< Psalms 76 >
1 “For the leader of the music. Upon stringed instruments. A Psalm of Asaph.” In Judah is God known; Great is his name in Israel.
၁ယုဒ ပြည်မှာ ဘုရား သခင်ကို သိ ကြ၏။ ဣသရေလ တိုင်းမှာ နာမတော် သည် ကြီးမြတ် လေ၏။
2 In Jerusalem is his tabernacle, And in Zion his dwelling-place.
၂ယေရုရှလင် မြို့မှာ တဲ တော်ရှိ ၏။ ဇိအုန် တောင် မှာ ကျိန်းဝပ် လျက် နေတော်မူ၏။
3 There brake he the lightning of the bow, The shield, the sword, and all the weapons of battle.
၃ထို အရပ်၌ လေး မြှား၊ ဒိုင်း လွှား၊ ထား လက်နက်၊ စစ် အင်္ဂါတို့ကို ချိုး ဖျက်တော်မူပြီ။
4 More glorious and excellent art thou Than those mountains of robbers!
၄သင် သည် သားရဲ နေသောတောင် တို့ထက် ဘုန်း သာ၍ကြီးမြတ်ပေ၏။
5 Spoiled are the stout-hearted; They sank into their sleep; The hands of the mighty were powerless.
၅ရဲရင့် သောသူတို့ သည် လုယူ ခြင်း ကို ခံရ၍ အိပ်ပျော် ကြပြီ။ အားကြီး သော သူ တစုံ တယောက်မျှ မိမိ လက် ကို မ တွေ့ ရ။
6 Before thy rebuke, O God of Jacob! Fell chariot and horseman into a deep sleep!
၆ယာကုပ် အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ဆုံးမ တော်မူသောအားဖြင့် ၊ ရထား စီးသောသူနှင့် မြင်း စီးသောသူတို့ သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော် ကြပါ၏။
7 Thou, thou, O God! art terrible! Who can stand before thee in thine anger?
၇ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက် ထွက်တော်မူသောအခါ ၊ ရှေ့ တော်၌ အဘယ် သူရပ် နေနိုင်ပါမည်နည်း။
8 Thou didst cause judgment to be heard from heaven; The earth trembled and was still,
၈ဘုရား သခင်သည် နှိမ့်ချ လျက်ရှိသောမြေကြီး သား အပေါင်း တို့ကို ကယ်တင် ၍၊
9 When God arose to judgment, To save all the oppressed of the earth!
၉တရား ဆုံးဖြတ်ခြင်းငှါ ထ တော်မူသောအခါ ၊ တရား ဆုံးဖြတ်သံ ကို ကောင်းကင် ထဲက လွှတ်တော်မူသဖြင့်၊ မြေကြီး သည် ကြောက် ၍ တိတ်ဆိတ် စွာနေပါ၏။
10 The wrath of man shall praise thee, When thou girdest on the whole of thy wrath!
၁၀အကယ် စင်စစ်လူ တို့၏ ဒေါသ သည် ကိုယ်တော် ကို ချီးမွမ်း လိမ့်မည်။ ကြွင်း သောဒေါသ ကိုလည်း ခါးပန်းစည်း တော်မူမည်။
11 Make and perform vows to Jehovah, your God! Let all that dwell around him bring gifts to the terrible One,
၁၁သစ္စာ ဂတိပြုကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား သစ္စာဝတ်ကိုလည်း ဖြေ ကြလော့။ ကိုယ်တော်၏ ပတ်လည် ၌နေသောသူအပေါင်း တို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံ တော်သို့ လက်ဆောင် ကို ဆောင် ခဲ့ကြစေ။
12 Who casteth down the pride of princes, Who is terrible to the kings of the earth!
၁၂ထိုဘုရားသည် မင်း သားတို့၏ စိတ် ကို နှိမ့်ချ တော်မူ၏။ လောကီ ရှင် ဘုရင်တို့၌ ကြောက်ရွံ ဘွယ် ဖြစ်တော်မူ၏။