< Mark 7 >
1 And there come together to him the Pharisees, and some of the scribes, who came from Jerusalem;
၁ထိုအခါ ဖာရိရှဲ တို့နှင့် ယေရုရှလင် မြို့မှ ရောက်လာ သော ကျမ်းပြု ဆရာအချို့ တို့သည် အထံ တော်၌ စုဝေး ၍၊
2 and seeing some of his disciples eating bread with defiled, that is, unwashed hands,
၂တပည့် တော်အချို့ တို့သည် ညစ်ညူး သောလက် တည်းဟူသောရေမဆေး သောလက်နှင့် အစာ စား သည်ကိုမြင် လျှင် အပြစ်တင်ကြ၏။
3 (for the Pharisees, and all the Jews, unless they wash their hands often, do not eat, holding fast the tradition of the elders;
၃အကြောင်းမူကား ၊ ရှေး လူအပေါင်းတို့မှ ဆက်ဆံသော နည်း ဥပဒေသကိုခံယူ သော ဖာရိရှဲ မှစ၍ယုဒ လူ အပေါင်း တို့သည် လက် ဆုပ် မ ဆေး ဘဲ အစာကို စား လေ့မ ရှိ။
4 and on coming from the marketplace, unless they bathe, they do not eat; and there are many other things which they have received to hold, the dipping of cups, and pitchers, and brazen vessels; )
၄ဈေး မှ ပြန်လာသောအခါ ၌လည်း ဆေး ခြင်းမ ပြုဘဲစား လေ့မ ရှိ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါပုကန် ၊ ခုတင် တို့ ဆေး ခြင်းမှစ၍အခြား သောထုံးတမ်းများ ကို ခံယူ ၍ ကျင့် လေ့ရှိ၏။
5 then the Pharisees and scribes ask him, Why do not thy disciples walk according to the tradition of the elders, but eat bread with defiled hands?
၅ထိုအခါ ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့က၊ ရှေး လူအပေါင်းတို့မှ ဆက်ခံ သောနည်း ဥပဒေသကို ကိုယ်တော် ၏ တပည့် တို့သည် မ ကျင့် ဘဲလျက် အဘယ်ကြောင့် ညစ်ညူး သောလက် နှင့် အစာ စား ကြပါသနည်း ဟု မေးလျှောက် ကြလျှင် ၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
6 And he said to them, Well did Isaiah prophesy of you hypocrites, as it is written, “This people honoreth me with their lips, but their heart is far from me.
၆ဟေရှာယ သည် လျှို့ဝှက် သော သင် တို့ကိုရည်မှတ် လျက်၊ ဤ လူမျိုး သည် နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံးမူကား ငါ နှင့် ဝေး လှ၏။”
7 But in vain do they worship me, teaching as doctrines the commandments of men.”
၇လူတို့ စီရင် သော ပညတ် တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ် စွာ ဟော ခဲ့ပြီ။”
8 Laying aside, the commandment of God, ye hold fast the tradition of men.
၈အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင် ၏ ပညတ် တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူသောလူ တို့မှ ဆက်ခံသော နည်းဥပဒေသကို ခံယူ လျက်၊ ထိုသို့သောအခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။”
9 And he said to them, Full well do ye reject the commandment of God, that ye may keep your tradition!
၉သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေသကိုကျင့် ရသော အခွင့်ရှိစေခြင်းငှာ ၊ ဘုရားသခင် ၏ ပညတ် တော်ကို လျောက်ပတ် စွာ ပယ် ကြသည်တကား။”
10 For Moses said, “Honor thy father and thy mother;” and, “He that curseth father or mother, let him surely die.”
၁၀မောရှေ ၏ ပညတ်ကား၊ မိဘ ကို ရိုသေ စွာပြုလော့။ အကြင်သူ သည် မိဘ ကို နှုတ် ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေ သတ် ခြင်းကို ခံစေဟု လာသတည်း။”
11 But ye say, If a man say to his father or mother, Whatever thou mightst receive in aid from me is Corban, that is, a gift to God, [[he is not bound by the command. Thus]]
၁၁သင် တို့မူကား ၊ အကြင်သူ သည် ကိုယ် မိဘ ကို သင်တို့အသုံးရ နိုင်သမျှ သော ငါ ၏ဥစ္စာသည်အလှူ ဝတ္ထု တည်းဟူသောကော်ဘန် ဖြစ်စေဟုဆို ၏။”
12 ye suffer him no longer to do anything for his father or his mother;
၁၂ထိုသူသည် မိဘ ဝတ်ကို အလျှင်း မ ပြု ရဟု မြစ်တား ၍၊”
13 making void the word of God by your tradition, which ye have handed down; and many such things ye do.
၁၃“မိမိ တို့အဆက်ဆက်ခံ သော နည်း ဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကိုပယ် ကြ၏။ ထိုသို့သော အကျင့်အလေ့ များ တို့ကို သင်တို့သည် ကျင့် လေ့ရှိကြသည် ဟု မိန့် တော်မူ၏။
14 And again calling the multitude to him, he said to them, Hearken to me all of you, and understand.
၁၄ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။”
15 Nothing that entereth into a man from without can defile him; but the things that come out of him are what defile a man.
၁၅လူ ပြင် မှ လာ၍ လူ အတွင်း သို့ဝင် လျက်၊ လူ ကိုညစ်ညူး စေနိုင် သော အရာ တစုံတခု မျှမရှိ ။ လူ အတွင်းမှ ထွက် သောအရာ သည် လူ ကို ညစ်ညူး စေသောအရာ ဖြစ် ၏။”
၁၆ကြားစရာနားရှိသောသူမည်သည်ကားကြားပါစေ” ဟုမိန့်တော်မူ၏။
17 And when he had gone into the house from the crowd, his disciples asked him concerning the parable.
၁၇လူ အစုအဝေးရှိရာမှ ကြွ၍ အိမ် သို့ ဝင် တော်မူပြီးလျှင် ၊ တပည့် တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြ ၏။
18 And he saith to them, Are ye too so without discernment? Do ye not understand that whatever thing from without entereth into a man, cannot defile him?
၁၈ကိုယ်တော်ကလည်း၊ သင် တို့သည် ဤမျှလောက် ပညာ မဲ့လျက် နေ သလော။ လူပြင် မှလာ၍ လူ အတွင်း သို့ဝင် သမျှ သည် နှလုံး ထဲသို့မ ဝင်။”
19 because it entereth not into his heart, but into the stomach; and goeth out into the drain, which cleanseth all kinds of food.
၁၉ဝမ်း ထဲသို့ ဝင် ၍ အစာ ရှိသမျှ ကို သန့်ရှင်း စေသဖြင့် ရေအိမ် တွင် ဆင်းသွား သောကြောင့် ၊ လူ ကို မ ညစ်ညူး စေနိုင် သည်ကို နားမလည်ကြသလော။”
20 And he said, That which cometh out of a man, that defileth a man.
၂၀လူ အတွင်းမှ ထွက် သော အရာ မူကား ၊ လူ ကို ညစ်ညူး စေသောအရာဖြစ်၏။”
21 For from within, out of the heart of men, come forth evil thoughts, fornications,
၂၁လူ အတွင်း နှလုံး ထဲက မကောင်း သော ကြံစည် ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ လူ အသက်ကို သတ်ခြင်း၊”
22 thefts, murders, adulteries, covetousness, iniquities, deceit, wantonness, an evil eye, blasphemy, pride, foolishness.
၂၂သူ့ဥစ္စာကို ခိုး ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ လှည့်စား ခြင်း၊ ညစ်ညူး ခြင်း၊ ငြူစူ ခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ် ခြင်း၊”
23 All these evil things come from within, and defile a man.
၂၃ဤ ဆိုးညစ် သောအရာ များ တို့သည် အတွင်း မှထွက်လာ ၍ လူ ကို ညစ်ညူး စေကြသည် ဟု မိန့် တော်မူ၏။
24 And rising up, he departed thence into the borders of Tyre; and entering into a house, he desired that no one should know it; but he could not escape notice.
၂၄ကိုယ်တော်သည် ထို အရပ်မှထ ၍ တုရု မြို့နှင့် ဇိဒုန်မြို့၏ ကျေးလက် သို့ ကြွ တော်မူပြီးလျှင် အိမ် သို့ ဝင် ၍ အဘယ်သူ မျှမသိ စေခြင်းငှာအလို တော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မ မူနိုင် ။
25 But a woman, whose young daughter had an unclean spirit, immediately hearing of him, came in, and fell at his feet.
၂၅အကြောင်းမူကား ၊ ညစ်ညူး သောနတ် စွဲ သော မိန်းမငယ် ၏ အမိ သည် သိတင်း တော်ကို ကြား သဖြင့်၊
26 The woman was a Greek, a Syrophoenician by nation; and she besought him that he would cast out the demon from her daughter.
၂၆မိမိ သမီး ထဲက နတ်ဆိုး ကို နှင်ထုတ် တော်မူမည်အကြောင်း တောင်းပန် လေ၏။ ထို မိန်းမ ကား ၊ ဟေလသ အမျိုး ၊ ရှုရိဖိနိတ် ပြည်သူဖြစ် သတည်း။
27 And he said to her, Let the children be filled first; for it is not well to take the children's bread and throw it to the little dogs.
၂၇ယေရှုကလည်း၊ ရှေးဦးစွာ သား များကို ဝ စွာကျွေးပါရစေ။ သား ၏ အစာ ကို ယူ ၍ ခွေး အားမ ပေး မချ အပ် “ဟု မိန့် တော်မူ၏။
28 But she answered, and saith to him, Yea, Lord; even the little dogs under the table eat of the children's crumbs.
၂၈မိန်းမကလည်း မှန်ပါ၏သခင် ။ ခွေး မည်သည်ကား ၊ သား တို့၏ စားနုပ် စားပေါက်ကို စားပွဲ အောက် ၌ စား မြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊
29 And he said to her, For this saying go thy way; the demon hath gone out of thy daughter.
၂၉ကိုယ်တော်က၊ ထို စကား ကြောင့် သင်သွား လော့။ နတ်ဆိုး သည် သင် ၏သမီး ထဲမှ ထွက်သွား ပြီ ဟု မိန့် တော်မူ၏။
30 And going away to her house, she found the child laid upon the bed, and the demon gone out.
၃၀ထိုမိန်းမသည်မိမိ အိမ် သို့ ပြန် ၍ နတ်ဆိုး ထွက်သွား သည်ကို၎င်း ၊ သမီး သည် အိပ်ရာ ၌ အိပ် လျက် ရှိသည်ကို၎င်း တွေ့ ၏။
31 And again leaving the borders of Tyre, he came through Sidon to the lake of Galilee, through the midst of the borders of Decapolis.
၃၁တစ်ဖန် ကိုယ်တော်သည် တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် မှ ထွက် ၍ ဒေကပေါလိ ပြည်နယ် ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲ အိုင် သို့ ရောက် တော်မူ၏။
32 And they bring to him one that was deaf, and had an impediment in his speech, and beseech him to lay his hand upon him.
၃၂ထိုအခါ နားပင်း ၍ စကား အသောသူ တစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍၊ သူ့ အပေါ်မှာလက် တော်ကို တင် ပါမည်အကြောင်း တောင်းပန် ကြ၏။
33 And taking him aside from the multitude, he put his fingers into his ears, and having spit, touched his tongue;
၃၃ကိုယ်တော်သည် ထိုသူ ကို လူအစုအဝေး ထဲက ခေါ် ၍ ၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏ နား ပေါက်၌ သွင်း တော်မူ၏။ တံထွေးနှင့် ထွေး ၍ သူ၏ လျှာ ကိုလည်း တို့ တော်မူ၏။
34 and looking up to heaven, he sighed, and saith to him, Ephphatha, that is, Be opened.
၃၄ထိုနောက် ကောင်းကင် သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြု လျက် ၊ ဧဖသ ဟု မိန့် တော်မူ၏။ အနက်ကား၊ ပွင့် စေဟု ဆိုလို သတည်း။
35 And his ears were opened; and the string of his tongue was immediately loosed, and he spoke plain.
၃၅ထိုခဏခြင်း တွင် သူ သည် နား ပွင့် ခြင်း၊ လျှာ ကြော လွတ် ခြင်းရှိသဖြင့် စကားပြီပြီ ပြော နိုင်၏။
36 And he charged them to tell no one; but the more he charged them, the more did they publish it.
၃၆ထိုအကြောင်းကို အဘယ်သူ အားမျှမပြော စေခြင်းငှာ သူ တို့ကို ပညတ် တော်မူ၏။ ပညတ် တော်မူသော်လည်း သူ တို့သည် သာ၍ အလွန် သိတင်းကြားပြော ကြ၏။
37 And they were beyond measure astonished, saying, He hath done all things well; he maketh both the deaf to hear, and the dumb to speak.
၃၇အတိုင်း ထက်အလွန်မိန်းမော တွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံ တို့ကို လျောက်ပတ် စွာ ပြု တော်မူပြီ။ နားပင်း သောသူ တို့ကို ကြား စေတော်မူပြီအ သောသူ တို့ကိုစကား ပြောစေတော်မူပြီဟုဆို ကြ၏။