< John 14 >

1 Let not your heart be troubled. Have faith in God, and have faith in me.
တဖန်တုံယေရှုက၊ သင် တို့ စိတ် နှလုံးပူပန် ခြင်းမ ရှိစေနှင့်။ ဘုရားသခင် ကို ယုံကြည် ကြလော့။ ငါ့ ကိုလည်း ယုံကြည် ကြလော့။
2 In my Father's house are many mansions; if it were not so, I would have told you. For I go away to prepare a place for you;
ငါ့ အဘ ၏အိမ် တော်၌ နေစရာအခန်း များ ရှိ ၏။ သို့ မ ဟုတ်လျှင် မဟုတ်ကြောင်းကိုသင် တို့အား ငါ မပြော ဘဲမနေ။ သင် တို့နေစရာအရပ် ကို ပြင်ဆင် ခြင်းငှာငါသွား ရ၏။
3 and when I have gone away and prepared a place for you, I will come again, and will take you to myself; that where I am, ye also may be.
ငါသည်သွား ၍ သင် တို့နေစရာ အရပ်ကိုပြင်ဆင် ပြီးမှတစ်ဖန် လာ ပြန်၍ ၊ ငါ ရှိ ရာအရပ် ၌ သင် တို့ရှိ စေခြင်းငှာ သင် တို့ကို ငါ့ ထံသို့ သိမ်းဆည်း မည်။
4 And ye know the way whither I go.
ငါ သည် အဘယ် အရပ်သို့သွား သည်ကို၎င်း ၊ လမ်း ခရီးကို၎င်း၊ သင်တို့သိ ကြ၏ ဟုမိန့်တော်မူ၏။
5 Thomas saith to him, Lord, we know not whither thou goest; how then do we know the way?
သောမ ကလည်း၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ သွား တော်မူသည်ကို အကျွန်ုပ်တို့ မ သိ သည်ဖြစ်၍၊ လမ်းခရီး ကိုအဘယ်သို့ သိ နိုင် ပါမည်နည်းဟု လျှောက် လျှင်၊
6 Jesus saith to him, I am the way, and the truth, and the life; no one cometh to the Father but through me.
ယေရှု က၊ ငါ သည်လမ်း ခရီးဖြစ် ၏။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏။ ငါ့ ကို အမှီ မ ပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက် ရ။
7 If ye knew me, ye would know my Father also; and from this time ye know him, and have seen him.
သင်တို့သည် ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကို မသိ ဘဲမနေကြ။ ယခု မှစ၍ ခမည်းတော် ကိုသိ မြင် ကြ၏ ဟု မိန့် တော်မူ၏။
8 Philip saith to him, Lord, show us the Father, and we shall be satisfied.
ဖိလိပ္ပု ကလည်း၊ သခင် ၊ ခမည်းတော် ကို အကျွန်ုပ် တို့အားပြ တော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံ ပါမည်ဟုလျှောက် လျှင်၊
9 Jesus saith to him, Have I been so long time with you, and dost thou not know me, Philip? He that hath seen me hath seen the Father; how is it that thou sayest, Show us the Father?
ယေရှု က၊ ဖိလိပ္ပု ၊ ဤမျှကာလ ပတ်လုံး ငါသည်သင် တို့နှင့်အတူ ရှိ ပြီးမှ သင်သည် ငါ့ ကို မ သိ သေး သလော။ ငါ့ ကိုမြင် သောသူ သည်ခမည်းတော် ကိုမြင် ၏။ သို့ဖြစ်လျှင်၊ ခမည်းတော် ကို အကျွန်ုပ် တို့အား ပြ တော်မူပါဟု သင် သည်အဘယ်သို့ ဆို သနည်း။
10 Dost thou not believe that I am in the Father, and the Father in me? The words that I speak to you, I speak not from myself; but the Father, who dwelleth in me, doeth his works.
၁၀ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ရှိ တော်မူသည်ကို၎င်း မ ယုံ သလော။ ငါ ဟောပြော သောစကား ကို ကိုယ် အလိုအလျောက် ငါဟောပြော သည်မ ဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ ၌ တည်နေ တော်မူသော ခမည်းတော် သည် ပြု တော်မူ၏။
11 Believe me, that I am in the Father, and the Father in me; but if not, believe for the very works' sake.
၁၁ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း ယုံ ကြလော။ ငါ့ စကားကို မ ယုံလျှင် ၊ ငါ့အမှု တို့ကိုထောက် ၍ယုံ ကြလော့။
12 Truly, truly do I say to you, He that believeth in me, the works that I do shall he do also, and greater than these shall he do; because I am going to the Father,
၁၂ငါအမှန်အကန် ဆို သည်ကား၊ ငါ့ ကိုယုံကြည် သောသူ သည်ငါ ပြု သောအမှု တို့ကို ပြု လိမ့်မည်။ ထို အမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြု လိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံသို့ သွား ၍ ၊
13 and whatever ye shall ask in my name, that will I do; that the Father may be glorified in the Son.
၁၃သင်တို့သည် ငါ ၏နာမ ကိုအမှီပြု လျက် ဆုတောင်း သမျှ အတိုင်း ငါပြု မည်။ အကြောင်းမူကား၊ ခမည်းတော် သည် သား တော်အားဖြင့် ဘုန်း ထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။
14 If ye shall ask any thing in my name, I will do it.
၁၄သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ တောင်းသည်အတိုင်းငါ ပြု မည်။
15 If ye love me, ye will keep my commandments;
၁၅ငါ့ ကိုချစ် လျှင် ငါ့ ပညတ် တို့ကို စောင့်ရှောက် ကြလော့။ ငါ သည် ခမည်းတော် ကိုတောင်း ၍ ၊
16 and I will pray the Father, and he will give you another Comforter, that he may be with you for ever; (aiōn g165)
၁၆ခမည်းတော်သည် သမ္မာတရား ကိုပြသော ဝိညာဉ် တော်တည်းဟူသောတစ်ပါး သောဥပဇ္စျာယ် ဆရာကို သင် တို့နှင့်အတူ အစဉ်မပြတ် တည်နေ စေခြင်းငှာ သင် တို့အားပေး တော်မူမည်။ (aiōn g165)
17 the Spirit of truth, which the world cannot receive, because it doth not behold it, nor know it; ye know it, because it abideth with you, and will be in you.
၁၇ထို ဝိညာဉ်တော်ကို လောကီသား တို့သည် မ သိ မ မြင် သောကြောင့် မ ခံ မယူနိုင် ကြ။ ထိုဝိညာဉ် တော် သည် သင် တို့နှင့်အတူ တည်နေ ၍ ၊ သင် တို့၌ ရှိ တော်မူသောကြောင့် သင် တို့သိ ရကြ၏။
18 I will not leave you bereaved; I am coming to you.
၁၈ငါသည် သင် တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှာစွန့်ပစ် မည်မ ဟုတ်။ သင် တို့ဆီသို့ လာ ဦးမည်။
19 Yet a little while, and the world beholdeth me no more; but ye will behold me, because I live, and ye will live.
၁၉ခဏ ကြာပြီးမှ လောကီသား တို့သည် ငါ့ ကိုမ မြင် ရကြ။ သင် တို့မူကား မြင် ရကြလိမ့်မည်။ ငါ သည် အသက်ရှင် သောကြောင့် သင် တို့သည်လည်း အသက်ရှင် ရကြလိမ့်မည်။
20 In that day ye will know that I am in my Father, and ye in me, and I in you.
၂၀ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ သင် တို့သည်ငါ ၌ ရှိသည်ကို၎င်း။ ငါ သည် သင် တို့၌ ရှိသည်ကို ၎င်း၊ ထို နေ့ ၌ သင် တို့သည် သိ ရကြလိမ့်မည်။
21 He that hath my commandments and keepeth them, he it is that loveth me; and he that loveth me will be loved by my Father; and I will love him, and will manifest myself to him.
၂၁ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။
22 Judas, not Iscariot, saith to him, And how is it, Lord, that thou art going to manifest thyself to us, and not to the world?
၂၂ယုဒရှကာရုတ် မ ဟုတ်၊ အခြားသောယုဒ က၊ သခင် ၊ ကိုယ်တော်သည် လောကီသား တို့အား မ ထင်ရှား ဘဲ အကျွန်ုပ် တို့အား အဘယ်သို့ ထင်ရှား တော်မူမည်နည်းဟု မေးလျှောက် ၏။
23 Jesus answered and said to him, If any one loveth me, he will keep my word; and my Father will love him, and we will come to him, and make our abode with him.
၂၃ယေရှု ကလည်း ၊ ငါ့ ကိုချစ် သောသူ သည် ငါ့ စကား ကို နားထောင် လိမ့်မည်။ ငါ့ ခမည်းတော် သည် ထိုသူ ကို ချစ် တော်မူသည်။ ငါတို့သည်လည်း၊ သူ ဆီသို့ ကြွ ၍ နေရာ ချမည်။
24 He that loveth me not, keepeth not my words; and the word which ye hear is not mine, but the Father's who sent me.
၂၄ငါ့ ကိုမ ချစ် သောသူ သည် ငါ့ စကား ကို နားမ ထောင်။ သင်တို့ကြား သောစကား သည် ငါ့ စကားမ ဟုတ် ။ ငါ့ ကို စေလွှတ် တော်မူသော ခမည်းတော် ၏စကားတော်ဖြစ်၏။
25 These things have I spoken to you, while abiding with you;
၂၅ငါသည် သင်တို့နှင့်အတူ ရှိ စဉ်တွင် ဤ စကားကိုပြော ခဲ့ပြီ။
26 but the Comforter, the Holy Spirit which the Father will send in my name, he will teach you all things, and bring to your remembrance all things which I have said to you.
၂၆ခမည်းတော် သည် ငါ့ အတွက်ကြောင့် စေလွှတ် တော်မူသောဥပဇ္ဈာယ် ဆရာတည်းဟူသောသန့်ရှင်း သော ဝိညာဉ် တော်သည် သင် တို့အား ခပ်သိမ်း သောအရာတို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါ ပြော ခဲ့သမျှ သော စကားတို့ကို မှတ်မိ သောဥာဏ်ကို သင် တို့အား ပေးတော်မူ၏။
27 Peace I leave with you; my peace I give to you; not as the world giveth, do I give to you. Let not your heart be troubled, nor let it be afraid.
၂၇ငြိမ်သက် ခြင်းကို သင် တို့၌ငါထား ခဲ့၏။ ငါ ၏ငြိမ်သက် ခြင်းကို သင် တို့အား ငါပေး ၏။ လောကီသား တို့ ပေး သကဲ့သို့ ငါ ပေး သည်မ ဟုတ်။ သင် တို့ စိတ် နှလုံးပူပန် ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိစေနှင့်။
28 Ye heard me say to you, I am going away, and am coming again to you. If ye loved me, ye would have rejoiced that I go to the Father; for the Father is greater than I.
၂၈ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။
29 And now I have told you before it hath come to pass, that when it hath come to pass ye may believe.
၂၉ထိုအမှုအရာရောက် သောအခါ သင်တို့သည်ယုံကြည် စေခြင်းငှာ၊ မ ရောက် မှီယခုပင် သင် တို့အား ငါ ပြော နှင့်ပြီ။
30 I shall not talk much more with you. For the prince of the world cometh, and hath nothing in me.
၃၀ယခုမှစ၍ ငါသည်သင် တို့နှင့် များစွာ မ ပြော ရ။ အကြောင်းမူကား ၊ ဤလောက ကို အစိုးရ သောမင်းသည် လာ ဆဲဖြစ်၏။ လာသော်လည်းငါ ၌ အဘယ်အခွင့်အရာကိုမျှ မ တွေ့ ရ။
31 But [[this must be]] that the world may know that I love the Father, and that as the Father gave me commandment so I do. Arise, let us go hence.
၃၁ငါသည် ခမည်းတော် ကိုချစ် သည်ကို ၎င်း ၊ ခမည်းတော် မှာ တော်မူသည်အတိုင်း ငါပြု သည်ကို ၎င်း၊ လောကီသား တို့သိ မည်အကြောင်း တည်း။ ဤ အရပ်မှ ထ ၍သွား ကြကုန်အံ့။

< John 14 >