< Hosea 7 >
1 When I was about to deliver my people from captivity, When I would have healed Israel, Then the iniquity of Ephraim was discovered, And the wickedness of Samaria; For they practise fraud, And the thief entereth in, And the band of robbers spoileth without.
၁ဣသရေလ ၏ အနာ ကို ပျောက်စေခြင်းငှါ ငါ ပြု သောအခါ ၊ ဧဖရိမ် ၏အပြစ် နှင့် ရှမာရိ ပြုသော အဓမ္မ အမှုသည် ထင်ရှား ပြန်၏။ သူတို့သည် သစ္စာ ပျက်ကြပြီ။ အထဲသို့ သူခိုး ဝင် တတ်၏။ ပြင် ၌ လည်း ထားပြ အလုံးအရင်းတို့သည် တိုက် တတ်ကြ၏။
2 And they think not in their hearts, That I remember all their wickedness. Now shall their doings encompass them; They are before my face.
၂သူ တို့ပြုသမျှ သော အဓမ္မ အမှုကို ငါမှတ်မိ သည် ဟု မိမိ တို့ စိတ်နှလုံး ထဲမှာ မ အောက်မေ့ ကြ။ ယခုပင် ထို အမှု တို့သည် သူ တို့ကို ဝိုင်း ကြပြီ။ ငါ့ မျက်မှောက် တွင် ရှိ ကြ၏။
3 With their wickedness they gladden the king, And with their falsehoods the princes; All of them are adulterers;
၃ဆိုးညစ် သော အမှုအားဖြင့် ရှင် ဘုရင်ကို၎င်း၊ မုသာ စကားအားဖြင့် မင်း များကို၎င်းဝမ်းမြောက် စေကြ ၏။
4 They are as an oven heated by the baker; He ceaseth to stir the fire, Until the dough which he hath kneaded be leavened.
၄ထိုသူ အပေါင်း တို့သည် မ တရားသောမေထုန် ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီး ထည့်သော မုန့်သည် ၏ မီးဖို နှင့် တူကြ၏။ မုန့်စိမ်း ကိုနယ် ပြီးမှ မ ဖေါင်းကြွ မှီတိုင်အောင်၊ မီး ကိုမဆော် ဘဲ ငြိမ်ဝပ် စွာ နေရ၏။
5 On the feast-day of our king, the princes are sick with the heat of wine, And he stretcheth out his hand with revilers.
၅ငါ တို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်း တို့သည် စပျစ်ရည် အရှိန် နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသောသူတို့ ကို လက်ခံ တတ်၏။
6 For they make ready their heart like an oven, while they lie in wait; All night the baker sleepeth; In the morning it gloweth like a flaming fire.
၆အကယ် စင်စစ်သူ တို့သည် ချောင်း ၍ ကြည့် လျက် နေကြစဉ် မိမိ တို့နှလုံး ကိုမီးဖို ကဲ့သို့ ပြင်ဆင် ကြပြီ။ သူ တို့မုန့်သည် တညဉ့်လုံး အိပ် သော်လည်း၊ နံနက် အချိန်၌ တောက် သော မီး ကဲ့သို့ လောင် လျက်ရှိ၏။
7 They all glow as an oven; They have devoured their judges; All their kings have fallen; And none among them calleth upon me.
၇ထိုသူ အပေါင်း တို့သည် မီးဖို ကဲ့သို့ ပူ ကြ၏။ မိမိ တို့ တရားသူကြီး များကို လောင် ကြပြီ။ သူ တို့ရှင် ဘုရင်အပေါင်း တို့သည် လဲ ကြပြီ။ ငါ့ ကို ဟစ်ခေါ် သော သူတယောက် မျှမရှိ။
8 Ephraim hath mixed himself with the nations; Ephraim is a cake not turned.
၈ဧဖရိမ် သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မ လှန် သော မုန့်ပြား ဖြစ် ၏။
9 Strangers have devoured his strength, And he knoweth it not; Yea, gray hairs are sprinkled upon him, Yet he knoweth it not.
၉သူ မ သိ မမှတ်ဘဲ တကျွန်း တနိုင်ငံသားတို့သည် သူ ၏ ခွန်အား ကို စား ကြပြီ။ ကိုယ်မ သိ မမှတ်ဘဲ ခေါင်း ပေါ် မှာ ဖြူ သောဆံပင်အနှံ့အပြား ရှိပြီ။
10 The pride of Israel testifieth to his face; Yet do not they return to Jehovah their God, Nor seek him, for all this.
၁၀ဣသရေလ အမျိုး၏ မာန သည် သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ၊ အမျိုးသားတို့သည် ကိုယ် ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ မ ပြန် မလာ ကြ။ အမှု ရောက်သော်လည်း ဘုရား ကို မ ရှာ ကြ။
11 Ephraim is like a silly dove, without understanding; They call upon Egypt; they go to Assyria.
၁၁ဧဖရိမ် သည် ဉာဏ် မ ရှိ၊ မိုက် သော ချိုး နှင့် တူ၏။ အဲဂုတ္တု ပြည်ကို ဟစ်ခေါ် တတ်၏။ အာရှုရိ ပြည်သို့ ပြေး တတ်၏။
12 When they go, I will spread my net over them; As birds of heaven will I bring them down. I will chastise them, as hath been proclaimed in their congregation.
၁၂သွား လေရာရာတွင် ငါ့ ပိုက် နှင့်သူ တို့ကို ငါအုပ်မိ မည်။ မိုဃ်း ကောင်းကင်ငှက် ကိုကဲ့သို့ မြေသို့နှိမ့်ချ မည်။ သူ တို့စည်းဝေး ရာ၌ ကြား သည်အတိုင်း ငါဆုံးမ မည်။
13 Woe to them, for they have wandered from me! Destruction upon them, for they have rebelled against me! Though I myself would redeem them, they speak falsely to me.
၁၃သူတို့သည် ငါ့ ထံ မှ ထွက်၍ လည်သောကြောင့်အမင်္ဂလာ ရှိကြ၏။ ငါ့ ကို ပြစ်မှား သောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူ တို့ကို ငါရွေးနှုတ် သော်လည်း ၊ ငါ့ တဘက် ၌ မုသာ စကားကို ပြော ကြ၏။
14 They cry not to me from their heart, But howl upon their beds; For corn and wine they assemble themselves; They rebel against me.
၁၄သူတို့သည် အိပ်ရာ ပေါ် မှာ မြည်တမ်း သော်လည်း ၊ စေတနာစိတ်နှင့် ငါ့ကို မ အော်ဟစ် ကြ။ ဆန် စပါး၊ စပျစ်ရည် ကို ရခြင်းငှါစည်းဝေး၍ ငါ့ ကို ပုန်ကန်ကြ၏။
15 I have chastened them; I have also strengthened their arms; Yet do they devise evil against me.
၁၅ငါ သည် ဆုံးမ သော်၎င်း ၊ သူ တို့ကို ခိုင်ခံ့ စေသော်၎င်း၊ ငါ့ တဘက် ၌ မ ကောင်းသော အကြံကိုကြံစည် ကြ၏။
16 They return, but not to the Most High; They are like a deceitful bow; Their princes shall fall by the sword for the haughtiness of their tongues; This shall be their reproach in the land of Egypt.
၁၆အကျိုးနည်းရှိကြ၏။ လိမ် တတ်သောလေး ကဲ့သို့ ဖြစ် ကြ၏။ မင်း တို့သည် စော်ကား သောကြောင့် ထား ဖြင့် သေ ၍၊ အဲဂုတ္တု ပြည်သား တို့၏ ကဲ့ရဲ့ ခြင်းကိုခံရကြ လိမ့်မည်။