< James 4 >
1 Whence are wars and whence are fightings among you? Are they not hence, from your lusts that war in your members?
၁သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။
2 Ye lust, and have not; ye kill, and earnestly covet, and cannot obtain; ye fight and war. Ye have not, because ye ask not;
၂သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။
3 ye ask, and receive not, because ye ask amiss, that ye may consume it upon your lusts.
၃ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။
4 Ye adulteresses, know ye not that the friendship of the world is enmity with God? Whoever therefore chooseth to be a friend of the world, becometh an enemy of God.
၄မတရား သောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီ မိဿဟာယ သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ် သည်ကို မ သိ ကြသလော။ ဤလောက နှင့် မိသ္သဟာယ ဖွဲ့လို သောသူ သည် ဘုရားသခင် ၏ ရန်သူ ဖြစ် ၏။
5 Do ye think that the scripture saith in vain, “Zealously doth the Spirit, which made its abode in us, long for us”?
၅ကျမ်းစာ ချက် အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း ၊ ငါ တို့၌ တည်နေ သော ဝိညာဉ် တော်သည် ငြူစူ စေချင်သော သဘော ရှိသည်ဟူ၍၎င်း၊ ထင် ကြသလော။
6 but he giveth more grace. Wherefore he saith, “God resisteth the proud, but giveth grace to the humble.”
၆ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။
7 Submit yourselves therefore to God; resist the Devil, and he will flee from you.
၇ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။
8 Draw nigh to God, and he will draw nigh to you. Cleanse your hands, ye sinners, and purify your hearts, ye double-minded.
၈ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။
9 Be afflicted, and mourn, and weep; let your laughter be turned into mourning, and your joy into heaviness.
၉ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေး မြည်တမ်းခြင်းရှိကြလော့။ သင် တို့ရယ် ခြင်းကို စိတ်မသာညည်းတွား ခြင်း၊ ဖြစ် စေကြလော့။ ဝမ်းမြောက် ခြင်းကိုလည်း ဝမ်းနည်း ခြင်းဖြစ်စေကြလော့။
10 Humble yourselves in the sight of the Lord, and he will exalt you.
၁၀ဘုရားသခင့် ရှေ့ တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင် ၊ သင် တို့ကို ချီးမြှောက် တော်မူလိမ့်မည်။
11 Speak not against one another, brethren; he that speaketh against his brother, or judgeth his brother, speaketh against the law, and judgeth the law; but if thou judge the law, thou art not a doer of the law, but a judge.
၁၁ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။
12 One is the Lawgiver and Judge, he who is able to save, and to destroy; but who art thou, that judgest thy neighbor?
၁၂ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။
13 Come now, ye that say, To-day and to-morrow we will go into such a city, and spend a year there and traffic, and get gain,
၁၃ယနေ့ နက်ဖြန် ဤမည်သော မြို့ သို့ သွား ကြကုန်အံ့။ ထိုမြို့ ၌ တနှစ် ပတ်လုံးနေ၍ ကုန်သွယ် သဖြင့် အမြတ်ရ အောင် ပြု ကြကုန်အံ့ဟု ဆို တတ်သောသူ တို့၊ နားထောင် ကြလော့။
14 (whereas ye know not what will be on the morrow; for what is your life? Ye are even a vapor, that appeareth for a little time, and then vanisheth away; )
၁၄နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။
15 instead of saying, If the Lord will, we shall both live and do this or that;
၁၅ထာဝရ ဘုရားသည် အလို တော်ရှိ၍ ၊ ငါ တို့သည်လည်း အသက် ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြု ကြ ကုန်အံ့ဟု သင်တို့ဆို သင့် ရာဖြစ်၏။
16 but now ye glory in your boastings. All such glorying is evil.
၁၆ယခု သင် တို့သည် မိမိထောင်လွှား ခြင်း၌ ဝါကြွား ကြသေး၏။ ထိုသို့သောဝါကြွား ခြင်းရှိသမျှ သည် မကောင်း မသင့်ဖြစ် ၏။
17 Therefore to him that knoweth how to do good, and doeth it not, to him it is sin.
၁၇ထိုကြောင့် ၊ ကောင်း သောအကျင့် ကို သိ လျက် မ ကျင့် ဘဲနေသော သူ သည်အပြစ် ရှိ ၏။