< Psalms 122 >
1 “A psalm of the steps, or the goings up. By David.” I was glad when they said to me, Let us go up to the house of the LORD!
၁ငါတို့သည် ထာဝရဘုရား ၏ အိမ် တော်သို့ သွား ကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြ သောအခါ ၊ ငါသည် ဝမ်းမြောက် ခြင်းရှိ၏။
2 Our feet are standing Within thy gates, O Jerusalem!
၂အို ယေရုရှလင် မြို့၊ သင် ၏တံခါး တို့အတွင်း ၌ ငါ တို့သည်ရပ် ၍ နေ ကြလိမ့်မည်။
3 Jerusalem, the rebuilt city! The city that is joined together!
၃ယေရုရှလင် မြို့သည် စေ့စပ် သော မြို့ ကဲ့သို့ တည် ၏။
4 Thither the tribes go up, The tribes of the LORD, according to the law of Israel, To praise the name of the LORD.
၄အမျိုး အနွှယ်တို့သည် ထို မြို့သို့တက် ကြ၏။ ဣသရေလ အမျိုး ထုံးစံ ရှိသည်အတိုင်း ၊ ထာဝရ ဘုရား၏ အမျိုးအနွယ် တို့သည် ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ခြင်းငှါ တက်သွားကြ၏။
5 There stand the thrones of judgment, The thrones of the house of David.
၅ထို မြို့၌ တရား စီရင်ရာပလ္လင် ၊ ဒါဝိဒ် မင်းမျိုး ၏ ရာဇပလ္လင် တို့ သည်တည် ကြ၏။
6 Pray for the peace of Jerusalem! May they prosper who love thee!
၆ယေရုရှလင် မြို့ ငြိမ်ဝပ် မည်အကြောင်းဆုတောင်း ကြလော့။ ထို မြို့ကို မြတ်နိုး စုံမက်သောသူတို့ သည် ချမ်းသာ ရကြပါစေသော။
7 Peace be within thy walls, And prosperity within thy palaces!
၇သင် ၏မြို့ရိုး အတွင်း ၌ ငြိမ်ဝပ် ခြင်း၊ သင် ၏ဘုံ ဗိမာန်တို့၌ ချမ်းသာ ခြင်းရှိ ပါစေသော။
8 For my brethren and companions' sake will I say, Peace be within thee!
၈သင် ၌ ငြိမ်ဝပ် ခြင်းရှိပါစေသောဟု ငါ သည် ညီအစ် ကိုအတွက် ၊ အဆွေ ခင်ပွန်းတို့အတွက် ပြော ဆို ပါမည်။
9 For the sake of the house of the LORD, our God, Will I seek thy good!
၉ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကိုထောက် ၍၊ သင် ၏ အကျိုး ကို ရှာ ပါမည်။