< Hebrews 4 >
1 Let us then fear, since a promise is still left us of entering into his rest, lest any one of you should appear to fail of obtaining it.
၁ထို့ကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။
2 For to us were glad tidings addressed, as well as to them; but the word which was heard did not profit them, not being mixed with faith in those who heard it.
၂ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရား စကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။
3 For we who believed enter into the rest, as he hath said: “So I swore in my wrath, they shall not enter into my rest;” although the works were finished from the foundation of the world.
၃ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ကြရ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။
4 For he hath spoken in a certain place of the seventh day thus: “And God rested on the seventh day from all his works;”
၄ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍ ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။
5 and in this place again: “They shall not enter into my rest.”
၅ထိုကျမ်းစာ၌ တဖန်လာသည်ကား၊ သူတို့သည် ငါ၏ ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။
6 Since then it still remaineth for some to enter into it, and they to whom the glad tidings of it were first brought did not enter in because of disobedience,
၆ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့ သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။
7 he again appointeth a certain day, “To-day”—saying in David so long a time after, as hath before been said—”To-day, if ye hear his voice, harden not your hearts.”
၇တဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံတခု သော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။
8 For if Joshua had given them rest, he would not after this be speaking of another day.
၈ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ် ဆိုဘွယ်ရှိသနည်း။
9 There remaineth therefore a sabbath-rest to the people of God.
၉ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး၏။
10 For he that hath entered into his rest, hath himself rested from his works, as God did from his own.
၁၀ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။
11 Let us then strive to enter into that rest, that no one may fall, as a like example of disobedience.
၁၁ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည် အကြောင်းကြိုးစား အားထုတ်ကြကုန်အံ့။
12 For the word of God is living, and powerful, and sharper than any two-edged sword, piercing even to the dividing asunder of soul and spirit, both the joints and marrow, and is a discerner of the thoughts and intents of the heart;
၁၂ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။
13 and there is no creature that is not manifest in his sight; but all things are naked and laid open to the eyes of him with whom we have to do.
၁၃ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။
14 Since, then, we have a great high-priest, who hath passed through the heavens, Jesus the Son of God, let us hold fast our profession.
၁၄ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊
15 For we have not a high-priest who cannot be touched with the feeling of our infirmities, but one who hath in all points been tempted as we are, without sin.
၁၅ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
16 Let us therefore come boldly to the throne of grace, that we may obtain mercy, and find grace to help in time of need.
၁၆ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။