< Proverbs 30 >

1 The words of Agur, the son of Jakeh, even his prophecy; the inspired utterance of the man to Ithiel, even to Ithiel and Ucal.
ယာကေ သား အာဂုရ သည် ဣသေလ နှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
2 Truly I am more stupid than any man; There is not in me the understanding of a man.
အကယ် စင်စစ်ငါ သည် လူ မဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူ ဉာဏ် နှင့် မ ပြည့်စုံ။
3 I have not learned wisdom, Nor have I gained the knowledge of the Most Holy.
ပညာ တရားကို မ သင် ၊ သန့်ရှင်း သော အရာတို့ ကို မလေ့ကျက်။
4 Who hath gone up into heaven and come down? Who hath gathered the wind in his fists? Who hath bound up the waters in a garment? Who hath established all the ends of the earth? What is his name, and what his son's name, if thou knowest?
ကောင်းကင် ဘုံသို့ အဘယ်သူ တက် သနည်း။ အဘယ်သူ ဆင်း လာသနည်း။ အဘယ်သူ သည် လေ ကို မိမိ လက် နှင့် ဆုပ်ယူ သနည်း။ အဘယ်သူ သည် ရေ ကို အဝတ် နှင့် ထုပ် ထားသနည်း။ မြေကြီး စွန်း ရှိသမျှ တို့ကို အဘယ်သူ တည် စေသနည်း။ ထိုသို့ပြုသောသူ ၏ အမည် နှင့် သူ ၏သား အမည် ကား အဘယ်သို့ နည်း။ သင်ပြော နိုင်သလော။
5 Every word of God is pure; A shield is he to them that put their trust in him.
ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။
6 Add not to his words, Lest he rebuke thee, and thou be found a liar.
စကား တော်၌ ထပ်၍ မ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ ၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။
7 Two things do I ask of thee; Withhold them not from me, before I die!
ကိုယ်တော် ထံမှာ ဆုနှစ်ပါး ကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မ သေ မှီတိုင်အောင်ငြင်း တော်မ မူပါနှင့်။
8 Remove far from me falsehood and lies; Give me neither poverty nor riches; Feed me with the food which is needful for me;
အကျွန်ုပ် မှ အနတ္တ နှင့် မုသာ ကိုပယ် တော်မူပါ။ ဆင်းရဲ ခြင်း နှင့် ငွေ ရတတ်ခြင်းကိုပေး တော်မ မူပါနှင့်။ အသက်မွေးလောက်သောအစာ ကိုသာ ပေး တော်မူပါ။
9 Lest I be full, and deny thee, And say, “Who is the LORD?” Or lest I be poor, and steal, And violate the name of my God.
သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရဘုရား ကား၊ အဘယ်သူ နည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုး သဖြင့် ၊ အကျွန်ုပ် ၏ ဘုရား သခင်နာမတော် ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို မည်ဟု စိုးရိမ်စရာ ရှိပါ၏။
10 Talk not against a servant to his master, Lest he curse thee, and thou suffer for it.
၁၀ကျွန် ၏ အကျိုး ကိုဖျက်ခြင်းငှါ သူ ၏သခင် ကို မ ပြောနှင့်။ ပြောလျှင် ကျွန်သည် သင့် ကိုကျိန်ဆဲ ၍၊ သင်၌ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
11 There is a class of men that curse their fathers, And do not bless their mothers.
၁၁အဘ ကိုကျိန်ဆဲ ၍ အမိ ကိုလည်း ကောင်းကြီး မ ပေးတတ်သောလူတမျိုး၊
12 There is a class who are pure in their own eyes, And yet are not washed from their filthiness.
၁၂ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊
13 There is a class, —O how lofty are their eyes, And how are their eyelids lifted up!
၁၃အလွန် စိတ် မြင့်၍ မော်ကြည့်တတ်သော လူ တမျိုး၊
14 There is a class, whose teeth are swords, And their jaw-teeth knives, To devour the poor from off the earth, And the needy from among men.
၁၄ဆင်းရဲ သောသူတို့ကို မြေကြီး ပေါ်က ၎င်း၊ ငတ်မွတ် သောသူတို့ကို လူ စုထဲက ၎င်း၊ ကိုက်စား ပယ်ရှားစရာဘို့ သန်လျက် နှင့်တူသောသွား ၊ ထား နှင့်တူသော အံ နှင့် ပြည့်စုံသော လူတမျိုးရှိ၏။
15 The vampire hath two daughters; “Give! give!” [[is their cry.]] There are three things which are never satisfied; Yea, four which say not, “Enough!”
၁၅မျှော့ ကောင်၌ ပေး ပါနှင့်ပေး ပါဟူသောသမီး နှစ် ကောင်ရှိ၏။ အလို ဆန္ဒမ ပြေနိုင်သော အရာသုံး ပါးမက၊ တန် တော့ဟု မ ဆို တတ်သော အရာလေး ပါးဟူမူကား၊
16 The underworld, and the barren womb; The earth, which is not satiated with water, And fire, which never saith, “It is enough!” (Sheol h7585)
၁၆သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ မ ဝ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။ (Sheol h7585)
17 The eye that mocketh at a father, And scorneth to obey a mother, The ravens of the valley shall pick it out, And the young eagles shall eat it.
၁၇အဘ ကို ကျီစား သောသူ၊ အမိ စကားကိုနား မထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိ ကို ချိုင့် ၌ကျင်လည်သောကျီးအ တို့သည် နှိုက် ကြလိမ့်မည်။ ရွှေလင်းတ သငယ် တို့သည်လည်း စား ကြလိမ့်မည်။
18 These three things are too wonderful for me; Yea, there are four which I understand not:
၁၈ငါ့ ဉာဏ် မမှီနိုင်သော အရာသုံး ပါးမက၊ ငါမသိ၊ နား မ လည်နိုင်သော အရာလေး ပါးဟူမူကား၊
19 The track of an eagle in the air, The track of a serpent upon a rock, The track of a ship in the midst of the sea, And the track of a man with a maid.
၁၉လေ ၌ ရွှေလင်းတ သွားရာလမ်း တပါး၊ ကျောက် ပေါ် မှာ မြွေ သွားရာလမ်း တပါး၊ ပင်လယ် အလယ် ၌ သင်္ဘော သွားရာလမ်း တပါး၊ အပျိုမ နှင့် ယောက်ျား သွား ရာလမ်း တပါးတည်း။
20 Such is the way of an adulterous woman; She eateth, and wipeth her mouth, And saith, “I have done nothing wrong.”
၂၀မျောက်မထား သော မိန်းမ လမ်း လည်း ထို အတူ ဖြစ်၏။ အစာစား ပြီးမှ မိမိ ပစပ် ကိုသုတ် ၍ ၊ ဒုစရိုက် ကို ငါမ ပြု မိဟုဆို တတ်၏။
21 Under three things is the earth disquieted; Yea, under four it cannot bear up:
၂၁မြေကြီး ကို မွှေနှောက် သောအရာသုံး ပါးမက၊ မြေကြီးမ ခံ နိုင် သော အရာလေး ပါးဟူမူကား၊
22 Under a servant when he becometh a king, And a fool when he is filled with bread;
၂၂မင်း ပြုသောကျွန် တပါး၊ ဝ စွာစားရသောလူမိုက် တပါး၊
23 Under an odious woman when she becometh a wife, And a handmaid when she becometh heir to her mistress.
၂၃လက်ထပ် သော မိန်းမဆိုး တပါး၊ သခင်မ ဥစ္စာ ကို အမွေ ခံရသောကျွန်မ တပါးတည်း။
24 There are four things which are small upon the earth, Yet are they wise, instructed in wisdom.
၂၄မြေကြီး ပေါ်မှာ သေး နုပ်သော်လည်း ၊ အထူးသဖြင့် ပညာ ရှိသော အရာလေး ပါးဟူမူကား၊
25 The ants are a people not strong, Yet they prepare in the summer their food.
၂၅ခွန်အား မရှိသောအမျိုး ဖြစ်သော်လည်း ၊ နွေ ကာလ၌ မိမိ စားစရာ ကို ပြင်ဆင် တတ်သော ပရွက်ဆိတ် တပါး၊
26 The conies are a feeble people, Yet do they make their houses in the rocks.
၂၆မ သန်စွမ်းသော အမျိုး ဖြစ်သော်လည်း ၊ ကျောက် တွင်း၌ နေရာ ချ တတ်သော ရှာဖန် ယုန်တပါး၊
27 The locusts have no king, Yet do they all go forth in bands.
၂၇မင်း မ ရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွား တတ်သောကျိုင်း တပါး၊
28 The lizard seizeth with its hands, And is in king's palaces.
၂၈လက် ဖြင့် ကိုင် ဆွဲ၍ ၊ နန်းတော် ၌ ပင် နေတတ် သော အိမ်မြှောင် တပါးတည်း။
29 These three have a graceful step; Yea, four are graceful in their walk:
၂၉ကောင်း စွာသွား တတ်သော အရာသုံး ပါးမက၊ အသွား လှ သော အရာလေး ပါးဟူမူကား၊
30 The lion, the hero among beasts, Which turneth not back for any;
၃၀တိရစ္ဆာန် တကာတို့ထက် ခွန်အားကြီး ၍၊ အဘယ် သူကိုမျှ မ ရှောင် တတ်သော ခြင်္သေ့ တပါး၊
31 The loin-girded war-horse, the he-goat, And a king who cannot be withstood.
၃၁စစ်မြင်းတပါး၊ ဆိတ်ထီး တပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင် တပါးတည်း။
32 If thou hast been foolish in lifting thyself up, And hast meditated evil, Put thy hand on thy mouth!
၃၂သင်သည် ကိုယ်ကိုချီးမြှောက် ၍ မိုက်သောအမှု ကို ပြု မိသော် ၎င်း၊ မကောင်းသော အကြံကိုကြံ မိ သော် ၎င်း၊ သင်၏နှုတ် ကို လက် နှင့်ပိတ်ထားလော့။
33 For, as the pressing of milk bringeth forth cheese, And as the pressing of the nose bringeth forth blood, So the pressing of anger bringeth forth strife.
၃၃အကယ် စင်စစ်နို့ ကိုမွှေ လျှင် ထောပတ် ထွက် တတ်၏။ နှာခေါင်း ကိုဆွဲလိမ် လျှင် အသွေး ထွက် တတ်၏။ ထိုနည်းတူ ၊ ဒေါသ ကိုနှိုးဆော် လျှင် ခိုက်ရန် ထွက် တတ်၏။

< Proverbs 30 >