< Ephesians 1 >

1 Paul, an apostle of Christ Jesus by the will of God, to the saints who are [[in Ephesus]], and believers in Christ Jesus:
ဘုရားသခင် ၏အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏တမန်တော် ဖြစ်သော ငါပေါလု သည် ဧဖက် မြို့၌ နေ သော သန့်ရှင်း သူတည်းဟူသောယေရှု ခရစ် ကိုယုံကြည် သောသူတို့ကို ကြားလိုက်ပါ၏။
2 Grace be to you, and peace, from God our Father, and the Lord Jesus Christ.
သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
3 Blessed be God, the Father of our Lord Jesus Christ, who blessed us with every spiritual blessing in the heavenly regions in Christ;
ငါ တို့သည်ဘုရားသခင့် ရှေ့ တော်၌ မေတ္တာ အားဖြင့် သန့်ရှင်း လျက်၊ အပြစ် ကင်းလွတ်လျက် ဖြစ် မည် အကြောင်း၊
4 according as he chose us in him, before the foundation of the world, that we should be holy and blameless before him;
ဤကမ္ဘာ မ တည် မရှိမှီငါ တို့ကိုခရစ်တော် ၌ ရွေးကောက် တော်မူသည်နှင့်အညီ ။ ကောင်းကင် ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်း သော ဓမ္မ မင်္ဂလာ တို့ကို ခရစ်တော် အားဖြင့် ငါ တို့အား ပေး သနားတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။
5 having in love predestinated us for himself to be adopted as sons through Jesus Christ, according to the good pleasure of his will,
ထို ဘုရားသခင် သည် ချစ် တော်မူသောသားတော်ကြောင့် ၊ ငါ တို့အား ပေး တော်မူသောကျေးဇူး တော်၏ ဘုန်း အသရေကိုချီးမွမ်း စေခြင်းငှာ ၊
6 to the praise of the glory of his grace, which he freely bestowed on us in the Beloved;
ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။
7 in whom we have the redemption through his blood, the forgiveness of our trespasses, according to the riches of his grace,
ခပ်သိမ်း သော သတိ ပညာ တော်နှင့် လျော် စွာငါ တို့၌ အတိုင်းထက်အလွန်များ လှစွာသော ကျေးဇူး တော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ ၊
8 which he made to abound toward us, in all wisdom and understanding;
ထိုသား တော်၏အသွေး အားဖြင့် အပြစ် လွှတ် တော်မူခြင်း တည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရ ကြ၏။
9 having made known to us the mystery of his will, according to his good pleasure which he purposed in himself
ဘုရားသခင် သည် နှလုံး သွင်းတော်မူသော စေတနာ တော်နှင့် လျော်သောအလို တော်၏ နက်နဲ သော အရာကို ငါ တို့အား ပြ တော်မူ၏။
10 in reference to the dispensation of the fullness of the times, to gather for himself into one all things in Christ, the things which are in the heavens, and the things on the earth; even in him,
၁၀ထိုနက်နဲသောအရာဟူမူကား၊ ကာလ အချိန်စေ့ စုံခြင်း၏ သာသနာ တွင် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှ တို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာစေတော်မူလိမ့်သတည်း။
11 in whom we also obtained the inheritance, being predestinated according to the purpose of him who worketh all things after the counsel of his own will,
၁၁မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။
12 that we should be to the praise of his glory, we who have before placed our hope in the Messiah;
၁၂အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။
13 in whom ye also, after having heard the word of truth, the glad tidings of your salvation, in whom, I say, having also believed, ye were sealed with the Holy Spirit that was promised,
၁၃သင် တို့သည်လည်း ကယ်တင် တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားတည်းဟူသောသမ္မာတရား ကိုကြားနာ ၍ ထိုခရစ်တော် ကို ယုံကြည် ပြီးမှ၊ ဂတိ တော်နှင့်ယှဉ်သော သန့်ရှင်း သော ဝိညာဉ် တော်၏ တံဆိပ် ခတ်ခြင်းကို ခံရကြပြီ။
14 which is a pledge of our inheritance until the redemption of the purchased possession, to the praise of his glory.
၁၄ပိုင်ထိုက် တော်မူသောသူ တို့သည် ဘုန်း တော်ကို ချီးမွမ်း ခြင်းအကြောင်း နှင့် ရွေးနှုတ် တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံးထိုဝိညာဉ်တော်သည် ငါ တို့ အမွေ ၏ စားရန် ဖြစ် တော်မူ၏။
15 For this cause I also, having heard of your faith in the Lord Jesus, and of your love to all the saints,
၁၅ထိုကြောင့် သင် တို့သည်သခင် ယေရှု ကို ယုံကြည် ခြင်းနှင့် သန့်ရှင်း သူအပေါင်း တို့ကို ချစ် ခြင်းအကြောင်း ကို ငါ သည်ကြား ပြီးလျှင်၊
16 do not cease to give thanks for you, making mention of you in my prayers;
၁၆သင်တို့ကိုအကြောင်းပြု၍ ကျေးဇူး တော်ကို အစဉ် မ ပြတ်ချီးမွမ်းလျက်၊ သင် တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက်နေ၏။
17 that the God of our Lord Jesus Christ, the Father of glory, would give to you the spirit of wisdom and revelation in the full knowledge of him;
၁၇ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊
18 the eyes of your mind being enlightened, that ye may know what is the hope belonging to his call of you, and what the riches of the glory of the inheritance which he hath given among the saints,
၁၈ခေါ် တော်မူသောကြောင့် မြော်လင့် ရသောအရာကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့ သည် ခံရသောအမွေ တော်၏ ဘုန်း စည်းစိမ် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊
19 and what the exceeding greatness of his power toward us who believe, according to the working of his mighty power,
၁၉ယုံကြည် သောငါ တို့၌ ပြတော်မူသော အလွန် ကြီးလှ စွာသော တန်ခိုး တော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင် တို့သည်သိ စေခြင်းငှာ၊ သင် တို့၏ ဉာဏ် မျက်စိ ကို လင်း စေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
20 which he wrought in Christ, when he raised him from the dead; and seated him at his own right hand in the heavenly regions,
၂၀ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
21 far above all rule, and authority, and power, and dominion, and every name that is named, not only in this world, but also in that which is to come; (aiōn g165)
၂၁ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊ (aiōn g165)
22 and put all things in subjection under his feet, and gave him to be head over all things to the church,
၂၂ခြေဘဝါး တော်အောက် သို့ အလုံးစုံ တို့ကို ချထား သဖြင့် ၊ အသင်းတော် ဘို့ အလိုငှာ၊ သူ့ ကိုအလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ် စေတော်မူ၏။
23 which is his body, the fullness of him who filleth all with all;
၂၃ထိုအသင်းတော်ကား၊ အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည့်စုံ တော်မူသောသူ ၏ပြည့်စုံ ခြင်းတည်းဟူသောခရစ်တော် ၏ကိုယ် ဖြစ် သတည်း။

< Ephesians 1 >