyncritus, Phlegon, Hermes, Patrobas, Hermas, and our friends with them;
၁၄အသုံကြိတ် ၊ ဖလေကုန် ၊ ဟေရမေ ၊ ပတ်ရောဘ ၊ ဟေရမေ မှစ၍ သူ တို့နှင့်အတူ နေသောညီအစ်ကို တို့ကို နှုတ်ဆက် ကြလော့။
15 also to Philologus and Julia, Nereus and his sister, and Olympas, and to all Christ’s people who are with them.
၁၅ဖိလောလုပ် ၊ ယုလိ ၊ နေရု ၊ နေရု နှမ နှင့် ဩလုမ္ပ မှစ၍ သူ တို့နှင့်အတူ နေသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။
16 Greet one another with a sacred kiss. All the churches of the Christ send you greetings.
၁၆အချင်းချင်း တစ်ယောက်ကို တစ်ယောက်သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် ၏ အသင်းတော် အပေါင်း တို့သည် သင် တို့နှင့် နှုတ်ဆက် ကြ၏။
17 I beg you, friends, to be on your guard against people who, by disregarding the teaching which you received, cause divisions and create difficulties; dissociate yourselves from them.
၁၇ညီအစ်ကို တို့၊ သင် တို့ခံရ ပြီးသော ဆုံးမ ဩဝါဒနှင့်ဆန့်ကျင်ဘက် ဖြစ်သောသင်းခွဲ ခြင်း၊ မှားယွင်း ခြင်းအကြောင်းကို ပြု တတ်သောသူတို့ကို မှတ် ၍ရှောင် ကြလော့ဟု ငါသတိပေး ၏။
18 For such persons are not serving Christ, our Master, but are slaves to their own appetites; and, by their smooth words and flattery, they deceive simple-minded people.
၁၈အကြောင်းမူကား ထိုသို့သော သူတို့သည် ငါ တို့သခင် ခရစ်တော် ၏ အမှု ကိုမ ဆောင်ရွက်ဘဲလျက်၊ မိမိ တို့ဝမ်း ၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကား နှင့် ချော့မော့သော စကားအားဖြင့် စိတ် ကောင်း သောသူ တို့ကို လှည့်ဖြား တတ်ကြ၏။
19 Everyone has heard of your ready obedience. It is true that I am very happy about you, but I want you to be well versed in all that is good, and innocent of all that is bad.
၁၉သင် တို့ ယုံကြည်နားထောင် ခြင်းအကြောင်း အရာသည် လူအပေါင်း တို့တွင် ကျော်စော သည်ဖြစ်၍ ၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း ၊ သင် တို့သည် ကောင်း သောအမှု၌ ကား၊ ပညာရှိ စေခြင်းငှာ၎င်း၊ ဆိုး သော အမှု၌ ကား ၊ အပြစ် ကင်းစေခြင်းငှာ၎င်း၊ ငါအလိုရှိ ၏။
20 And God, the giver of peace, will before long crush Satan under your feet. May the blessing of Jesus, our Lord, be with you.
၂၀ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် မ ကြာမမြင့်မှီ စာတန် ကို သင် တို့ခြေ အောက် ၌ နှိပ်စက် တော်မူမည်။ ငါ တို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည်သင် တို့၌ ရှိပါစေသော။
21 Timothy, my fellow worker, sends you his greetings, and Lucius, Jason, and Sosipater, my countrymen, send theirs.
၂၁ငါ နှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေ မှစ၍ငါ ၏အဆွေအမျိုးလုကိ ၊ ယာသုန် သောသိပတရု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
22 I Tertius, who am writing this letter, send you my Christian greeting.
၂၂ဤ စာ ကိုရေး သော ကျွန်ုပ် တေရတိ သည် သခင် ဘုရားကို ထောက်၍ သင် တို့ကို နှုတ်ဆက် ပါ၏။
23 My host Gaius, who extends his hospitality to the whole church, sends you his greeting; and Erastus, the city treasurer, and Quartus, our dear friend, add theirs.
၂၃ငါ့ ကို၎င်း ၊ သင်းဝင် သူ အပေါင်း တို့ကို၎င်း၊ လက်ခံ၍ဧည့်သည် ဝတ်ပြုတတ်သော ဂါယု ၊ မြို့ စာရေး ဧရတ္တု ၊ သင်တို့ညီ ကွာတု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
၂၄ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
25 Now to him who is able to strengthen you, as promised in the good news entrusted to me and in the proclamation of Jesus Christ, in accordance with the revelation of that hidden purpose, which in past ages was kept secret but now has been revealed (aiōnios g166)
၂၅ရှေး ကပ်ကာလ ပတ်လုံးဝှက်ထား ပြီးလျှင်ယခု မှာ ထင်ရှား သည်ဖြစ်၍၊ (aiōnios g166)
26 and, in obedience to the command of the immortal God, made known through the writings of the prophets to all nations, to secure submission to the faith – (aiōnios g166)
၂၆လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် ကြမည် အကြောင်းပရောဖက် တို့၏ကျမ်းစာ များလာသည် နှင့်အညီ၊ ထာဝရ ဘုရားသခင် ၏ ပညတ် တော်အတိုင်း ထိုသူတို့အားဖေါ်ပြ ရသော နက်နဲ ရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါ ဟောသောဧဝံဂေလိ တရားတည်းဟူသောယေရှု ခရစ် ၏ အကြောင်းကို ဟောပြော ခြင်းအားဖြင့် ၊ သင် တို့ကို မြဲမြံ ခိုင်ခံ့စေခြင်းငှာတတ်နိုင် တော်မူသောအရှင်၊ (aiōnios g166)
27 to him, I say, the wise and only God, be ascribed, through Jesus Christ, all glory for ever and ever. Amen. (aiōn g165)
၂၇တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံ တော်မူသော ဘုရားသခင် သည်၊ ယေရှု ခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn g165)

< Romans 16 >