< Philemon 1 >
1 Paul, a prisoner of Christ Jesus, and Timothy the brother, to Philemon our beloved friend and fellow-laborer,
၁ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ ချစ်သော လုပ်ဘော်ဆောင်ဘက်ချင်းဖိလေမုန်၊
2 and to the beloved Apphia, and to Archippus our fellow-soldier, and to the church in thy house:
၂ငါတို့ချစ်သော နှမအပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏ အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။
3 Grace be to you, and peace, from God our Father and the Lord Jesus Christ.
၃ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
4 I thank my God at all times, making mention of thee in my prayers,
၄သင်သည်သခင် ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊
5 hearing of thy love and faith, which thou hast toward the Lord Jesus and toward all the saints;
၅ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။
6 that the fellowship of thy faith may become effectual in the knowledge of every good thing which is in us, for Christ Jesus.
၆ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
7 For we have great thankfulness and comfort on account of thy love, because the hearts of the saints have been refreshed by thee, brother.
၇အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။
8 Wherefore, though I have much boldness in Christ to enjoin upon thee that which is befitting,
၈ထိုကြောင့်၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း၊
9 yet for love's sake I beseech thee rather; being such a one as Paul an old man, and now also a prisoner of Christ Jesus,
၉အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။
10 I beseech thee for my child, whom I begot in my bonds, Onesimus;
၁၀ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊
11 who in time past was unprofitable to thee, but is now profitable to thee and to me;
၁၁သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ၏။
12 whom I have sent back; and do thou [[receive]] him, that is, my own flesh.
၁၂ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
13 Whom I would have retained with me, that in thy stead he might minister to me in the bonds of the gospel;
၁၃ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊
14 but I chose to do nothing without thy consent, that thy benefit may be not as from necessity, but willingly.
၁၄သင်သည်ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ်၍၊ သင်၏ အခွင့်မရှိလျှင် အလျှင်းမပြုလို။
15 For perhaps he was separated from thee for a season to this end, that thou shouldst receive him back as thine for ever; (aiōnios )
၁၅ထိုမှတပါး၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။ (aiōnios )
16 no longer as a bond-servant, but above a bond-servant, a brother beloved, especially to me, but how much more to thee, both in the flesh, and in the Lord!
၁၆ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
17 If thou then regardest me as a partner, receive him as myself.
၁၇သို့ဖြစ်၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။
18 And if he wronged thee in anything, or oweth thee, put that to my account.
၁၈သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။
19 I Paul have written it with my own hand, I will repay it; not to say to thee, that to me thou owest even thy own self besides.
၁၉ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။
20 Yea, brother, let me have joy of thee in the Lord; refresh my heart in Christ.
၂၀အချင်းငါ့ညီ၊ သခင်ဘုရား၌ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။
21 Having confidence in thy obedience I have written to thee, knowing that thou wilt do even more than I say.
၂၁သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက်သာ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။
22 And at the same time make ready a lodging for me; for I hope that through your prayers I shall be granted to you.
၂၂ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မြော်လင့်ခြင်းရှိ၏။
23 Epaphras, my fellow-prisoner in Christ Jesus,
၂၃ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊
24 Mark, Aristarchus, Demas, Luke, my fellow-laborers, salute thee.
၂၄ငါ၏ လုပ်ဘော်ဆောင်ဘက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
25 The grace of our Lord Jesus Christ be with your spirit.
၂၅ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။