< Ezekiel 41 >
1 Afterwards he brought me to the temple; and he measured the projecting wall-pillars, six cubits broad on this side, and six cubits broad on that side, according to the breadth of the house.
၁ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင် တို့ကို တိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
2 And the breadth of the door was ten cubits; and the sides of the door were five cubits on this side; and five cubits on that side. Then he measured the length, forty cubits, and the breadth, twenty cubits.
၂ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင် လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။
3 And he went inward, and measured the border of the door, two cubits; and the door, six cubits; and the breadth of the door, seven cubits.
၃ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ၏။
4 Then he measured twenty cubits in length, and twenty cubits in breadth in the temple, and said to me, This is the most holy place.
၄ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
5 And he measured the wall of the house, six cubits; and the breadth of every side-chamber, four cubits round about, round about the house:
၅ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထု ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ၏။
6 And the side-chambers were chamber to chamber, three and thirty times; and they entered into the wall of the house of the side-chambers round about, and were connected with it; but they were not connected with the wall of the house.
၆ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ၏။
7 And, the side-chambers became wider upward, having a winding ascent. For the circuit of the house went still upward, round about the house; therefore the greater breadth of the house was upward; and so they ascended from the lowest story to the highest through the middle story.
၇ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့၎င်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ်၍၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက်၏။
8 I saw also the height of the house round about; the foundations of the side-chambers were a full reed, six cubits to the knuckles.
၈အိမ်တော်အထက်ပိုင်း ပတ်လည်၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ၏။
9 The thickness of the wall of the side-chambers outward was five cubits, and the space which was left was the place of the side-chambers of the house.
၉ထရံအခန်းပြင်ဘက်၌ကာသော ထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
10 And between the rooms was the breadth of twenty cubits round about the house on every side.
၁၀အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
11 And the doors of the side-chambers were toward the space that was left, one door toward the north, and another door toward the south; and the breadth of the space that was left was five cubits round about.
၁၁ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
12 And the building which was before the separate place, at the side toward the west, was seventy cubits broad; and the wall of the building was five cubits thick round about, and the length thereof was ninety cubits.
၁၂လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
13 Then he measured the length of the house, a hundred cubits; and the length of the separate place and the building and the walls thereof, a hundred cubits.
၁၃ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
14 Also the breadth towards the front of the house and of the separate place toward the east was a hundred cubits.
၁၄အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
15 And he measured the length of the building before the separate place, and that which was behind it, and the galleries thereof on this side and on that side, a hundred cubits; and the inner temple, and the porches of the court,
၁၅လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
16 the thresholds, and the windows that were closed, and the galleries round about the three sides. Over against the threshold was a table of wood round about, from the ground to the windows, and the windows were covered with it;
၁၆အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
17 upon the space above every door, and upon the inner house, and without, and upon all the wall round about within and without, according to measure.
၁၇တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင် ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
18 And cherubs and palm-trees were made, one palm-tree between two cherubs, and every cherub had two faces;
၁၈ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊
19 and the face of a man was toward a palm-tree on one side, and the face of a lion toward a palm-tree on the other side. So was it made upon all the house round about.
၁၉စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။
20 From the ground to above the door were cherubs and palm-trees made, and on the wall of the temple.
၂၀ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။
21 The posts of the temple were four-square; and the front of the sanctuary had the same appearance.
၂၁ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
22 The altar was of wood, three cubits high, and two cubits long; and the corners thereof and the base thereof and the walls thereof were of wood. And he said to me, This is the table that standeth before Jehovah.
၂၂သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။
23 And the temple and the sanctuary had two doors.
၂၃ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
24 And the two doors had two leaves apiece, two turning leaves; two leaves for one door, and two leaves for the other door.
၂၄တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ၏။
25 And there were made on them, even on the doors of the temple, cherubs and palm-trees, such as were made upon the walls, and a wooden threshold was before the porch without.
၂၅ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
26 And at the closed windows were palm-trees on this side, and on that side, on the sides of the porch, and on the side-chambers of the house, and on the thresholds.
၂၆မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတ်တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။