< John 8 >

1 but Jesus went to the mount of Olives.
ယေရှု သည်လည်း သံလွင် တောင် သို့ ကြွ တော်မူ၏။
2 And early in the morning he came again to the temple, and all the people were coming to him. And he sat down and taught them.
နံနက် စောစောဗိမာန် တော်သို့ တစ်ဖန် ကြွ တော်မူ၍ လူ အပေါင်း တို့သည် အထံ တော်သို့ လာ ကြ၏။ ထိုအခါ ထိုင် တော်မူ၍ ဆုံးမ ဩဝါဒပေးစဉ်တွင်၊
3 And the scribes and the Pharisees bring to him a woman taken in adultery; and having set her in the midst,
မှားယွင်း ခြင်းအမှုကို ပြုလျက်နေသောမိန်းမ တစ်ယောက်ကိုတွေ့ လျှင်၊ ကျမ်းပြု ဆရာတို့နှင့် ဖာရိရှဲ တို့ သည်ခေါ် ခဲ့၍ အလယ် ၌ ထား ပြီးမှ၊
4 they say to him, Teacher, this woman was taken in adultery, in the very act.
အရှင် ဘုရား၊ ဤ မိန်းမ သည်မှားယွင်း ခြင်းအမှုကို ပြု စဉ်တွင်ပင် တွေ့မိ ပါသည်။
5 Now in the Law Moses commanded us to stone such persons; what then dost thou say?
ထိုသို့သော မိန်းမကို ကျောက်ခဲ နှင့်ပစ်ရမည်ဟု မောရှေ သည်အကျွန်ုပ် တို့အား ပညတ် တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော် သည် အဘယ်သို့ မိန့် တော်မူမည်နည်းဟု လျှောက် ကြ၏။
6 But this they said to try him, that they might be able to accuse him. But Jesus stooped down, and with his finger wrote on the ground.
ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော် ၌ အပြစ်တင် ခွင့်ရ စေခြင်းငှာ ၊ စုံစမ်း နှောင့်ရှက်သောအားဖြင့်လျှောက် ကြ၏။ ယေရှု သည် အောက် သို့ငုံ့ လျက် လက်ညှိုး တော်နှင့် မြေ ၌ ရေးသား ၍နေတော်မူ၏။
7 But when they continued asking him, he lifted himself up, and said to them, Let him that is without sin among you first cast a stone at her.
ထိုသူတို့သည် အထပ်ထပ်မေးလျှောက် ကြသောအခါ ကိုယ်ကိုလှန် တော်မူ၍ ၊ သင် တို့တွင် အပြစ် ကင်းသောသူ သည် ရှေးဦးစွာ ကျောက်ခဲ နှင့်ပစ် စေ ဟု မိန့် တော်မူပြီးမှ၊
8 And again he stooped down, and wrote on the ground.
တစ်ဖန် အောက်သို့ငုံ့ ၍ မြေ ၌ ရေးသား တော်မူပြန်၏၊
9 And when they heard this, they went out one by one, beginning with the oldest; and Jesus was left alone, and the woman who was in the midst.
ထိုသူ တို့သည်ကြား ရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီး သောသူ မှစ၍ အငယ်ဆုံးသောသူတိုင်အောင်တစ် ယောက်နောက် တစ် ယောက်ထွက်သွား ကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ် တော်မူ၍ ၊ မိန်းမ သည်အလယ် ၌ ရပ်နေ ၏။
10 And Jesus lifted himself up and said to her, Woman, where are they? Did no one condemn thee!
၁၀ထိုအခါယေရှု သည် ကိုယ်ကိုလှန် တော်မူပြန်၍ ၊ ထိုမိန်းမမှတစ်ပါးအဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ ၊ သင့် ကို အပြစ်တင်သောသူတို့သည် အဘယ်မှာ ရှိ ကြသနည်း။ သင်၏အမှုကိုအဘယ်သူ မျှမစီရင် လော ဟုမေး တော်မူ၏။
11 And she said, No one, Lord. And Jesus said, neither do I condemn thee; go, and sin no more.
၁၁ထိုမိန်းမ ကလည်း အဘယ်သူ မျှမစီရင်ပါသခင် ဟု လျှောက် ၏။ ငါ သည်လည်းသင် ၏အမှုကို မ စီရင် ။ သွား လော့။ နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
12 Again therefore Jesus spoke to them, saying, I am the light of the world; he that followeth me shall not walk in the darkness, but shall have the light of life.]]
၁၂တဖန်တုံ ယေရှု က၊ ငါ သည် ဤလောက ၏အလင်း ဖြစ် ၏။ ငါ့ နောက်သို့ လိုက် သောသူ သည်မှောင်မိုက် ၌ မ သွား မလာ။ အသက် ၏အလင်း ကိုရ လိမ့်မည် ဟု မိန့် တော်မူ၏။
13 The Pharisees therefore said to him, Thou bearest witness of thyself; thy witness is not true.
၁၃ဖာရိရှဲ တို့ကလည်း၊ သင် သည် ကိုယ် အကြောင်း ကို သက်သေခံ ၏၊ သင် ၏သက်သေ မ တည် ဟု ဆို ကြ၏။
14 Jesus answered and said to them, Though I bear witness of myself, my witness is true; for I know whence I came, and whither I go; ye know not whence I come, or whither I go.
၁၄ယေရှု ကလည်း ၊ ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သော်လည်း ၊ ငါ့ သက်သေ တည် ၏။ အကြောင်းမူကား ၊ ငါသည်အဘယ် အရပ်က လာ သည်ကို၎င်း ၊ အဘယ် အရပ်သို့သွား သည်ကို၎င်း ငါသိ ၏။ သင် တို့မူကား မ သိ ကြ။
15 Ye judge according to the flesh; I judge no one.
၁၅သင် တို့သည် ဇာတိ ပကတိအတိုင်း စီရင် တတ်ကြ၏။ ငါ့ မူကား အဘယ်သူ ကိုမျှမ စီရင် ။
16 But even if I myself should judge, my judgment is true, because I am not alone, but I and he who sent me.
၁၆ငါ သည်စီရင် သော်လည်း ငါ ၏စီရင် ခြင်းသည် တည် ၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း နေ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် သည် ငါ့ ဘက်၌နေတော်မူ၏။
17 Moreover, it is written in your law, that the witness of two men is true.
၁၇သက်သေခံ နှစ် ဦးတို့၏စကားသည် တည် ရ၏ဟု သင် တို့ပညတ္တိ ကျမ်းစာ၌ လာ ၏။
18 I am one who bear witness of myself, and the Father who sent me beareth witness of me.
၁၈ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သောသူ ဖြစ် ၏။ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည်လည်း ငါ့ အကြောင်း ကို သက်သေခံ တော်မူသည် ဟု မိန့် တော်မူ၏။
19 They said therefore to him, Where is thy Father? Jesus answered, Ye know neither me, nor my Father. If ye knew me, ye would know my Father also.
၁၉ထိုသူတို့ကလည်း၊ သင် ၏ခမည်းတော် သည် အဘယ်မှာ ရှိ သနည်းဟု မေး ကြ၏။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ ကိုမ သိကြ ။ ငါ့ ခမည်းတော် ကိုလည်း မ သိကြ။ ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကိုလည်း သိ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
20 These words he spoke in the treasury, while teaching in the temple; and no one laid hands on him, because his hour had not yet come.
၂၀ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ် ဤ စကား တော်ကို ဘဏ္ဍာတိုက် မှာ မိန့်မြွတ် တော်မူ၏။ ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေးသောကြောင့် အဘယ်သူ ကိုမျှကိုယ်တော် ကိုမဖမ်းဆီး ကြ။
21 Again therefore he said to them, I go away, and ye will seek me, and will die in your sin. Whither I go, ye cannot come.
၂၁တစ်ဖန် ယေရှုက၊ ငါ သည်သွား ရမည်။ သင်တို့သည်ငါ့ ကိုရှာ ကြလိမ့်မည်။ ကိုယ် အပြစ် ၌ လည်း သေ ကြ လိမ့်မည်။ ငါ သွား ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူ၏။
22 The Jews therefore said, Will he kill himself, that he saith, Whither I go, ye cannot come?
၂၂ယုဒ လူတို့ကလည်း ၊ ငါ သွား ရာအရပ် သို့သင် တို့ မ ရောက် နိုင် ကြဟုသူသည်ဆို သော်၊ ကိုယ် အသက်ကို သတ် မည်လောဟု ဆို ကြ၏။
23 And he said to them, Ye are from beneath, I am from above; ye are of this world, I am not of this world.
၂၃ယေရှုကလည်း၊ သင် တို့သည် အောက် သားဖြစ် ကြ၏။ ငါ မူကား အထက် သားဖြစ် ကြ၏။ သင် တို့သည် လောကီသား ဖြစ် ကြ၏။ ငါ မူကား လောကီသား မ ဟုတ် ။
24 Therefore I said to you, that ye will die in your sins; for unless ye believe that I am He, ye will die in your sins.
၂၄ထိုကြောင့် သင် တို့သည် ကိုယ် အပြစ် ၌ သေ ကြလိမ့်မည်ဟုငါဆို ၏။ ငါ သည်ဤမည်သောသူဖြစ် သည်ကို သင် တို့သည်မ ယုံလျှင် ၊ ကိုယ် အပြစ် ၌ သေ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
25 They said therefore to him, Who art thou? Jesus said to them, In the first place, I am just that which I speak to you.
၂၅ထိုသူတို့ကလည်း။ သင် သည်အဘယ်သူ နည်းဟုမေး လျှင် ၊ ယေရှု က၊ ငါသည်သင် တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။
26 I have many things to say, and to judge, concerning you; but he who sent me is true; and I speak to the world what I heard from him.
၂၆သင် တို့အမှု ၌ ငါပြောဆို စီရင် စရာများစွာ ရှိ၏ ။ သို့သော်လည်း ငါ့ ကိုစေလွှတ် သောသူ သည်သစ္စာ နှင့် ပြည့်စုံ တော်မူ၏။ သူ ၏အထံ တော်၌ ငါ ကြား သမျှကိုသာ ဤလောက ၌ ငါဟောပြော သည် ဟု မိန့် တော်မူ၏။
27 They understood not that he spoke to them of the Father.
၂၇ခမည်းတော် ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မ ရိပ်မိ ကြ။
28 Jesus therefore said, When ye have lifted up the Son of man, then ye will know that I am He, and do nothing of myself, but speak these things as the Father taught me.
၂၈ထိုကြောင့် ယေရှု က၊ သင်တို့သည် လူ သား ကိုမြှောက် ထားသောအခါ ၊ ငါ သည်ဤမည်သောသူဖြစ် သည် ကို၎င်း ၊ ငါသည် ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမပြု ဘဲ၊ ငါ့ခမည်းတော် သည် ငါ အား နည်းပေး တော်မူသည်အတိုင်း ငါဟောပြော သည်ကို၎င်း သင်တို့သည် သိ ကြလိမ့်မည်။
29 And he that sent me is with me; he hath not left me alone, for I always do the things that please him.
၂၉ငါ့ ကိုစေလွှတ် တော်မူသောသူ သည် ငါ နှင့်အတူ ရှိ တော်မူ၏။ ငါ့ ကို တစ်ကိုယ် တည်းနေစေခြင်းငှာခမည်းတော်သည် စွန့်ပစ်တော် မ မူ။ အကြောင်းမူကား ၊ နှစ်သက် တော်မူသောအမှု ကို အစဉ်မပြတ် ငါ ပြု သည် ဟု မိန့် တော်မူ၏။
30 As he spoke these words, many believed in him.
၃၀ထို စကားတော်ကို မိန့် တော်မူစဉ်၊ လူ များတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
31 Jesus therefore said to those Jews who believed in him, If ye continue in my word, ye are truly my disciples;
၃၁ထိုအခါ ယေရှု က၊ သင်တို့သည် ငါ ၏ဒေသနာ ၌ တည် လျှင် ငါ့ တပည့် အမှန် ဖြစ် ကြ၏။
32 and ye will know the truth, and the truth will make you free.
၃၂သမ္မာတရား ကိုလည်း သိ ကြသဖြင့် ၊ ထိုတရား သည် သင် တို့ကို လွှတ် လိမ့်မည် ဟု၊ ယုံကြည် သော ယုဒ လူတို့အား မိန့် တော်မူ၏။
33 They answered him, We are Abraham's offspring, and have never been in bondage to any one; how sayest, thou, Ye will be made free?
၃၃ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံ အမျိုး ဖြစ် ကြ၏။ အဘယ်သူ ထံ၌တရံတခါမျှ ကျွန် မ ခံကြ။ လွှတ် လိမ့်မည် ဟု၍ သင် သည်အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်း ကြ၏။ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊
34 Jesus answered them, Truly, truly do I say to you, Every one that committeth sin is a bond-servant of sin.
၃၄ဒုစရိုက် ကို ပြု သမျှ သောသူတို့သည် ဒုစရိုက် ကျွန် ဖြစ် ၏။
35 And the bond-servant abideth not in the house for ever; the son abideth for ever. (aiōn g165)
၃၅ကျွန် သည်ကား အိမ် ၌ အစဉ်အမြဲ နေ သည်မ ဟုတ်။ သား မူကား အစဉ်အမြဲ နေ ၏။ (aiōn g165)
36 If therefore the Son make you free, ye will be free indeed.
၃၆ထိုကြောင့် သား သည် သင် တို့ကိုလွှတ် လျှင် ၊ သင်တို့သည် ဧကန်အမှန် လွတ် ကြလိမ့်မည် ။
37 I know that ye are Abraham's offspring; but ye seek to kill me, because my word is not received within you.
၃၇သင် တို့သည် အာဗြဟံ အမျိုး ဖြစ်ကြသည်ကို ငါသိ ၏။ သို့သော်လည်း ငါ ၏ဒေသနာ သည် သင်တို့၌ တည် နေရာကိုမ ရသောကြောင့် သင်တို့သည် ငါ့ ကို သတ် အံ့သောငှာရှာကြံ ကြ၏။
38 I speak what I have seen with the Father; and ye accordingly do what ye have seen with your father.
၃၈ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။
39 They answered and said to him, Abraham is our father. Jesus saith to them, If ye were Abraham's children, ye would do the works of Abraham.
၃၉ထိုသူ တို့ကလည်း ၊ အာဗြဟံ သည် ငါ တို့အဘ ဖြစ် ၏ ဟု ဆို ကြ ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ ၏သား မှန် လျှင် အာဗြဟံ ၏အကျင့် ကို ကျင့် ကြလိမ့်မည်။
40 But now ye seek to kill me, a man that hath spoken to you the truth, which I heard from God; this did not Abraham.
၄၀ဘုရားသခင် အထံ တော်၌ ကြား ရသောသစ္စာ တရားကို သင် တို့အား ဟောပြော သောသူ တည်းဟူသောငါ့ ကိုသတ် အံ့သောငှာသင်တို့သည် ယခု ရှာကြံ ကြ၏။ အာဗြဟံ သည် ထိုနည်းတူကျင့် သည်မ ဟုတ်။
41 Ye do the works of your father. They said to him, We were not born of fornication; we have one Father, God.
၄၁သင်တို့သည် သင် တို့အဘ ၏အကျင့် ကို ကျင့် ကြ၏ ဟု မိန့် တော်မူ၏။ ထိုသူတို့ကလည်း၊ ငါ တို့သည် မျောက်မထား သောအမျိုး မ ဟုတ်။ ဘုရားသခင် တည်းဟူသောငါတို့အဘ တစ်ပါးတည်း ရှိ တော်မူသည်ဟု ဆို ကြ၏။
42 Jesus said to them, If God were your father, ye would love me; for from God I proceeded forth and am come; neither came I of myself, but he sent me.
၄၂ယေရှု ကလည်း၊ ဘုရားသခင် သည် သင် တို့အဘ မှန် လျှင် ။ သင်တို့သည် ငါ့ ကိုချစ် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ဘုရားသခင့် အထံ တော်မှ ထွက်ကြွ ရောက်လာ ၏။ ကိုယ် အလိုအလျောက်လာ သည် မ ဟုတ်။ ဘုရားသခင် သည်ငါ့ ကိုစေလွှတ် တော်မူ၏။
43 Why do ye not understand my language? It is because ye cannot listen to my word.
၄၃အဘယ်ကြောင့် ငါ့ စကား ကို နား မ လည်ကြသနည်း။ ငါ ၏ ဒေသနာ ကိုနာ မ ခံမယူနိုင် သောကြောင့် သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
44 Ye are of your father the Devil, and what your father desireth ye are ready to do. He was a murderer from the beginning; and he abideth not in the truth, because there is no truth in him. When he speaketh a lie, he speaketh from his own nature; for he is a liar, and the father of it.
၄၄သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။
45 But because I speak the truth, ye believe me not.
၄၅ငါ သည်သစ္စာ စကားကို ပြော သောကြောင့် သင်တို့မ ယုံ ကြ။
46 Which of you convicteth me of sin? If I speak truth, Why do ye not believe me?
၄၆ငါ ၌ အပြစ် ရှိကြောင်း ကို သင် တို့တွင် အဘယ်သူ ဖော်ပြ သနည်း။ သစ္စာ စကားကိုငါပြော သည်မှန်လျှင် အဘယ်ကြောင့် သင် တို့ မ ယုံ ကြသနည်း။
47 He that is of God heareth God's words; for this cause ye do not hear, because ye are not of God.
၄၇ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။
48 The Jews answered and said to him, Say we not well, that thou art a Samaritan, and hast a demon?
၄၈ယုဒ လူတို့ကလည်း ၊ သင် သည်ရှမာရိ လူဖြစ် ၏။ နတ်ဆိုး စွဲ သောသူလည်းဖြစ်၏ဟု ငါ တို့ပြော သော စကားသည် လျောက်ပတ် သည်မ ဟုတ်လောဟု ဆို ကြ၏။
49 Jesus answered, I have not a demon, but I honor my Father, and ye dishonor me.
၄၉ယေရှု ကလည်း၊ ငါ သည်နတ်ဆိုး စွဲ သောသူမ ဟုတ်။ ငါ့ ခမည်းတော် ကိုချီးမြောက် ၏။ သင် တို့သည် ငါ့ ကို ရှုတ်ချ ကြ၏။
50 But I seek not my own glory; there is one that seeketh and judgeth.
၅၀ငါ သည် ကိုယ် ဘုန်း အသရေကိုမ ရှာ ။ ငါ၏ ဘုန်း အသရေကိုရှာ၍ စီရင် တော်မူသောသူ ရှိ သေး၏။
51 Truly, truly do I say to you, If any one keep my word, he will never see death. (aiōn g165)
၅၁ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn g165)
52 The Jews said to him, Now we know that thou hast a demon. Abraham died, and the prophets; and thou sayest, If any one keep my word, he will never taste of death. (aiōn g165)
၅၂ယုဒ လူတို့ကလည်း၊ သင်၌နတ်ဆိုး စွဲ သည်ကို ယခု ငါတို့သိ ကြ၏။ အာဗြဟံ မှစ၍ ပရောဖက် တို့သည် သေ လွန်ကြပြီ။ သင် မူကား ၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆို ပါသည်တကား။ (aiōn g165)
53 Art thou greater than our father Abraham, who died? The prophets also died. Whom dost thou make thyself?
၅၃ငါ တို့အဘ အာဗြဟံ ထက် သင် သည် သာ၍ကြီးမြတ် သလော။ သူ သည်သေ ပြီ။ ပရောဖက် တို့လည်း သေ ကြပြီ။ သင် သည်အဘယ်သို့ သောသူ၏ အရောင်ကိုဆောင် သနည်းဟုဆို ကြ၏။
54 Jesus answered, If I glorify myself, my glory is nothing. It is my Father that glorifieth me, of whom ye say, He is our God:
၅၄ယေရှု ကလည်း၊ ငါ သည်ကိုယ် ဂုဏ် ကိုပြလျှင် ၊ ငါ့ ဂုဏ် သည် အချည်းနှီး ဖြစ် ၏။ ငါ့ ခမည်းတော် သည် ငါ့ ဂုဏ် ကို ထင်ရှားစေတော်မူ၏။ ထို ဘုရားသခင် သည် ငါ တို့၏ဘုရားဟူ၍သင် တို့ခေါ် တော်မူတတ်ကြ၏။
55 yet ye know him not; but I know him. And if I should say, I know him not, I should be a liar like you. But I know him, and keep his word.
၅၅သို့သော်လည်း ထိုဘုရားသခင် ကို သင်တို့မ သိ ကြ။ ငါ မူကား သိ ၏။ ငါမ သိ ဟုငါဆို လျှင် သင် တို့ကဲ့သို့ မုသာ သုံးသောသူဖြစ် လိမ့်မည်။ ထိုဘုရားသခင် ကို ငါသိ ၏။ ဘုရားသခင် ၏ စကား တော်ကိုလည်း နားထောင် ၏။
56 Your father Abraham exulted that he might see my day; and he saw it, and was glad.
၅၆သင် တို့အဘ အာဗြဟံ သည် ငါ ကြွလာမည့်အချိန် ကာလကို မြော်မြင် ခြင်းငှာ အလွန်အလိုရှိ ၏။ မြင် ရသောအခါ ဝမ်းမြောက် ခြင်းသို့ရောက်သည် ဟု မိန့် တော်မူ၏။
57 The Jews therefore said to him, Thou art not yet fifty years old, and hast thou seen Abraham?
၅၇ယုဒ လူတို့ကလည်း၊ သင်၏အသက်သည် အနှစ် ငါးဆယ် မျှမ ရှိ ဘဲလျက် သင်သည် အာဗြဟံ ကို မြင် လေပြီတကားဟု ဆို ကြ၏။
58 Jesus said to them, Truly, truly do I say to you, From before Abraham was, I have been.
၅၈ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ အာဗြဟံ မ ဖြစ် မှီငါ ဖြစ် ၏ ဟု မိန့် တော်မူ၏။
59 They therefore took up stones to throw at him; but Jesus concealed himself, and went out of the temple.
၅၉ထိုအခါ ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။ ယေရှု သည် တိမ်းရှောင် ၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်ဗိမာန် တော်မှ ထွက်ကြွ တော်မူ၏။

< John 8 >