< John 13 >

1 Now before the feast of the passover, Jesus, knowing that his hour had come that he should depart out of this world to the Father, having loved his own who were in the world, loved them unto the end.
ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။
2 And supper being served, —the Devil having already put it into the heart of Judas Iscariot, the son of Simon, to betray him, —
ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊
3 he, knowing that the Father had given all things into his hands, and that he came forth from God, and was going to God,
ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊
4 riseth from the supper, and layeth aside his garments, and took a towel, and girded himself.
စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။
5 Then he poureth water into the basin, and began to wash the disciples' feet, and to wipe them with the towel wherewith he was girded.
ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။
6 So he cometh to Simon Peter; who saith to him, Lord, dost thou wash my feet?
ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။
7 Jesus answered and said to him, What I do thou knowest not now, but thou wilt know hereafter.
ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။
8 Peter saith to him, Thou shalt never wash my feet. Jesus answered him, If I wash thee not, thou hast no part with me. (aiōn g165)
ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ (aiōn g165)
9 Simon Peter saith to him, Lord, not my feet only, but also my hands and my head.
ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော် မူပါဟု လျှောက်ပြန်၏။
10 Jesus saith to him, He that hath bathed needeth not to wash himself, but is wholly clean; and ye are clean, but not all.
၁၀ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။
11 For he knew who was about to betray him; for this reason he said, Ye are not all clean.
၁၁ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။
12 So after he had washed their feet, and had taken his garments, and placed himself again at the table, he said to them, Know ye what I have done to you?
၁၂ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော။
13 Ye call me the Teacher, and the Lord; and ye say well; for so I am.
၁၃သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။
14 If I then, the Lord and the Teacher, have washed your feet, ye also ought to wash one another's feet.
၁၄ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။
15 For I have given you an example, that ye also should do as I have done to you.
၁၅ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။
16 Truly, truly do I say to you, A servant is not greater than his lord, nor one who is sent greater than he that sent him.
၁၆ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။
17 If ye know these things, happy are ye if ye do them.
၁၇ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။
18 I speak not of you all; I know whom I chose; but that the Scripture may be fulfilled, “He that eateth bread with me, hath lifted up his heel against me.”
၁၈သင်တို့ရှိသမျှကို ငါရည်မှတ်၍ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။
19 I tell you now before it hath come to pass, that when it hath come to pass ye may believe that I am He.
၁၉ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။
20 Truly, truly do I say to you, He that receiveth whomever I send, receiveth me; and he that receiveth me, receiveth him who sent me.
၂၀ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။
21 Having said this, Jesus was troubled in spirit, and testified, and said, Truly, truly do I say to you, that one of you will betray me.
၂၁ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။
22 The disciples therefore looked at one another, doubting of whom he spoke.
၂၂အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏။
23 There was reclining on Jesus' bosom one of his disciples, whom Jesus loved.
၂၃ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
24 To him therefore Simon Peter maketh a sign, and saith to him, Tell who it is of whom he is speaking.
၂၄အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော် ကို အမှတ်ပေး၏။
25 He, therefore, leaning back on the breast of Jesus, saith to him, Lord, who is it?
၂၅ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။
26 Jesus answereth, It is he for whom I shall dip the morsel and give it to him. Having therefore dipped the morsel, he taketh and giveth it to Judas, the son of Simon Iscariot.
၂၆ယေရှုကလည်း၊ ဤမုန့်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။
27 And after the morsel, Satan entered into him. Jesus therefore saith to him, What thou doest, do quickly.
၂၇ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။
28 Now no one at the table knew for what intent he said this to him.
၂၈အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။
29 For some thought, because Judas kept the purse, that Jesus said to him, Buy what we need for the feast; or that he should give something to the poor.
၂၉အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့ဟူ၍၎င်း။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ၏။
30 He then, having received the morsel, went out immediately; and it was night.
၃၀ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏။
31 When therefore he had gone out, Jesus saith, Now is the Son of man glorified, and God is glorified in him.
၃၁ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။
32 If God is glorified in him, God will also glorify him in himself, and will immediately glorify him.
၃၂ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
33 My children, yet a little while I am with you. Ye will seek me; and, as I said to the Jews, Whither I go, ye cannot come, so now I say to you.
၃၃ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။
34 A new commandment I give you, that ye love one another; as I have loved you, that ye also love one another.
၃၄သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။
35 By this will all men know that ye are my disciples, if ye have love one for another.
၃၅သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
36 Simon Peter saith to him, Lord, whither dost thou go? Jesus answered, Whither I go, thou canst not follow me now; but thou wilt follow me afterward.
၃၆ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
37 Peter saith to him, Lord, why cannot I follow thee now? I will lay down my life for thee.
၃၇ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊
38 Jesus answereth, Wilt thou lay down thy life for me? Truly, truly do I say to thee, A cock will not crow, till thou hast thrice denied me.
၃၈ယေရှုက၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။

< John 13 >